အစားအစာတွေကိုစားရင် ပူပူနွေးနွေးစားရတာကြိုက်လား။ အေးနေတာကိုကြိုက်လား။ ဒီမေးခွန်းလေးကို ဖတ်ကြည့်ပြီး ထွက်လာတဲ့အဖြေက ပူပူနွေးနွေးစားတာကိုမှ ကြိုက်ပါတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။
အစားအစာတွေကိုစားရင် ပူပူနွေးနွေးစားရတာကြိုက်လား။ အေးနေတာကိုကြိုက်လား။ ဒီမေးခွန်းလေးကို ဖတ်ကြည့်ပြီး ထွက်လာတဲ့အဖြေက ပူပူနွေးနွေးစားတာကိုမှ ကြိုက်ပါတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။

အစားအစာကိုပူပူနွေးနွေးစားတာက ကျန်းမာရေးအတွက်ကောင်းတယ်လို့ ရှေးယခင်ကာလတွေကတည်းက လက်ခံထားခဲ့ကြတာပါ။ အစားအစာတွေကို ပူပူနွေးနွေးစားတာက အရသာတင်တိုးစေတာမဟုတ်ဘဲခုလိုလည်း အကျိုးကျေးဇူးတွေရရှိနိုင်ပါသေးတယ်။
ပူနွေးတဲ့ အစားအစာတွေက အစာကြေလွယ်စေပြီး ခန္ဓာကိုယ်အတွက်လည်း အာဟာရတွေကိုတော်တော်လေးထောက်ပံ့ပေးနိုင်ပါတယ်။ အစားအစာတွေကိုချက်ပြုတ်ပြီး ပူပူနွေးနွေးစားသုံးမှုက အာဟာရပြည့်ဝစေပြီး ချေဖျက်ရလည်း လွယ်ကူတာကြောင့် အစာမကြေတာ ရင်ပြည့်တာတွေမဖြစ်အောင် အထိရောက်ဆုံး ကာကွယ်နိုင်ပါတယ်။
ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေနိုင်တယ်
အေးနေတဲ့အစားအစာတွေက အစာခြေစနစ်ကို ဝန်ပိစေပြီး ဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးစေနိုင်ပါတယ်။ ကိုယ်အလေးချိန်ကျအောင်လုပ်ဆောင်မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဝိတ်ချနေတယ်ဆိုရင်တော့ အစားစအာတွေကို ပူပူနွေးနွေးစားပေးပါ။ ပူနွေးနေတဲ့ အစားအစာတွေက အေးစက်နေတဲ့ အစားအစာတွေထက် စိတ်ကျေနပ်မှုပိုရစေနိုင်ပြီး အစားစားပြီးချိန်မှာလည်း ပျော်ရွှင်မှုကို ခံစားရစေနိုင်ပါတယ်။
အရသာပိုပြည့်စုံစေတယ်
လေ့လာမှုတွေအရ အစားအစာတွေကိုချက်ပြုတ်လိုက်တဲ့အခါ အာဟာရတွေတင်တိုးသွားစေတာမဟုတ်ဘဲ အရသာကိုလည်း ပြည့်စုံသွားစေနိုင်ပါတယ်။ စားလိုက်တဲ့အချိန်တိုင်းမှာ ပြည့်စုံတဲ့အရသာက စိတ်ကျေနပ်မှုကိုအပြည့်အဝရရှိစေပြီး ပျော်ရွှင်မှုကိုပါခံစားရစေမှာပါ။
ဓာတ်မတည့်မှုဖြစ်နိုင်ခြေ နည်းစေတယ်
အစးအစာတွေကို ချက်ပြုတ်လိုက်တဲ့အခါ ဓာတ်မတည့်မှုဖြစ်နိုင်ခြေကို သိသိသာသာလျော့ပကျသွားစေနိုင်တာပါ။ ကလေးငယ်တွေမှာဆိုရင် ပဲပိစပ်၊ ဂျုံ၊ နို့၊ ဥအမျိုး၊ အခွံမာရေသတ္တဝါတွေ လိုမျိုး ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့အရာတွေကို ချက်ပြုတ်ကျွေးမွေးပေးတာက ဓာတ်မတည့်မှုဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။
ကျန်းမာရေးအတွက် အထောက်အကူပြုပေးတယ်
အစားအစာတွေကို ချက်ပြုတ်စားသောက်တာက အာဟာရကိုပြည့်ဝလုံလောက်စွာရရှိစေနိုင်သလို ဖျားနာမှုကင်းစေပြီး ရောဂါပိုးတွေ ကူးစက်ခံရမှုကနေလည်း ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပါတယ်။ နာတာရှည်ရောဂါခံစားနေရသူတွေအနေနဲ့လည်း ထမင်းပူပူဟင်းပူပူစားပေးတာက ကျန်းမာရေးအတွက် တော်တော်လေး အထောက်အကူဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်ကို ရောဂါပိုးတွေ အန္တရာယ်ကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။
ဒါကြောင့် ဖြစ်နိုင်ရင် ထမင်းဟင်းကို ပူပူနွေးနွေးစားစေချင်ပါတယ်။ ဒါကြောင့် အမြဲမဟုတ်ရင်တောင် အတတ်နိုင်ဆုံး ထမင်းဟင်းကို ပူပူနွေးနွေးစားဖို့ ပြောပါရစေနော်။ အစားတစ်ခုခုစားတိုင်း ပူပူနွေးနွေးလေးစားပေးတာက အရသာတိုးစေသလို ကျန်းမာရေးကိုလည်း အထောက်အကူပြုပေးနိုင်တာကြောင့် မိသားစုထမင်းဝိုင်းလေးကို ပူပူနွးနွေးပြင်ဆင်ပြီး စားပေးဖို့ ပြောပါရစေနော်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။