စိတ်ကူးယဉ်ဆန်တဲ့ သဘာဝအလှတရားကို ခံစားနိုင်မယ့် မိုးရာသီလေး ရောက်လာပါပြီ။ ဒီရာသီလေးကို ကျန်းကျန်းမာမာဖြတ်သန်းပြီး ပျော်ရွှင်စရာကောင်းတဲ့အချိန်လေးတွေ ပိုင်ဆိုင်နိုင်စေဖို့ မုတ်သုံမှာ ကျန်းမာအောင် ဘာတွေစားပေးသင့်လဲဆိုတာ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။
ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်တာကြောင့် ကြက်သွန်ဖြူလေးတွေက ကိုယ်ခံအားကိုကောင်းပြီး အစာခြေစနစ်ကို ကျန်းမာစေနိုင်သလို ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ မိုးတွင်းမှာ ဘာစားစား ကြက်သွန်ဖြူလေးထည့်စားပေးတာ အအေးမိ၊ ဖျားနာကင်းစေမယ့် နည်းလမ်းတစ်ခုပါ။
ချင်းက စိတ်ခံစားမှုကိုကောင်းစေသလို ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။ ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေနိုင်ပြီး ဖျားနာမှုကင်းစေမယ့်အစားအစာတစ်ခုပါ။ မိုးရာသီရဲ့ မနက်ခင်းတိုင်းမှာ ရေနွေးပူပူတစ်ခွက်ထဲကို ချင်း တစ်ပြားလောက်ထည့်၊ ပျားရည်နည်းနည်း၊ သံပုရာရည်နည်းနည်းနဲ့ ရောစပ်လို့သောက်ပေးပါ။
ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေ ပါဝင်နေတာကြောင့် အဖျားကင်းစေပြီး ခန္ဓာကိုယ်ကို ကျန်းမာနေစေမှာပါ။ တစ်ပတ်ကို တစ်ကြိမ်လောက် သစ်တော်သီးကြွပ်ကြွပ်လေးကို အရသာရှိရှိလေးစားပေးပါ။
ဟင်းချက်တိုင်းမှာ ပါတတ်တဲ့ ဝါဝါရောင်အမှုန့်လေးတွေက မုတ်သုံမိုးကြောင့် ဖျားနာမှုတွေကို ကင်းစေနိုင်ပါတယ်။ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ပေးနိုင်ပြီး ကိုယ်ခံအားကို ကောင်းစေနိုင်ပါတယ်။ နို့တစ်ခွက်စာထဲကို ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဝက်စာ၊ နနွင်းမှုန့်နည်းနည်းတို့ ထည့်ဖျော်ပြီးသောက်ပေးပါ။
ဟင်းရည်ထဲထည့်စားရင် ပူပူစပ်စပ်အရသာရှိပြီး အနံ့မွှေးမွှေးလေးကို ပိုင်ဆိုင်ထားတဲ့ ငရုပ်ကောင်းက မုတ်သုံမှာ ဖြစ်တတ်တဲ့ အအေးမိဖျားနာ၊ ချောင်းဆိုးတာ၊ နှာစေးတာတွေကို အကောင်းဆုံးကာကွယ်ပေးပါတယ်။ ဟင်းခါးပူပူလေးကို ငရုပ်ကောင်းခတ်လို့ မုတ်သုံမှာအနွေးဓာတ်လေးယူလိုက်ပါ။
ကြွပ်ကြွပ်ရွရွနဲ့ စားရတာ အရသာရှိတဲ့ အခွံညိုညိုလေးနဲ့ အယ်လ်မွန်စေ့က အဆီပါဝင်မှုနည်းပြီး ပရိုတင်းပါဝင်မှုများတာကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုပေးပါတယ်။ ဝမ်းမီးကောင်းစေပြီး အစာခြေစနစ်ကို ကျန်းမာစေတာကြောင့် ခန္ဓာကိုယ်ကို ရောဂါတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ မုတ်သုံမှာကျန်းမာစေဖို့ အဆာပြေ အယ်လ်မွန်စေ့လေး ဝါးစားပေးလို့အဆင်ပြေပါတယ်။
တစ်နေ့ကို ပန်းသီးတစ်လုံးစားတာက ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်ပါတယ်။ ပန်းသီးမှာ ရောဂါပိုးတွေကို ကာကွယ်ပေးနိုင်တဲ့ ဓာတ်တွေပါဝင်နေတာကြောင့် မိုးတွင်းမှာ အဖျားကင်းလို့ ကျန်းမာချင်တယ်ဆိုရင်မေ့ထားလို့ မဖြစ်ပါဘူး။
အနီရောင်စိုစိုလေးနဲ့ စားလို့ကောင်းတဲ့ သလဲသီးက ဗီတာမင် စီ ကြွယ်ဝစွာပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေနိုင်ပါတယ်။ အစာခြေစနစ်ကို ကျန်းမာသန့်စင်စေနိုင်ပြီး ခန္ဓာကိုယ်ကို အဖျားရောဂါအမျိုးမျိုးကနေ ကာကွယ်ပေးပါတယ်။
ခန္ဓာကိုယ်ကျန်းမာဖို့ဆိုရင် လုံးဝမေ့ထားလို့မဖြစ်ပါဘူး။ ရာသီဥတုအေးနေတာကြောင့် ရေမသောက်မိတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိုးတွေရွာနေလည်း လုံလောက်တဲ့ ရေပမာဏကို သောက်သုံးလို့ မုတ်သုံမှာ ကျန်းမာအောင်နေပေးပါ။