brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

နွေပူပူမှာ သောက်ပေးသင့်တဲ့ ဖျော်ရည်လေးတွေ

ဟူး…… ပူလိုက်တာနော်။ အေးအေးလေးတစ်ခုလောက် သောက်ချင်တယ်။ အချိုရည်တွေလည်း မသောက်ချင်ဘူး။ သောက်လိုက်ရင် ရင်ထဲအေးသွားပြီး ခံတွင်းရှင်းစေတဲ့ ချိုချိုအေးအေးလေး သောက်ချင်တယ်ဆိုတဲ့ Hello ဆရာဝန်ပရိသတ်ကြီးများရှိလား။ ဒါဆိုရင်တော့ နွေပူပူမှာ ကျန်းမာရေးအတွက်လည်းအထောက်အကူပြု အရသာလည်းရှိတဲ့ ဖျော်ရည်လေးတွေ အကြောင်း ပြောပြမယ်နော်။

နွေပူပူမှာ သောက်ပေးသင့်တဲ့ ဖျော်ရည်လေးတွေ

နွေရာသီမှာ ရင်အေးစေမယ့် သဘာဝ ဖျော်ရည်လေးတွေ

သွေးတိုးကျစေနိုင်သလို အမောလည်းပြေစေပါတယ်။ နွေအပူကြောင့် ခေါင်းမူးခေါင်းကိုက်ဖြစ်တာကိုပါ သက်သာစေမှာပါ။ သံပရာသီးစစ်စစ်လေးကို သကြား၊ဆား၊ သောက်ရေအေးအေးလေးနဲ့ ဖျော်လိုက်ရုံပါ။ ဗီတာမင် စီ ပါဝင်တာကြောင့် ကိုယ်ခံအားကောင်းစေမှာပါနော်။

နွေရာသီနဲ့ အသင့်တော်ဆုံး ဖျော်ရည်လေးတစ်ခုပေါ့။ ကိုယ်တွင်းအဆိပ်အတောက်တွေကိုတောင် ဖယ်ရှားပေးနိုင်ပါသေးတယ်နော်။ ဒါကြောင့် ဖရဲသီးကို ကြိတ်ခြေပြီး အေးအေးလေးသောက်ပေးနော်။ ဆီးချိုရှိသူတွေအတွက်လည်း သင့်တော်တဲ့ ဖျော်ရည်လေး တစ်ခုပါ။ ဆီးချိုရှိတယ်ဆိုရင်တော့ အချိုလျှော့ပေါ့နော်။

သရက်သီးမှည့်လေးကို ကြိတ်ခြေပြီး သစ်သီးဖျော်ရည်စစ်စစ်လေး သောက်ပေးတာကလည်း နွေရာသီနဲ့ သင့်တော်တဲ့ ဓာတ်စာတစ်ခုပါ။ အသားအရေကိုကျန်းမာစေသလို သွေးတွင်းကိုလက်စထရောကို ကျစေပြီး ကင်ဆာတိုက်ဖျက်ပေးနိုင်စွမ်းလည်းရှိပါတယ်။

ပင်မှည့်သင်္ဘောသီးစစ်စစ်လေးကို သကြားနည်းနည်း ဆားနည်းနည်းနဲ့ ခေါက်ဖျော်ပြီးသောက်ပေးတာက ရင်အေးစေသလို ဝမ်းမှန်စေဖို့လည်း အထောက်အကူပြုပါတယ်။ ကလေးကစလို့ လူကြီးတွေအထိ သောက်သုံးလို့ရပါတယ်နော်။

လိမ္မော်သီး လတ်လတ်ဆတ်ဆတ်လေးကို အရည်ညှစ်လို့သောက်သုံးပေးမယ်ဆိုရင် သွေးတိုးကျစေနိုင်သလို သွေးတွင်းကိုလက်စထရောကိုလည်း ကျစေမှာပါ။ ကိုယ်ခံအားလည်းကောင်းစေလို့ နွေပူပူမှာ အမောပြေစေမှာ အသေအချာပါနော်။

နွေရာသီရဲ့ trademark တစ်ခုပါ။ ခန္ဓာကိုယ်ကို အင်အားတိုးစေနိုင်တာကြောင့် နွေရာသီမှာ ကြံရည်ထက်ကောင်းတဲ့ဖျော်ရည်က မရှိသလောက်ပါ။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်နဲ့ ဂလူးကို့စ်တို့ ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးပြီး ကျန်းမာအောင်လုပ်ဆောင်ပေးနိုင်မှာပါနော်။

သဘာဝရဲ့ဖျော်ရည်စစ်စစ်တစ်ခုပါ။ နွေအပူဒဏ်ကြောင့် ဖြစ်တဲ့ရောဂါတော်တော်များများကို ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ခံအားကို ကောင်းစေသလို အသားအရေကို ကြည်လင်စေမှာပါ။

အရသာလည်းရှိ၊ စိတ်ကျေနပ်မှုလည်းရစေတဲ့ နွေလယ်သောက်စရာလေးတစ်ခုပါနော်။ ဗီတာမင် စီ ကြွယ်ဝစွာပါဝင်သလို အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်နေတာကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်မှာပါနော်။

နွေပူပူမှာ ခရမ်းချဉ်သီးဖျော်ရည်လေးသောက်ရတာကလည်း ခံတွင်းရှင်းပြီး ခေါင်းကြည်စေပါတယ်နော်။ အပူဒဏ်ကြောင့် မည်းသွားတဲ့ အသားအရေတွေအတွက်လည်း အားဖြည့်ပြီးသားဖြစ်တာပေါ့။ ရေဓာတ်ဖြည့်ပေးတဲ့အပြင် ကိုယ်တွင်းက အဆိပ်အတောက်တွေပါ ဖယ်ရှားပေးသေးတယ်ဆိုတော့ ဘယ်လောက်တောင် အဆင်ပြေလိုက်လဲနော်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 27/06/2022 ဖြစ်ပါသည်။