brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အဆီထု တိုင်းတာခြင်း

သင့်ခန္ဓာကိုယ်ဖွဲ့စည်းမှုဟာ ကျန်းမာတဲ့အခြေအနေလား၊ အ၀လွန်နေပြီလား၊ ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့ လိုအပ်နေပြီလား ဆိုတာကို တိုင်းတာနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။

အဆီထု တိုင်းတာခြင်း

အရင်ကတော့ BMI body mass index တွက်တဲ့နည်းတစ်မျိုးတည်းသာ ခေတ်စားပါတယ်။ ဒါဟာအခြေခံနည်းဆိုပေမဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အချိုးအစားသာ သိနိုင်ပြီး သင့်ခန္ဓာကိုယ် ဘယ်လောက် ကြံ့ခိုင်လဲဆိုတာ သိနိုင်မှာ မဟုတ်ပါဘူး ။ နောက်တစ်မျိုးကတော့ ခါးအရွယ်အစားတိုင်းတဲ့ နည်းပါ။ အကယ်၍ အမျိုးသမီးသာဆိုရင် ခါးဆိုဒ် ၃၅ လက်မ ၊ အမျိုးသားဆိုရင် ခါးဆိုဒ် ၄၀ လက်မ ကျော်ရင် အူအဆီပမာဏ များပြီး ရောဂါဖြစ်နိုင်ခြေ များတယ်လို့ ယူဆနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်မှာ အဆီပမာဏ ဘယ်လောက်နဲ့ ဖွဲ့စည်းထားတယ်ဆိုတာ သိဖို့ အတွက် ဒီလိုနည်းလမ်းတွေနဲ့ အိမ်မှာ အလွယ်တကူ တိုင်းတာတွက်ချက်လို့ရပါတယ်။

တစ်နည်းကတော့ အရေပြားအောက်မှာရှိတဲ့ အဆီထု ကို တိုင်းတဲ့နည်းပါ။ Skinfold Caliper ဆိုတဲ့ ပေတံလေးနဲ့ အရေပြားကို ဆွဲပြီး ဘယ်လောက်ထူလဲဆိုတာ တိုင်းတာခြင်းဖြစ်ပါတယ်။ ခန္ဓာကိုယ်အနှံ့မှာရှိတဲ့ အနည်းဆုံး ၃ နေရာကနေ ၇ နေရာလောက်ကိုတိုင်းတာမှ အနည်းစပ်ဆုံး အဖြေကို သိနိုင်မှာ ဖြစ်ပါတယ်။ အမျိုးသမီးတွေဆိုရင်တော့ လက်မောင်းနောက်၊ တင်ပါး ၊ ပေါင် ဒါမှမဟုတ် ဗိုက်နေရာတို့ကို တိုင်းတာခြင်းနဲ့သိနိုင်ပါတယ် ။ အမျိုးသားဆိုရင်တော့ ရင်အုပ်၊ ပေါင် နဲ့ ဗိုက်မှာရှိတဲ့ အ‌ရေပြားကို ဆွဲပြီးတိုင်းတာနိုင်ပါတယ်။ ဒီနည်းအတွက်လိုအပ်တဲ့ ပေတံကိုလည်း online shopping တွေကနေ ၀ယ်ယူနိုင်ပါတယ်။ တိုင်းတဲ့လူရဲ့ ကျွမ်းကျင်မှုပေါ်မူတည်ပြီး ၃-၅ % ကွဲလွဲမှု ရှိနိုင်ပါတယ်။

နောက်တစ်နည်းကတော့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုစီရဲ့ လုံးပတ်ကိုတိုင်းတာနည်းဖြစ်ပါတယ်။ပေကြိုးကို အသုံးပြုပြီး ရလာတဲ့ အတိုင်းအတာတွေကို online မှာရှိတဲ့ Body fat index calculator မှာ ထည့်သွင်းတွက်နိုင်ပါတယ်။ ဒီတိုင်းတာနည်းမှာတော့ အသက်နဲ့ အရပ်အတိုင်းအတာကလည်း အရေးကြီးပါတယ်။ အမျိုးသားဆိုရင်တော့ လည်ပင်းနဲ့ ခါး အတိုင်းအတာ လိုအပ်ပြီး အမျိုးသမီးတွေဆိုရင်တော့ တင်ပါး အတိုင်းအတာ လိုအပ်ပါတယ်၊ ဒီတွက်နည်းကနေ ရလာတဲ့ ဂဏန်းကိုတော့ အောက်က ဇယားနဲ့ တိုက်ကြည့် ပြီး ကိုယ့် ခန္ဓာကိုယ်ကတော့ ဘယ်အမျိုးအစားထဲပါတယ်ဆိုတာ တိုက်ကြည့်နိုင်ပါတယ်။ အ၀လွန်တဲ့ အကွက်ထဲရောက်နေပြီဆိုရင်တော့ အားကစားတစ်ခုခု လုပ်တာဖြစ်စေ၊ အစားအသောက်ဆင်ခြင်တာမျိုးဖြစ်စေ လုပ်ဖို့ လိုအပ်နေပါပြီ။

ရေးသားသူ – Dr. Z

Body Fat Percentage Categories

ClassificationWomen (% Fat)Men (% Fat)
Essential Fat10-12%2-4%
Athletes14-20%6-13%
Fitness21-24%14-17%
Acceptable25-31%18-25%
Obese32% +25% +

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thiha Phyo Myint · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။