brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဗီတာမင် PP ကြွယ်ဝတဲ့ အစားအစာတွေက ဘာတွေလဲ။

ဗီတာမင် B3၊ Niacin ရယ်လို့ လူတိုင်း သိထားတဲ့ ဗီတာမင်ရဲ့ နောက်ထပ် နာမည်တစ်ခုက ဗီတာမင် PP ပါ။ ခန္ဓာကိုယ်အတွက် ဇီဝကမ္မဖြစ်စဉ်တွေ ကောင်းမွန်စေဖို့ လုပ်ဆောင်ပေးသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်း အနေနဲ့ ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေ အန္တရာယ်ကနေ ကာကွယ်ပေးနေတာပါ။

ဗီတာမင် PP ကြွယ်ဝတဲ့ အစားအစာတွေက ဘာတွေလဲ။

ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရတစ်ခု ဖြစ်ပြီး ခန္ဓာကိုယ်က မထုတ်လုပ်နိုင်တာကြောင့် အစားအစာကနေတဆင့် မှီဝဲ ဖြည့်တင်းဖို့ လိုပါမယ်။ ဒီတော့ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင် PP ပြည့်ဝစေဖို့ ဘာတွေ စားရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖော်ပြပေးသွားပါမယ်။

ဗီတာမင် PP ပြည့်ဝစေဖို့ ဘာတွေ စားရပါ့

ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင် PP ပြည့်ဝစေဖို့အတွက် ဆိုရင်တော့

အသည်း

အသည်းက niacin ကြွယ်ဝတဲ့ အစားအစာ တစ်ခုပါ။ ဝမ်းတွင်းကလီစာတွေ မစားဘူးဆိုပေမယ့် niacin ပြည့်ဝဖို့ကတော့ အသည်းကို အနည်းအကျဉ်း စားပေးဖို့ လိုပါမယ်။

ကြက်ရင်အုံသား

ကြက်ရင်အုံသားက အဆီမပါတဲ့ ပရိုတင်းနဲ့ niacin ပြည့်ဝစွာ ပါဝင်တဲ့ အစားအစာ တစ်မျိုးပေါ့။ ကြက်ပေါင်မှာတောင် niacin က ရင်အုံမှာပါတဲ့ ပမာဏရဲ့ ထက်ဝက်လောက်ပဲ ပါတာပါ။ အရေခွံ မပါဖို့တော့ သတိရပါနော်။

တူနာ

တူနာက အသားမစားသူတွေအတွက် niacin ရနိုင်တဲ့ အရင်းအမြစ်ပါ။ တူနာငါးမှာ niacin အပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေ ဖြစ်ကြတဲ့ ပရိုတင်း၊ ဗီတာမင် B6၊ ဗီတာမင် B12၊ selenium နဲ့ omega-3 fatty acidsတို့ ပါဝင်နေပါတယ်။

ဆယ်လ်မွန်

ဆယ်လ်မွန်မှာ နှလုံးရောဂါ နဲ့ autoimmune disorders ဖြစ်နိုင်ခြေကို လျော့ချပေးတဲ့ omega-3 fatty acidsပါဝင်သလို အာရုံကြော စနစ်ကို ကျန်းမာစေပြီး ဇီဝကမ္မဖြစ်စဉ်တွေကို အကောင်းဆုံး လည်ပတ်နိုင်စေဖို့ ထောက်ပံ့ပေးတဲ့ niacin လည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။

ဝက်လိုင်းသား

အဆီမပါတဲ့ ဝက်သား လိုင်းသားက ပရိုတင်း ပါဝင်သလို ခန္ဓာကိုယ် ကျန်းမာသန်စွမ်းစေဖို့ လိုအပ်တဲ့ niacin လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။

အမဲ မိုးခိုသား

သံဓာတ် အားဖြည့်ပေးသလို ပရိုတင်း ပါဝင်မှုလည်း မနည်းတဲ့ အမဲသားကလည်း niacin ပြည့်ဝတဲ့ အစားအစာ တစ်ခုပါ။

မြေပဲ

မြေပဲက ဓာတ်မတည့်မှု များပေးမယ့် ကျန်းမာရေး အကျိုးကျေးဇူး မသေးပါဘူး။ မြေပဲမှာ niacin နဲ့အတူ ပရိုတင်း၊ monounsaturated fats၊ ဗီတာမင် E၊ ဗီတာမင် B6၊ မဂ္ဂနီဆီယမ်၊ phosphorus နဲ့ manganese တို့ ပါဝင်နေပါတယ်။

ထောပတ်သီး

ထောပတ်သီးမှာ အမျှင်ဓာတ်၊ ကျန်းမာရေးကို အကျိုးပြုတဲ့အဆီတွေ၊ niacin တို့ ပါဝင်သလို ပိုတက်ဆီယမ် ပါဝင်မှုကလည်း ငှက်ပျောသီးထက် ပိုပါတယ်။

ဒါတွေအပြင်

  • ဆန်လုံးညို
  • အုတ်ဂျုံ
  • မှို
  • ပဲစိမ်းတောင့်
  • အာလူးတို့မှာလည်း niacin ပါဝင်နေလို့ နေ့စဉ် စားသုံးမှုမှာ ထည့်သွင်း စားသုံးသင့်ပါတယ်။
Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။