brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အရှေ့အလယ်ပိုင်းမှာ ကိတ်နေရင် အန္တရာယ်ရှိပါတယ်

ငါက ပိန်တာပဲ အဆီ တွေစားလို့ရတယ်၊ လေ့ကျင့်ခန်းလည်းလုပ်စရာမလိုဘူး၊ ပိန်တော့ကျန်းမာတယ် လို့ လေမကျယ်ကြပါနဲ့နော်။ ပိန်တဲ့သူလည်း ဗိုက်အဆီ၊ ဗိုက်ခေါက် ရှိနိုင်ပါတယ်။ ယောကျာ်းလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ကျန်းမာရေးအတွက် သတိထားသင့်တဲ့ အချက်ကတော့ ဗိုက်နားတဝိုက် အဆီမတက်ဖို့ပါပဲ။ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေထက် ဗိုက်မှာ အဆီရှိနေရင် ကြည့်မကောင်းရုံတင်မက ကျန်းမာရေးကိုပါ ဒုက္ခပေးမယ့် ရောဂါအမျိုးမျိုးယူဆောင်လာနိုင်လို့ပါ။ ဒါဆို ကျန်းမာရေးအတွက် စိတ်မပူသင့်ပေဘူးလား…

အရှေ့အလယ်ပိုင်းမှာ ကိတ်နေရင် အန္တရာယ်ရှိပါတယ်

ကျန်းမာကျစ်လျစ်တဲ့ ခန္ဓာကိုယ်ကို မတည်ဆောက်နိုင်ဘူးဆိုရင် ဗိုက်အဆီကြောင့် –

  • နှလုံးရောဂါ
  • ရုတ်တရက်နှလုံးရပ်တာ
  • သွေးတိုးရောဂါ
  • လေဖြတ်တာ
  • အမျိုးအစား (၂) ဆီးချိုရောဂါ
  • ပန်းနာရင်ကျပ်ရောဂါ
  • ရင်သားကင်ဆာ
  • အူမကြီးကင်ဆာ
  • အဆစ်ရောင်နာ
  • အယ်လ်ဇိုင်းမားနဲ့ တခြားမှတ်ဉာဏ်ချို့ယွင်းမှုရောဂါတွေ နောက်ဆက်တွဲအနေနဲ့ ဖြစ်လာနိုင်တာ ကြောက်စရာပါ။
  • ဒီလိုမဖြစ်စေဖို့ ကြိုတင်ကာကွယ်နိုင်မယ့် အကောင်းဆုံးအကြံဉာဏ်တွေကတော့ –

    အမျှင်ဓာတ်များများစားပါ။

    အစိမ်းရောင်ရှိတဲ့အသီးအရွက်တွေ၊ ဂျုံကြမ်း၊ အစေ့အဆန်တွေ၊ ပဲတောင့်ရှည်တို့လို အမျှင်ဓာတ်များတာတွေ စားပေးလို့ရတယ်။ ဗိုက်မှာ အဆီရှိရင် အသည်း၊ ပန်ကရိယနဲ့ ကျောက်ကပ်အပါအဝင် အရေးပါတဲ့ကိုယ်တွင်းအင်္ဂါတွေ အနားတဝိုက်မှာရှိနေတာမို့ အန္တရာယ်များတာဖြစ်ပါတယ်။

    သက်သာမယ့်နည်းလမ်းကိုရှောင်ပါ။

    တစ်နေရာသွားမယ်ဆို နီးနီးလေးကို ကားလေးစီးမယ်၊ ဆိုက်ကားစီးမယ်နဲ့ သက်တောင့်သက်သာ သွားလာရဖို့ စဉ်းစားတာမျိုး ရှောင်ပါ။ လမ်းလျှောက်လို့ရရင် လမ်းလျှောက်လိုက်ပါ။ လှေကားနဲ့တက်နိုင်ရင် တက်လိုက်ပါ။ ခန္ဓာကိုယ်ကို သနားပြီး သက်သာအောင်နေတာမျိုး မလုပ်တာကောင်းပါတယ်။

    စိတ်ဖိစီးမှုကို တတ်နိုင်သမျှလျှော့ချပါ။

    သုသေတနတွေအရ စိတ်ဖိစီးမှုကြောင့် ထွက်တဲ့ ကော်တီဇောဟာ အစာစားချင်စိတ်ကိုမြင့်တက်စေပြီး ဝမ်းဗိုက်မှာအဆီစုတာကိုလည်း အားပေးပါတယ်။ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်းတွေက စိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်။

    အိပ်ရေးဝအောင် အိပ်ပါ။

    အိပ်ရေးပျက်ခြင်းရဲ့အကျိုးဆက်ထဲမှာ ကိုယ်အလေးချိန်အပေါ် သက်ရောက်မှုလည်းပါရှိပါတယ်။ အိပ်ရေးပျက်တဲ့အခါ အစာစားချင်စိတ်ကို သက်ရောက်နိုင်တဲ့ ghrelin နဲ့ leptinဟော်မုန်းတွေကိုထိန်းညှိနိုင်စွမ်းမရှိတော့ပါဘူး။ ဗိုက်ဆာစေနိုင်တဲ့ ghrelin ပမာဏကမြင့်လာပြီး ဗိုက်ပြည့်ခြင်းကိုခံစားရစေတဲ့leptin ပမာဏက ကျဆင်းသွားပါတော့တယ်။ ဒီလိုစားချင်စိတ်ပိုများနေတဲ့အချိန် ကိုယ်အလေးချိန်ထိန်းရတာ ပိုပင်ပန်းစေနိုင်လို့ အိပ်ရေးဝအောင်အိပ်ပါ။

    တွက်ချက်စားပါ။

    ကိုယ်စားမယ့်အစားအသောက်တွေမှာ ကယ်လိုရီနဲ့ အဆီဓာတ်ပမာဏ ဘယ်လောက်ပါလဲ တွက်ချက်ပါ။ အဆီများတဲ့အစားအစာတွေကိုသတိထားချင့်ချိန်ပါ။ အစေ့အဆန်၊အသီးအရွက်နဲ့ ငါးတွေကနေ ရတဲ့ အကျိုးပြုအဆီတွေကို ဦးစားပေးပါ။

    အဆီကျချပ်ရပ်စေမယ့် သောက်စရာ

    အဆီကျစေမယ့်သောက်စရာဆိုတာ Detox water တွေလည်းပါတယ်၊ အချိုမပါတဲ့ ဆီးသီးအနှစ်ရည်၊ သံပရာရည် စတာတွေကိုသောက်လို့လည်း အထောက်အကူဖြစ်စေနိုင်တယ်။ အစားဆင်ခြင်တာနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေတော့ တွဲရမှာပေါ့။

    ခါးလှည့်ကွင်း ကစားပါ။

    ခါးလှည့်ကွင်း ကစားတာက ဗိုက်နဲ့ ခါးတဝိုက် အဆီကျချပ်ရပ်စေပြီး ကျောဘေးတလျှောက်ပါ ကျစ်လျစ်စေပါတယ်။

    အဆီ လိမ်းပေးပါ

    ဗိုက်အဆီကျစေမယ့် လိမ်းဆေးခရင်မ်တွေ အများကြီးရှိပါတယ်။ သဘာဝအပင်တွေ၊ဆေးဖက်ဝင်တွေကနေရတဲ့ အဆီတွေ ဒါမှမဟုတ် အဆီကျလိမ်းဆေးခရင်မ်လေးလိမ်းပြီးလေ့ကျင့်ခန်းလုပ်တာ ပိုထိရောက်ပါတယ်။

    လေ့ကျင့်ခန်းလုပ်ပါ။

    ဂျင်မ်သွားတာ၊ ယောဂကစားတာတွေ မလုပ်နိုင်ရင်တောင် ဖုန်းထဲမှာ workout ဗီဒီယိုလေးတွေကြည့်ပြီး အိမ်မှာ လေ့ကျင့်ခန်းနည်းနည်းလုပ်လို့ရပါတယ်။ ဗိုက်နဲ့ခါးသီးသန့်ကျမယ့် လေ့ကျင့်ခန်းတွေကို လုပ်ပေးပါ။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 27/05/2022 ဖြစ်ပါသည်။