backup og meta

ရေဓာတ် များများပြည့်ဝစေနိုင်မယ့် နည်းလမ်းများ

ရေဓာတ် ကို ဘာကြောင့် သင်လိုအပ်သလဲ

လူ့ခန္ဓာကိုယ်ရဲ့ (၆၀)ရာခိုင်နှုန်းကို ရေဓာတ် နဲ့ ဖွဲ့စည်းထားပါတယ်။ ရေဟာ သင့်ခန္ဓာကိုယ်အတွက် အလွန့်အလွန်ကို အရေးကြီးပါတယ်။ တစ်နေ့ကို ဖန်ခွက်(၈)ခွက် ကနေ (၁၀)ခွက်အထိ သင့်ခန္ဓာကိုယ်က လိုအပ်သလို သောက်သုံးပေးသင့်ပါတယ်။

ရေဓာတ် များများပြည့်ဝစေနိုင်မယ့် နည်းလမ်းများ

ဘာကြောင့် ဒီလောက် သောက်သင့်သလဲ။ ဒါကတော့ရှင်းပါတယ်။ ရေဓာတ် မပြည့်ဝတဲ့အခါ မောပန်းလွယ်မယ်။ မလန်းဆန်းတော့ဘူး။  အာခြောက်လာမယ်။ အိပ်ရေးမဝတော့ဘူးစတဲ့ အဖြစ်တွေ ဖြစ်လာနိုင်ပါတယ်။ တစ်နေ့ကို သတ်မှတ်ထားတဲ့ ရေပမာဏအတိုင်း သောက်ဖြစ်ဖို့မလွယ်ပါဘူး။ အလွန်ပျင်းစရာကောင်းသလို အလုပ်ပိုတစ်ခုလို လည်းဖြစ်နိုင်ပါသေးတယ်။  အောက်မှာပြောပြမယ့် နည်းလမ်းတွေကတော့ ဒီပြဿနာကိုဖြေရှင်းလို့ရနိုင် တဲ့အရာတွေပါ။

(၁)  သင်ကြိုက်နှစ်သက်တဲ့ အရသာတစ်မျိုးထည့်လိုက်ပါ။

ဥပမာ သခွားသီး၊ စတော်ဘယ်ရီသီး၊ ချင်း နဲ့ လီမွန်ရည်တစ်စက်နှစ်စက် စသည်ဖြင့် ထည့်လိုက်ခြင်းဟာ သင့်အတွက်သောက်ချင်စဖွယ် အရသာလေးဖြစ်လာစေမှာပါ။ အသီးဖျော်ရည်မဟုတ်ဘဲ အသီးကို အလုံးလိုက်အရသာ အနည်းငယ်ပါအောင် ထည့်လိုက်တာကို ဆိုလိုတာပါ။

(၂)   အစပ်ထည့်ထည့်စားပါ။

သင့်ရဲ့အစားအစာထဲကို အစပ်အနည်းငယ်ထည့်စားတာဟာ သင့်ကို ရေပိုဆာစေနိုင်ပါတယ်။ ရေဆာလာတဲ့အခါ သင်ရေများများသောက်လာစေမှာပါ။ သင်ဟာ အပူအစပ်မစားနိုင်တဲ့ သူဆိုရင်တော့ ဒီအချက်ကို ကျော်လိုက်ပါနော်။

(၃)    ပုံမှန်လုပ်ရိုးလုပ်စဉ်အဖြစ်သတ်မှတ်လိုက်ပါ။   

မနက်အိပ်ရာနိုးနိုးချင်း၊ ညအိပ်ရာမဝင်ခင်၊ အစား မစားခင်၊ အစားစားပြီး၊ လေ့ကျင့်ခန်းမလုပ်ခင်၊ လေ့ကျင့်ခန်းလုပ်ပြီးချိန် စသဖြင့် သင်တစ်ခုခု မလုပ်ခင်နဲ့ လုပ်အပြီးမှာ ရေတစ်ဖန်ခွက် ပုံမှန်သောက်တာမျိုးကို အကျင့်လုပ်လိုက်ပါ။

(၄)    ရေဘူးကြီးကြီးသုံးပါ။  

ရေဘူးကြီးကြီးထဲက ရေအများကြီးကို သင်မြင်နေရတာဟာ သင့်ကို ရေသောက်ချင်လာအောင်လှုံ့ဆော်ပေးနိုင်ပါတယ်။

(၅)   Water application သုံးပါ။

ရေသောက်ဖို့ Reminder သတိပေးချက်သဘောမျိုး ဖုန်းထဲမှာ Alarm ပေးထားလိုက်ပါ။ သင့်အလုပ်ရှုပ်နေတဲ့အခါမျိုးမှာ ရေကိုမသောက်မိဘဲ နေပါလိမ့်မယ်။ Alarm ထမြည်လာတဲ့အခါ ရေသောက်မိမှာပါ။

(၇)    ရေဓာတ်ပြည့်ဝတဲ့ အသီးတွေကို စားပေးပါ။ 

သခွားသီး၊ ခရမ်းချဉ်သီးနဲ့ ဖရဲသီးတွေမှာ ရေဓာတ် ပြည့်ဝစွာ ပါဝင်ပါတယ်။ ဒီလိုအရသာလည်းရှိတဲ့ အသီးအနှံတွေကို စားပေးမယ်ဆိုရင် သင့်ခန္ဓာကိုယ်အတွက် ရေဓာတ်အလိုလိုဖြည့်ပြီးသားဖြစ်သွားမှာပါ။

(၈)    ရေဆာရင် ရေပဲသောက်ပါ။

ရေဆာလာတဲ့အခါ အချိုရည်တွေမသောက်လိုက်ပါနဲ့။ ရေတစ်ခုတည်းကိုပဲ ဦးတည်ပြီးသောက်လိုက်ပါ။ ရေဆာပြေသွားနိုင်တဲ့အပြင် သင့်အတွက်လည်း အလွန် အကျိုးရှိပါတယ်။

ရေးသားသူ – ဒေါက်တာမှူး

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.medicinenet.com/what_is_the_quickest_way_to_rehydrate_your_body/article.htm

https://www.scripps.org/news_items/6630-6-simple-ways-to-stay-hydrated

ယခုပုံစံ

26/08/2022

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အစာစားပြီးချိန်မှာ ရေသောက်သင့်သလား

ကိုယ့်ကိုယ်ကို ရေသောက်ဖို့ ဘယ်လိုသတိပေးမလဲ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ