backup og meta

ခေါင်းကိုက်နေရင် ဘာတွေ သောက်မလဲ။

ခေါင်းကိုက် လိုက်တာ။ ဘာမှကို အာရုံစိုက် မရဘူးဆိုပြီး စိတ်ညစ်နေပြီလား……… ဒါဆိုရင်တော့ စိတ်ညစ်မနေပါနဲ့တော့။ အခုပြောပြမယ့် သောက်စရာလေးတွေကို သောက်ပြီး ခေါင်းကိုက်တာကို ခပ်ဝေးဝေး မောင်းထုတ်လိုက်ကြစို့လား………..

ခေါင်းကိုက်နေရင် ဘာတွေ သောက်မလဲ။

ခေါင်းကိုက် သက်သာစေဖို့ ဘာတွေ သောက်မလဲ………

ခေါင်းကိုက်နေတာကြောင့် စိတ်လက်ပင်ပန်းတာမျိုး မဖြစ်စေဖို့

ရေသောက်ပါ

ခေါင်းကိုက်ခြင်း အများစုက ရေဓာတ် လျော့နည်းတာကြောင့်ပါ။ ဒါကြောင့် ခေါင်းကိုက်လာရင် အရင်ဆုံး ရေ တစ်ခွက် သောက်ပါ။ ရေသောက်တာက ဦးနှောက်ဆီ သွေးနဲ့ အောက်ဆီဂျင် စီးဆင်းရောက်ရှိမှု ကောင်းစေပြီး ခေါင်းကိုက်တာကို သက်သာစေမှာပါ။

ရေသောက်တယ်ဆိုတဲ့နေရာမှာ ရိုးရိုးရေ နဲ့ ရေနွေးနွေးလေးကိုပဲ သောက်ပေးပါ။ ရေခဲရေက အခန့်မသင့်ရင် ခေါင်းကိုက်တာကို ပိုဆိုးစေနိုင်ပါတယ်။

အယ်လ်မွန်နို့

အယ်လ်မွန်နို့မှာ မဂ္ဂနီဆီယမ် နဲ့ ခေါင်းကိုက်တာကို သက်သာစေမယ့် အခြားသော သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။ အယ်လ်မွန်နို့ တစ်ခွက် သောက်တာက အကိုက်အခဲပျောက်ဆေး သောက်သလိုပဲ ခေါင်းကိုက်တာကို သိသိသာသာ သက်သာစေမှာပါ။

အယ်လ်မွန်နို့က သဘာဝ အကိုက်အခဲပျောက်ဆေးဆိုလည်း မမှားပါဘူး။ ဒါကြောင့် ခေါင်းကိုက်လာရင် အယ်လ်မွန်နို့ သောက်ပေးလို့ ရပါတယ်။

ငါးကြီးဆီ

ငါးကြီးဆီမှာ ဦးနှောက်ထဲက သွေးကြောတွေရဲ့ ဖိအားကို လျှော့ချပေးနိုင်တဲ့ အာနိသင်ရှိတဲ့  omega-3 fatty acids ပါဝင်နေပါတယ်။ ဦးနှောက်ဆီ သွေး နဲ့ အောက်ဆီဂျင် စီးဆင်းရောက်ရှိမှု ကောင်းစေပြီး ခေါင်းကိုက်တာကို သက်သာစေမှာပါ။

လီမွန်တီး

မနက်ခင်းတိုင်း ခန္ဓာကိုယ်က အဆိပ်အတောက်တွေ ဖယ်ရှားဖို့ဆိုပြီး သောက်လေ့ရှိတဲ့ လီမွန်တီးက ခေါင်းကိုက်တာကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်လာရင် သံပုရာသီးကို အရွယ်တော် အကွင်းလိုက် လှီးပြီး ရေနွေးပူပူထဲ ၁၅ မိနစ် စိမ်လို့ သောက်လိုက်ပါ။

ချင်း(ဂျင်း) လက်ဖက်ရည်

ဂျင်း (ချင်း) က သွေးကြောတွေကို ပြေလျော့စေပြီး ဦးနှောက်ဆီ သွေးစီးဆင်းမှု ကောင်းစေသလို ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်တဲ့အခါ ရေနွေး ဆူဆူထဲကို ချင်း (ဂျင်း) လက်တစ်ဆစ်လောက်ကို ထည့်စိမ်ပြီး ၁၅ မိနစ်လောက် ထားလို့ သောက်လိုက်ပါ။

ခရမ်းချဉ်သီး ဖျော်ရည်

ခရမ်းချဉ်သီးမှာ ခေါင်းကိုက်တာကို သက်သာစေနိုင်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။ ခေါင်းကိုက်တဲ့အခါ ခရမ်းချဉ်သီး ဖျော်ရည် သောက်ပေးတာကလည်း နည်းလမ်းကောင်း တစ်ခုပါ။

အသောက်များလို့ ခေါင်းကိုက်တာကို သက်သာစေဖို့လည်း ခရမ်းချဉ်သီး ဖျော်ရည် သောက်ပေးလို့ ရပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

11 Drinks That Will Cure Your Headache https://www.thedailymeal.com/drink/11-drinks-will-cure-your-headache Accessed Date 9 September 2020

What to Drink for a Headache https://www.verywellhealth.com/what-to-drink-for-a-headache-1719869 Accessed Date 9 September 2020

ယခုပုံစံ

11/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နေပူထဲသွားတိုင်း ခေါင်းကိုက်နေပြီလား

မကြာခဏ ခေါင်းကိုက်တတ်သူ တစ်ယောက်အတွက် အသုံးဝင်နိုင်မယ့် နည်းလမ်းများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ