နွားနို့ကိုလတ်ဆတ်သောနို့ရည်ပုံစံမှစ၍ အခြောက်ခံထားသော (သို့)အမှုန့်ပြုလုပ်ထားသောနို့မှုန့်ပုံစံအထိ ပုံစံအမျိုးမျိုးဖြင့်ရရှိနိုင်ပါသည်။
နွားနို့ကိုလတ်ဆတ်သောနို့ရည်ပုံစံမှစ၍ အခြောက်ခံထားသော (သို့)အမှုန့်ပြုလုပ်ထားသောနို့မှုန့်ပုံစံအထိ ပုံစံအမျိုးမျိုးဖြင့်ရရှိနိုင်ပါသည်။

ထို့ကြောင့်ရိုးရိုးူနွားနို့ကပိုကောင်းသလား၊ နို့မှုန့်ကပိုကောင်းသလားဆိုတာနှင့် ပက်သက်ပြီး မဝေခွဲနိုင်ဖြစ်ကြသည်။ ဤဆောင်းပါးကိုဖတ်ပြီးလျှင် ရှင်းလင်းစွာနားလည်သဘောပေါက် သွားလိမ့်မည်ဟုမျှော်လင့်ပါသည်။
နို့ရည်နှင့်နို့မှုန့်နှစ်ခုလုံးတွင်လူသားတို့၏လိုအပ်ချက်အတွက်မရှိမဖြစ်လိုအပ်သောအာဟာရများပါဝင်ကြသည်။ အာဟာရပါဝင်မှုမှာအတူတူနီးပါးပင်ဖြစ်သည်။
နွားနို့တစ်ခွက်သောက်လျှင်(သို့)နို့မှုန့်တစ်ခွက်သောက်လျှင် ရှစ်ဆယ် ကယ်လိုရီ ၊အသားဓါတ် ရှစ် ဂရမ်၊ နေ့စဉ်လိုအပ်သောကယ်လ်စီယမ်ပမာဏ ၏သုံးဆယ်ရာခိုင်နှုန်းတို့ကို ရရှိနိုင်ပါသည်။
နို့ရည်တွင်နို့မှုန့်ထက် ဗီတာမင်ဘီ အုပ်စုအနည်းငယ်ပို၍ ပါဝင်ပါသည်။ သို့ဖြစ်ပါ၍ လတ်ဆတ်သောနို့တစ်ခွက်စာတွင် ဗီတာမင်B12 ၁.၂ မိုက်ခရိုဂရမ် နှင့်ဗီတာမင်B5 ဝ.၉မီလီဂရမ် ပါဝင်ပါသည်။
နို့မှုန့်တစ်ခွက်တွင်ဗီတာမင်B12 ဝ.၉ မိုက်ခရိုဂရမ် နှင့်ဗီတာမင်B5 ဝ.၈ မီလီဂရမ်ပါဝင်ပါသည်။ ဗီတာမင်B5 သည် ဆဲလ်အမြှေးပါးများ ကျန်းမာစေရန်ကူညီပေးပါသည်။ ဗီတာမင်B12 သည် အောက်ဆီဂျင်သယ်ယူပို့ဆောင်ခြင်းအတွက် အလွန်အရေးပါပါသည်။
လတ်ဆတ်သောနွားနို့တွင် နို့မှုန့်ထက်ဖော့စ်ဖောရပ်စ်နှင့်ဆီလီနီယမ် ပိုမိုပါဝင်ပါသည်။ အဆိုပါဖော့စ်ဖောရပ်စ်နှင့်ဆီလီနီယမ်သတ္တုဓါတ်များသည် ဆဲလ်အမြှေးပါး၊ဇီဝရုပ်ဖြစ်ပျက်ခြင်း ၊အင်ဇိုင်းလုပ်ဆောင်မှုများအတွက်အကျိုးပြုပါသည်။
လတ်ဆတ်သောနို့တစ်ခွက်တွင်ဆီလီနီယမ်၇.၆ မိုက်ခရိုဂရမ်နှင့်ဖော့စ်ဖောရပ်စ ်၄၇ မီလီဂရမ ်ပါဝင်ပါသည်။ နို့မှုန့်တစ်ခွက်တွင်ဆီလီနီယမ် ၆.၃ မိုက်ခရိုဂရမ်နှင့် ဖော့စ်ဖောရပ်စ်၂၇ မီလီဂရမ်ပါဝင်ပါသည်။
လူအများစုကလတ်ဆတ်သောနို့ရည်ကိုပိုမိုအရသာတွေ့ကြပါသည်။
လတ်ဆတ်သောနို့ရည်ကိုအချိန်ကြာမြင့်စွာသိမ်းဆည်းမထားနိုင်သော်လည်းနို့မှုန့်ကိုမူကြာရှည်စွာသိမ်းဆည်း ထားနိုင်ပါသည်။
နို့မှုန့်ကိုရေခဲသေတ္တာထဲတွင်ထိန်းသိမ်းထားရန်မလိုအပ်သကဲ့သို့နို့မှုန့်သည်၎င်း၏အာဟာရတန်ဖိုးကိုအချိန်ကြာမြင့်စွာထိန်းသိမ်းထားနိုင်ပါသည်။
နို့မှုန့်များသည်လတ်ဆတ်သောနို့ရည်လောက်လဲ ဈေးမကြီးပါဘူး။
နှစ်မျိုးစလုံးကတော့အာဟာရပါဝင်မှုခြင်းအတူတူနီးပါးပင်ဖြစ်ပါသည်။ အကယ်၍သင်ဟာသဘာဝအစားအစာတွေကိုပိုမိုနှစ်သက်သူဆိုပါကလတ်ဆတ်သောနို့ရည်ကိုရွေးချယ်သင့်ပါသည်။ လတ်ဆတ်သောနွားနို့သည်ကြာရှည်ခံ ပစ္စည်းမျာနှင့်ပိုးသတ်ဆေးများမပါဝင်သောကြောင့်ဖြစ်ပါသည်။
မီးဖိုချောင်သုံးအတွက်ဆိုပါကလတ်ဆတ်သောနွားနို့ကိုအသုံးပြုလျှင်ပိုမိုကောင်းမွန်သောအနံ့နှင့်အရသာကိုရရှိ နိုင်ပါသည်။ အလွယ်တကူရရှိနိုင်မှုနှင့်အချိန်ကြာရှည်ခံမှုကိုထည့်သွင်းစဉ်းစားမည်ဆိုပါကနို့မှုန့်ကပို၍သင့်တော်ပါသည်။
Smoothies(ဖျော်ရည်ပျစ်ပျစ်)ကဲ့သို့သောအချို့သောသောက်စရာများတွင်နို့မှုန့်သည်ပို၍အသုံးဝင်ပါသည်။
Hello Health Group သည်ကျန်းမာရေးဆိုင်ရာအကြံဉာဏ်၊ရောဂါအမည်တပ်ခြင်း(သို့)ကုသမှုများဝန်ဆောင်မှုမပေးပါ။