လူခန္ဓါကိုယ်သာမကလူ့ဦးနှောက်သည် ပုံမှန် အလုပ်လုပ်နိုင်ရန် ရေလိုအပ်သည်။ သို့သော် သင်တွေ့သမျှ အချိုရည်တိုင်းကိုသောက်နိုင်သလား။ အဖြေက နိုးပါ။ အောက်ပါဆောင်းပါးက ဖျော်ရည်ရွေးချယ်မှုကိုပိုအဆင်ပြေစေနိုင်သည်။
လူခန္ဓါကိုယ်သာမကလူ့ဦးနှောက်သည် ပုံမှန် အလုပ်လုပ်နိုင်ရန် ရေလိုအပ်သည်။ သို့သော် သင်တွေ့သမျှ အချိုရည်တိုင်းကိုသောက်နိုင်သလား။ အဖြေက နိုးပါ။ အောက်ပါဆောင်းပါးက ဖျော်ရည်ရွေးချယ်မှုကိုပိုအဆင်ပြေစေနိုင်သည်။

သိသာစွာ ရေကအကောင်းဆုံးရွေးချယ်သင့်သောအရာဖြစ်သည်။ အခြားသော ဖျော်ရည်များတွင် ဂက်စ်၊ သကြား၊ ဓါတုဗေဒဆေးဝါးများနှင့် အကုန်ပါနိုင်သည်။။ ထိုအဖျော်ရည်များသောက်ခြင်းက ဆီးချိုနှင့်သွေးတွင်းအချိုဓါတ်များခြင်းကိုပိုဖြစ်စေနိုင်သည်။
ရေက အလွန်အဆင်ပြေပြီး ဒိတ်ကုန်ရက်ကဝေးသည်။ ပြန်လည်အသုံးပြုနိုင်အောင်လုပ်ထားသော ပုလင်းရှိရေက သယ်ရလွယ်ခြင်းသာမက ပတ်ဝန်းကျင်အတွက်ပါကောင်းသည်။
သင်ရေငတ်မှုအပေါ်မူတည်ပြီးသောက်နိုင်သည်။ တစ်ယောက်နှုင့်တစ်ယောက်လိုအပ်ချက်မတူနိုင်ပါ။ သို့သော် တစ်နေ့ ၁ လီတာ မှ၂ လီတာအနည်းဆုံးသောက်တာသေချာပါစေ။ ထိုအပြင် ရာသီဥတုပူပါက ပိုသောက်နိုင်သည်။
အခြားအချိုရည်များက ကယ်လိုရီတက်စေရုံမျှမက ပိုက်ဆံလဲပိုကုန်သည်။ ရေပိုက်မှရသော သို့မဟုတ် ကျိုချက်ထားသောရေသောက်ခြင်းက ပိုသက်သာရုံမျှမက ပိုကျန်းမာစေသည်။
အချိုရည်တွင် ကယ်လိုရီအများပါသည်ထိုကြောင့်ရေသောက်ခြင်းက ကယ်လိုရီပမာဏကိုလျော့ကျစေသည်။
ရေနှင့် အဆီနည်းသော အဆီမရှိသော နို့ထွက်ပစ္စည်းများကိုလည်းသောက်နိုင်သည်။ ပုလင်းထဲထည့်ပြီး အလုပ်၊ ကျောင်း သို့မဟုတ် သင့်မိသားစုလိုသလိုယူဆောင်ပြီး သောက်သုံးနိုင်သည်။
ယခုအခါ နည်းပညာတိုးတက်မှုကြောင့် အချိုရည် တစ်ခုနှင့်တစ်ခုတွင်ပါဝင်သော ကယ်လိုရီပမာဏကိုအလွယ်တကူသိနိုင်သည်။
ရေခဲသေတ္တာထဲနို့ကိုထည့်သိမ်းပါ။ အဆီနည်းသော အဆီမပါသော ပဲနို့မျိုးကိုရွေးချယ်နိုင်သည်။ ဗီတာမင်ဒီ ကယ်စီယမ် ဇင့်နှင့် ပိုတက်စီယမ်များစွာပါဝင်သည်။ သို့သော် အချိုသောနို့ကကျန်းမာရေးအတွက်မကောင်းနိုင်ပါ။ ထိုကြောင့် မလိုအပ်သောကယ်လိုရီမပါသော နို့ထွက်ပစ္စည်းကိုစဉ်းစားရွေးချယ်သင့်သည်။
ရေသောက်ပြီး အချိုရည်နည်းနည်းသောက်လိုပါက သင်သောက်နိုင်သည်။ သို့သော် နည်းနည်းစီဖြတ်ရန်လိုအပ်သည်။ သေချာရန် ပုလင်းအရွယ်အစား ခွက် ကယ်လိုရီပမာဏကိုသေချာရွေးချယ်ပါ။
သင်ကျန်းမာရေး နှင့် ခန္ဓါကိုယ်အတွက်သကြားဓါတ်နည်းသော ပြည့်ဝဆီမပါသော ဆိုဒီယမ်၊ ကယ်လိုရီနည်းသော အစာများကိုရွေးချယ်ပါ။ ပါဝင်ပစ္စည်းအားလုံးကဗူးခွံတွင်ပါသောကြောင့် မဝယ်ခင်သေချာဖတ်ရန်လိုအပ်သည်။
အထက်တွင်ဖော်ပြထားသော အချက်ဆယ်ချက်ကိုစိတ်ထဲထားခြင်းဖြင့် ဖျော်ရည်ကိုကောင်းစွာရွေးချယ်နိုင်သည်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။