အဝလွန်ခြင်းဟာ ကလေးတွေကြားမှာတော့ အဖြစ်အများဆုံး ပြဿနာတစ်ခုပါပဲ။ အချို့လူတွေကတော့ ကလေးဝဝလေးတစ်ယောက်ဟာ သူတို့ရဲ့ ပုံပန်းသဏ္ဍာန်နဲ့ ပတ်သက်ပြီးတော့လည်း ပျော်နေနိုင်ကြတာပဲလို့ ဆိုကြပါလိမ့်မယ်။ ဒါပေမဲ့ အဝလွန်နေတဲ့ကလေးတွေအားလုံးမှာတော့ ဒီလိုမခံစားကြရပါဘူး။ သင့်ကလေးလေးက စပြီးဝလာပြီဆိုတာနဲ့ သူတို့တွေမှာ ကျန်းမာရေးနဲ့ဆိုင်တဲ့ပြဿနာတွေကို စပြီးခံစားရတော့တာပါပဲ။ ဒါတင်မကသေးဘဲ ခံစားချက်ဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုပါ တွဲဖက်ခံစားရနိုင်ပါတယ်။
Social stigma ဆိုတာကတော့ အဝလွန်ကလေးအများစု အမြဲလိုလိုခံစားရလေ့ရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုပါ။ လူမှုပတ်ဝန်းကျင်ကလည်း ပိန်သွယ်ခြင်းကိုသာ လက်ခံကြတယ်လို့ ဆိုပါတယ်။ အဝလွန်နေတဲ့ကလေးတွေဟာ သူတို့ဒီလိုဝနေတာကြောင့် လူကြီးတွေက တခြားကလေးတွေနဲ့စာရင် သူတို့အပေါ်အချစ်လျော့တယ်လို့ ထင်တေနတတ်ကြပါတယ်။
ဒီခံစားမှုဟာ ကလေးငယ်ရဲ့ ကောင်းမွန်တဲ့ခံစားချက်တွေနဲ့ ယုံကြည်မှုတွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။ ကလေးတွေရဲ့ ဝမ်းနည်းမှုကို သူတို့မျက်လုံးတွေမှာ မြင်နိုင်ပြီး သူတို့စကားလုံးတွေမှာတော့ သူတို့ရဲ့ စိတ်ဓါတ်ကျဆင်းမှုတွေကို အတိုင်းသားကြားနိုင်ပါတယ်။
မိမိကိုယ်ကို ယုံကြည်မှုလျော့နည်းလာခြင်းနဲ့ ကျောင်းတွင် အနိုင်ကျင့်ခံရခြင်း
သာမန်ထက် အလေးချိန်ပိုများနေတဲ့ကလေးအများဟုဟာ သူတို့ကိုယ်သူတို့ ကျေနပ်မှုမခံစားရသလို သူတို့ရဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေလည်း ပျောက်ဆုံးသွားတတ်ပါတယ်။ သူတို့ကျောင်းက သက်တူရွယ်တူတွေကြားမှာလည်း အခြားပိန်သွယ်တဲ့သူတွေနဲ့ယှဉ်ရင် သူတို့က လူသိနည်းပါတယ်။ သူတို့မှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု နည်းနေလေ့ရှိပါတယ်။ ဒါဟာ ရှက်ကြောက်တဲ့ခံစားမှုကြောင့်ဖြစ်ရတာဖြစ်ပြိး ပညာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။
သူတို့ရနိုင်တဲ့ အခြားသော ဒုက္ခတစ်ခုကတော့ အနိုင်ကျင့်လှောင်ပြောင်ခြင်းပါ။ အဝလွန်နေတဲ့ကလေးတွေဟာ အစအနောက်ခံ၊ အလှောင်ပြောင်ခံ လူတန်းစားတစ်ရပ်ဖြစ်နေတတ်ပါတယ်။ သူတို့တွေဟာ သူငယ်ချင်းအသစ်တွေရှာဖို့ ခက်ခဲနေတတ်ပြီး ရှိပြီးသားသူငယ်ချင်းတွေနဲ့လည်း အလွမ်းသင့်အောင် ပေါင်းဖို့ ခက်ခဲနေတတ်ပါတယ်။ ကာယပညာပေးအတန်းတွေမှာလည်း သူတို့တွေဟာ အသင်းအဖွဲ့တစ်ခုအတွက် နောက်ဆုံးမှ အရွေးချယ်ခံရတဲ့ လူတန်းစားတစ်ရပ်ဖြစ်နေတယ်ဆိုတာတော့ ငြင်းလို့ မရပါဘူး။
စိတ်ကျရောဂါ
ဒီလို ထိခိုက်နာကျင်နေရတဲ့ ခံစားချက်တွေကြောင့် သင့်ကလေးဟာ ဒီကမ္ဘာကြီးမှာ သူတို့အတွက်နေရာမရှိတော့ဘူးလို့ ခံစားလာရမယ်ဆိုရင် ဒါဟာပုံမှန်ပါပဲ။ သူတို့တွေဟာ အထီးကျန်မှုတွေနဲ့ ပိတ်မိနေပြီး ဒီလို လူမှုပတ်ဝန်းကျင်ကနေ သီးသန့်ဖြစ်တည်နေတဲ့ တွင်းနက်ကြီးထဲက ရုန်းထွက်ဖို့ လမ်းစလည်း ရှာတွေ့နိုင်မှာမဟုတ်ပါဘူး။ တကယ်လို့များ သူတို့ရဲ့ခံစားချက်ကို မထိန်းချုပ်နိုင်ဘူးဆိုရင် စိတ်ကျရောဂါနဲ့ မလွဲမသွေ ရင်ဆိုင်ရတော့မှာပါ။
ခံစားချက်တွေနဲ့ ရောထွေးစားသောက်ခြင်း
ရွဲ့တဲ့အနေနဲ့ပဲဖြစ်ဖြစ် အချို့ကလေးတွေဟာ သူတို့ရဲ့ ခံစားချက်ကမ္ဘာလေးထဲက စိတ်သက်သာရာရမှုတွေကို အစားအသောက်နဲ့ အလဲအထပ်လုပ်လိုက်ပါတယ်။ အထူးသဖြင့်တော့ သကြားတွေနဲ့ ကယ်လိုရီတွေအများကြီးပါတဲ့ စားစရာတွေနဲ့ပေါ့။ ကလေးအထူးကုတွေနဲ့ မိဘတွေက လျှော့စားဖို့ ပြောတာတောင်မှ သူတို့တွေဟာ သတိပေးချက်တွေကို မေ့လိုက်ပြီး သကြားများများပါတဲ့ အစားအသောက်တွေကို ပိုပြီးစားသုံးကြပါတယ။်
ခွဲခြားဆက်ဆံခံရခြင်း
ဝဖြိုးနေတဲ့ ဆယ်ကျော်သက်တွေနဲ့ လူကြီးတွေကို ခွဲခြားဆက်ဆံတယ်ဆိုတာ မလုပ်သင့်တဲ့ ကိစ္စပေမယ့် ဒါဟာ အမှန်တရားပါပဲ။ လေ့လာမှုတွေ အများကြီးအရ အဝလွန်နေတဲ့ လူအများစုဟာ သူတို့ရဲ့ ပိုလျှံနေတဲ့အလေးချိန်အတွက် ခွဲခြားဆက်ဆံခံနေရပါတယ်။ ဒါ့အပြင် ကျွမ်ကျင်သူတွေကလည်း သူတို့ရဲ့အဝလွန်နေတဲ့ ပုံစံဟာ ဂုဏ်သတင်းမွှေးလှတဲ့ တက္ကသိုလ်တွေကို တက်ရောက်ဖို့ အနားတောင် မသီနိုင်ပါဘူး။
သူတို့တွေဟာ ရွေးချယ်ခံရဖို့ အခွင့်အလမ်းနည်းပါးသလို ပိန်သွယ်တဲ့သူတွေနဲ့ယှဉ်ရင်လည်း နာမည်ကြီးတဲ့ နေရာတွေမှာ အလုပ်ရရှိနိုင်ဖို့လည်း ခဲယဉ်းလှပါတယ်။ ဒါ့အပြင် အဝလွန်နေတဲ့အမျိုးသမီးတွေဟာ ဒိတ်လုပ်ဖို့ ဒါမှမဟုတ် သတို့သားလောင်းကို ရှာတွေ့နိုင်ဖို့တောင် အခွင့်အရေး သိပ်မရှိလှပါဘူး။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။