brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အခါးစားပေးသင့်တဲ့ အကြောင်းအရင်း

အစားအသောက်တွေဆိုရင် အနံ့အရသာနဲ့ပြည့်စုံမှစားတတ်တယ်၊ ချဉ်၊ငန်၊စပ် ဒါမှမဟုတ် ချိုတဲ့အရသာလေးကိုမှ ကြိုက်တယ်ဆိုရင်တော့ဆေးဖြစ်ဝါးဖြစ်အနေနဲ့ အခါးလေးနည်းနည်းလောက်စားပါ၊ လို့ပြောပါရစေနော်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာပြောပြပေးထားတာမို့ ဖတ်ကြည့်ဖို့ပြောပါရစေ Hello ဆရာဝန်ပရိသတ်ကြီးရေ…….

အခါးစားပေးသင့်တဲ့ အကြောင်းအရင်း

အခါးစားပေးသင့်တဲ့အကြောင်းအရင်း

အခါးကိုနေ့စဉ်မဟုတ်ရင်တောင် တစ်ပတ်မှာ ၃ ရက်လောက်တော့ စားပေးသင့်ပါတယ်။ ဒီလိုပြောရတဲ့အကြောင်းအရင်းကတော့ အခါးဓါတ်က ခန္ဓါကိုယ်ကျန်းမာဖို့အတွက် လိုအပ်လို့ပါ။ အခါးစားပေးတဲ့အခါ

အစာခြေစနစ်ကျန်းမာမယ်

အခါးဓါတ်က အစာခြေစနစ်ထဲမှာရှိတဲ့ အဆိပ်အတော်တွေကိုဖယ်ရှားပေးပါတယ်။ အစာခြေရည်တွေဖြစ်တဲ့ တံထွေးအပါအဝင် အစာအိမ်ကအက်ဆစ်တွေဖြစ်ပေးအောင်လှုံ့ဆော်ပေးပါတယ်။ သည်းခြေရည်ကိုဖြစ်ပေါ်စေနိုင်ပြီး အသည်းက အဆီတွေချေဖျက်မှုကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ အစာခြေရတာလွယ်ကူစေပြီး ခန္ဓါကိုယ်ကို လိုအပ်တဲ့ အာဟာရတွေပြည့်ပြည့်ဝဝစုပ်ယူနိုင်အောင် လုပ်ဆောင်ပေးပါတယ်။

အာဟာရစုပ်ယူမှု အားကောင်းစေမယ်

အစာခြေအင်ဇိုင်းကို ပိုမိုထုတ်လုပ်နိုင်စေပြီး စားသုံးလိုက်တဲ့ အစားအစာတွေထဲမှာပါတဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေကို အကောင်းဆုံး စုပ်ယူနိုင်စေတာကြောင့် အာဟာရချို့တဲ့တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေဖြစ်တဲ့ ကယ်လ်ဆီယမ်၊ သံဓါတ်၊ ဗီတာမင် B12၊ မဂ္ဂနီဆီယမ်၊ အိုင်အိုဒင်းစတာတွေကိုပြည့်ဝစွာရရှိအောင်ထောက်ပံ့ပေးနိုင်ပါတယ်။

အစာခြေစနစ်ပြဿနာကြောင့် အူလမ်းကြောင်းယိုစိမ့်မှုမဖြစ်အောင် ကာကွယ်ပေးမယ်

ဒီဝေဒနာကို ခံစားရတဲ့အခါ အစာခြေစနစ်ထဲက အဆိပ်အတော်ကတေါ၊ ဘက်တီးရီးယားတွေ နဲ့ အစားအစအနလေးတွေက အစာခြေလမ်းကြောင်းကနေတဆင့်သွေးကြောထဲကိုရောက်ရှိသွားနိုင်ပါတယ်။ရောဂါလက္ခဏာတွေအနေနဲ့ကတော့ ပင်ပန်းနွမ်းနယ်တာ၊ ကိုယ်အလေးချိန်တက်လာတာ၊ အရေပြားပြဿနာခံစားရတာ၊ အစာခြေစနစ်ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဒီပြဿနာကိုဖြစ်စေနိုင်တဲ့အဓိကအကြောင်းအရင်းတစ်ခုက အာဟာရချို့တဲ့မှုပါ။ ဒီတော့ အာဟာရချို့တဲ့မှုကနေရောအစာခြေစနစ်ပြဿနာကြောင့် အူလမ်းကြောင်းယိုစိမ့်မှုကနေပါ ကာကွယ်ဖို့ဆိုရင် အလွယ်ကူဆုံးနည်းလမ်းတစ်ခုရှိပါတယ်။ ဒါကတော့ အခါးနည်းနည်းလောက် စားပေးတာပါပဲ။

အစားစားချင်စိတ်တိုးစေမယ်

အခါးဓါတ်က အစာခြေစနစ်ကျန်းမာဖို့ မဖြစ်မနေလိုအပ်တဲ့ အာဟာရဓါတ်တစ်ခုပါ။ အစားစားချင်စိတ်မရှိဖြစ်နေသူတွေအတွက် သဘာဝ ဓါတ်စာတစ်ခုပေါ့။ အခါးဓါတ်က အစားစားချင်စိတ်ဖြစ်စေတဲ့ghrelinဟော်မုန်းထွက်ရှိလာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ အခါးဓါတ်ရဲ့နောက်ထပ် အာနိသင်တစ်ခုက ဝမ်းဗိုက်တွင်းမှာရှိတဲ့ ကိုယ်တွင်းအင်္ဂါတွေဆီသွေးစီးဆင်းရောက်ရှိမှု တိုးစေနိုင်ပါတယ်။ အာရုံခံစားမှုကိုလည်းကောင်းမွန်စေနိုင်ပါသေးတယ်။ ဒါကြောင့် အစားစားချင်စိတ်နည်းနေမယ်ဆိုရင် အခါးလေးနည်းနည်းလောက်စားပေးပါ။

အကျိုးပြုဘက်တီးရီးယားတွေကို တိုးပွားစေမယ်

အစာခြေစနစ်ထဲမှာ ခန္ဓါကိုယ် ကျန်းမာဖွံ့ထွားဖို့အတွက် တာဝန်ထမ်းဆောင်ပေးနေတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေရှိပါတယ်။ ဒီအကျိုးပြုဘက်တီးရီးယားလေးတွေက လိုအပ်တဲ့ အာဟာရဓါတ်ကို လုံလောက်စွာရရှိပြီး တာဝန်ကို အကောင်းဆုံးထမ်းဆောင်နိုင်မှ ခန္ဓါကိုယ်ကရောဂါကင်းပြီးနေ့စဉ်လှုပ်ရှားဖို့လိုအပ်တဲ့ အင်အားတွေပြည့်နေစေမှာပါ။ ဒါကြောင့်နေ့ရက်တိုင်းကို တက်ကြွလန်းဆန်းစွာနဲ့ကျော်ဖြတ်နိုင်စေဖို့ အခါးလေးကိုဆေးဖြစ်ဝါးဖြစ်လောက် နည်းနည်းစားပေးပါ။

အခါးဓါတ်ရရှိနိုင်မယ့် အစားအသောက်တွေက ဘာတွေလဲ………..

နေ့စဉ်စားသုံးတဲ့အစားအစာတွေကနေလည်း အခါးဓါတ်ကိုရရှိနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/08/2022 ဖြစ်ပါသည်။