backup og meta

စိတ်ပျော်စေဖို့ ဘာတွေစားမလဲ

နေ့ရက်တိုင်းကို စိတ်ပျော်ရွှင်စွာနဲ့ဖြတ်သန်းဖို့ဆန္ဒရှိနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက စိတ်ရောကိုယ်ပါကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ လူတစ်ယောက်ဟာ စိတ်ပျော်ရွှင်မှ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှာပါ။ ဒီတော့ စိတ်ပျော်စေဖို့ အကောင်းဆုံးလုပ်ဆောင်သင့်ပါတယ်။ ဒီတစ်ခေါက်တော့ စိတ်ကြောင့်ရုပ်ပိုင်းဆိုင်ရာမှာ ထိခိုက်မှုမရှိစေဘဲနေ့ရက်တိုင်းမှာပျော်ရွှင်နေစေဖို့ ဘာတွေ စားပေးရမလဲဆိုတာကို Helloဆရာဝန်ပရိသတ်ကြီးကိုပြောပြပေးပါရစေ………….

စိတ်ပျော်စေဖို့ ဘာတွေစားမလဲ

စိတ်ပျော်စေဖို့ ဘာတွေစားမလဲ……………

စိတ်ပျော်ရွှင်ဖို့အတွက်ဆိုရင်တော့

ဆယ်လ်မွန်

ဆယ်လ်မွန်က ခန္ဓါကိုယ်အတွက် အာဟာရဖြည့်တင်းပေးနိုင်သလို စိတ်ပျော်ရွှင်မှုကိုလည်း အပြည့်အဝပေးစွမ်းနိုင်ပါတယ်။ အာရုံစူးစိုက်မှုကောင်းစေနိုင်သလို ဆယ်လ်မွန်မှာပါတဲ့omega-3 fatty acids ကစိတ်ခံစားမှုကိုကောင်းမွန်စေနိုင်ပြီး စိတ်ဓါတ်မကျအောင် အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဗီတာမင် B12 ပါဝင်နေမှုက စိတ်ခံစားမှုကိုကောင်းစေပြီး စိတ်ပျော်ရွှင်နေစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

ဟင်းနုနွယ်

အစိမ်းရောင်ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်တဲ့ ဟင်းနုနွယ်က ခန္ဓါကိုယ်အတွက် သံဓါတ်ြဖည့်ပေးနိုင်သလိုဖောလစ်အက်ဆစ်ပါဝင်မှုမြင့်မားတာကြောင့် စိတ်ဖိစီးတာမျိုးမဖြစ်အောင်ကာကွယ်ပေးသလို စိတ်ပျော်ရွှင်မှုကိုဖြစ်စေတဲ့ ဆီရာတိုနင်ပမာဏကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ပါဝင်နေတာကြောင့် စိတ်ရောကိုယ်ပါကျန်းမာစေနိုင်မှာပါ။

ကြက်သား

ကြက်သား၊ ကြက်ဆင်သားတို့မှာ အမိုင်နိုအက်ဆစ်ပါဝင်နေတာကြောင့် စိတ်ပျော်ရွှင်စေမှာ အသေအချာပါ။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ကြက်သား နဲ့ ကြက်ဆင်သားတို့က ခန္ဓါကိုယ်အတွက်အားဖြစ်စေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။

နို့

စိတ်ခံစားမှုကောင်းစေဖို့အတွက်ရော ခန္ဓါကိုယ်အာဟာရပြည့်စေဖို့အတွက်ပါ အရေးပါတဲ့ အရာတစ်ခုပေါ့။ နို့မှာ အိုင်အိုဒင်းပါဝင်နေတာကြောင့် သိုင်းရွိုက်ဂလင်းတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေပြီး စိတ်ခံစားမှုကိုကောင်းစေနိုင်သလို ခန္ဓါကိုယ်ကိုလည်း ကျန်းမာစေနိုင်မှာပါ။ နို့မှာပါတဲ့ ပရိုတင်းက စိတ်ပူပန်မှုကို သက်သာစေနိုင်ပါတယ်။

ချောကလက်

ချောကလက်ရဲ့အရသာက စိတ်ကျေနပ်မှုကို အပြည့်အဝပေးစွမ်းနိုင်တာအသေအချာပါ။ချောကလက်မှာပါဝင်နေတဲ့အရာတစ်ခုက စိတ်ပျော်ရွှင်မှုကိုပေးစွမ်းနိုင်သလို ခန္ဓါကိုယ်က နာကျင်မှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။ စိတ်ခံစားမှုကောင်းစေနိုင်ပြီး နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

ငရုတ်သီး

ငရုတ်သီးက ပူစပ်စပ်အရသာရှိပေမယ့် စိတ်ခံစားမှုကိုတော့ကောင်းစေနိုင်တာအမှတ်ပါ။ ငရုတ်သီးမှာပါတဲ့ capsaicinဒြပ်ပေါင်းက ဦးနှောက်ကို အန်ဒရိုဖင်းဟော်မုန်းထွက်လာအောင် လုပ်ဆောင်ပေးပြီး စိတ်ပျော်ရွှင်အောင်လုပ်ဆောင်ပေးနိုင်ပါတယ်။

ပျားရည်

ပျားရည်က သကြားထက်ပိုပြီးကျန်းမာသလို စိတ်ခံစားမှုကိုလည်းကောင်းစေနိုင်ပါတယ်။ စိတ်ဓါတ်ကျတာကို ကင်းဝေးစေပြီး စိတ်ပျော်ရွှင်နေစေဖို့ လုပ်ဆောင်ပေးပါတယ်။

အုန်းသီး

အုန်းသီးကို အဆီများတယ်ဆိုပြီးရှောင်နေတယ်ဆိုရင် အခုပဲစားလိုက်ပါ။ အုန်းသီးမှာပါတဲ့ အဆီက ဦးနှောက်ကျန်းမာစေနိုင်ပြီ စိတ်ခံစားမှုကိုကောင်းစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ပျော်ချင်သူတွေအနေနဲ့ အုန်းသီးစားပေးလို့ရပါတယ်။

မှို

မှိုက ခန္ဓါကိုယ်အတွက် အာဟာရပေးနိုင်သလို စိတ်ခံစားမှုကောင်းစေဖို့အတွက်လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ မှိုစားသုံးပေးတာက စိတ်ဓါတ်ကျတာကို ကာကွယ်ပေးသလို စိတ်ပူပန်မှုကိုလျော့ကျစေနိုင်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

6 Foods That Can Make You Happierhttps://www.health.com/nutrition/6-foods-that-can-make-you-happier Accessed Date 1 August 2019

10 Foods That Will Make You Happy Instantlyhttps://www.lifehack.org/articles/lifestyle/10-foods-that-will-make-you-happy-instantly.htmlAccessed Date 1 August 2019

ယခုပုံစံ

21/06/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

စိတ်ဖိစီးနေပြီလား……………………………….

အာရုံစူးစိုက်နိုင်စွမ်းတွေကျနေလို့ စိတ်ညစ်နေပြီလား......


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ