ဆောင်းရာသီက အေးအေးလေးနဲ့ ပတ်ဝန်းကျင်က ခြောက်သွေ့ သန့်ရှင်းနေပေမယ့် အေးလွန်းတာက ဗိုင်းရပ်စ်တွေရဲ့ သက်တမ်းကို ရှည်စေပြီး ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို ဖြစ်တာကို ကာကွယ်ဖို့ ဘယ်လို လုပ်ရမလဲဆိုပြီး စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ ဆောင်းရာသီမှာ ကျန်းမာစေဖို့ စားပေးသင့်တဲ့ အသီးအနှံတွေ အကြောင်း ပြောပြပေးမှာဖြစ်လို့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။
ဆောင်းရာသီမှာ ကျန်းမာစေဖို့ စားပေးသင့်တဲ့ အသီးအနှံတွေ က ဘာတွေများဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား။
သစ်တော်သီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အစာခြေစနစ်ထဲက အကျိုးပြု ဘက်တီးရီးယားတွေကို ကျန်းမာစေပြီး အာဟာရ လုံလောက်ပြည့်ဝစွာ ရရှိစေတာကြောင့် ကိုယ်ခံအား ကောင်းစေပါတယ်။ အမျှင်ဓာတ် ကြွယ်ဝမှုက ကိုယ်ခံအားဆဲလ်တွေကို အားဖြည့်ပေးပါတယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းပေးပြီး အလွန်အကျွံ မစားမိစေဖို့လည်း ထောက်ကူပေးပါတယ်။
နာနတ်သီးမှာ အခြား အချဉ်ဓာတ်ရှိတဲ့ အသီးတွေလိုပဲ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အရောင်ကျစေနိုင်သလို ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အာရုံကြောတွေနဲ့ အစာခြေစနစ်ကို ကျန်းမာစေနိုင်သလို ကိုယ်ခံအား ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဆောင်းရာသီမှာ ကျန်းမာစေဖို့ စားပေးသင့်ပါတယ်။

ဗီတာမင် C ကြွယ်ဝတဲ့ လိမ္မော်သီးက အမျှင်ဓာတ်လည်း ကြွယ်ဝစေပြီး ကိုယ်ခံအား ကောင်းစေသလို ဆောင်းရာသီ အအေးကြောင့် ဖျားနာတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။