
နှစ်ပြန်ကြော်တွေထဲမှာပါတတ်တဲ့ ပဲစိမ်းလေးတွေကို သိမှာပါ။ အဲဒီပဲတွေက ပိုတက်ဆီယမ်ကြွယ်ဝတဲ့အပြင် သံဓာတ်နဲ့ အမျှင်ဓာတ်ပါဝင်မှုများပါတယ်။ အချိုဓာတ်နဲ့ အဆီဓာတ်တော့ နည်းပါးပါတယ်။
အရွယ်တော် အာလူးလေးတွေမှာ ဗီတာမင်B1၊ B3 နဲ့ B6 တို့လည်းကြွယ်ဝပါသေးတယ်။ အာလူးကြော်စားမယ့်အစား ကျန်းမာရေးနဲ့ညီအောင်လို့ မီးဖုတ်စားတာ၊ ပူတင်းလုပ်စားတာ လိုမျိုး နည်းလမ်းအမျိုးမျိုးကိုစဉ်းစားသင့်ပါတယ်။
ဘယ်အချိန်စားစား ရင်အေးစေတဲ့ ဖရဲသီးကရေဓာတ်ပြည့်ဝစေတဲ့အပြင် ရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့lycopene လို အာဟာရဓာတ်တွေအများကြီးပေးစွမ်းနိုင်ပါတယ်။
နေကြာစေ့က စားရတာအလုပ်ရှုပ်လို့ သိပ်မစားဖြစ်တဲ့သူတွေအတွက် အခုဆိုရင် အခွံခွာပြီးသားအစေ့သီးသန့်ဘူးတွေဈေးကွက်မှာရှိနေပါတယ်။နေကြာစေ့က ခန္ဓာကိုယ်အတွက် မရှိမဖြစ်အရေးပါတဲ့ အာဟာရဓာတ်တွေများစွာ ပါဝင်တာကြောင့် စားသုံးသင့်တဲ့ အစေ့အဆန်ထဲမှာပါဝင်ပါတယ်။ ဒါ့အပြင် အခုဆို ကျန်းမာရေးနဲ့ညီတဲ့ ဟင်းချက်ဆီအဖြစ်နေကြာဆီကို အသုံးများလာကြပြီဖြစ်ပါတယ်။
ပိုတက်ဆီယမ်တင်မကဘူး၊ သူ့မှာ မဂ္ဂနီဆီယမ်၊ သံဓါတ်၊ အမျှင်ဓာတ်နဲ့ ဗီတာမင် C တို့ပါရနိုင်ပါတယ်။ ထမင်းဝိုင်းမှာ ဆီနည်းတဲ့ အရွက်ကြော်လေးတစ်ခွက်ကတော့ မပါမဖြစ်ပါပဲ။
အပူပေးထားတဲ့( အစိမ်းမဟုတ်တဲ့) ခရမ်းချဉ်သီးမှာlycopene ပါဝင်မှုပိုများတာကြောင့် ကင်ဆာ၊ နှလုံးရောဂါနဲ့ ကိုလက်စထရောများခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။