လူကြိုက်အများဆုံး အာဟာရဖြည့်စွက်စာတစ်မျိုးဖြစ်တဲ့ နွားနို့ထက် ပိုးဟပ်နို့မှာ အာဟာရတန်ဖိုး ၄ဆ ပိုမိုပါဝင်တယ်လို့ လေ့လာစမ်းသပ်မှုတစ်ခုက သက်သေပြခဲ့ပါတယ်။ ဒါ့အပြင် ပိုးဟပ်နို့မှာ ထူးခြားတဲ့ ပြည့်ဝပရိုတင်းတစ်မျိုး ပါဝင်တာကြောင့် ကျန်းမာရေးအတွက် အထူးသင့်လျော်ပါတယ်။ ဒီလိုအကျိုးကျေးဇူးတွေကြောင့် ပိုးဟပ်နို့ဟာ အနာဂတ်ကာလမှာ အရောင်းရဆုံး ဖြည့်စွက်စာတစ်ခုတောင် ဖြစ်လာနိုင်ပါတယ်။
ပိုးဟပ်နို့ထုတ်လုပ်ပုံ
ပိုးဟပ်အကောင်ပေါက်ပုံက အခြားနို့တိုက်သတ္တဝါတွေရဲ့ အကောင်ပေါက်ပုံနဲ့ ကွဲပြားခြားနားပါတယ်။ ပုံမှန်အားဖြင့် ပိုးဟပ်တစ်ကောင်ဟာ တစ်ကြိမ်ဥရင် ၉ဥ ကနေ ၁၂ ဥအထိ ဥလေ့ရှိပြီး ဥအားလုံးအတွက် လုံလောက်တဲ့အာဟာရ မဖြည့်ဆည်းနိုင်ပါဘူး။ ဒါကြောင့် ပိုးဟပ်အမေကြီးက အလွန်အာဟာရပြည့်ဝတဲ့ နို့ရည်ကိုထုတ်လုပ်ပြီး သားဥအိမ်ကနေတဆင့် သားလောင်းလေးတွေရဲ့ အစာအိမ်ထဲကို တိုက်ရိုက်ထည့်ပေးရပါတယ်။ အစာအိမ်ထဲရောက်တဲ့အခါ ၎င်းနို့ရည်က အခဲအဖြစ် ပြောင်းလဲသွားမှာဖြစ်ပါတယ်။ ဒိနည်းနဲ့ပဲ သားလောင်းလေးတွေက မိခင်နို့ရည်အားလုံးကို ရရှိစားသုံးကြရတာဖြစ်ပါတယ်။
ပိုးဟပ်နို့ဟာ ကမ္ဘာပေါ်မှာ အာဟာရအပြည့်ဝဆုံးနို့ ဖြစ်ပါတယ်
လူအတော်များများက နို့တိုက်သတ္တဝါတွေရဲ့နို့ ဒါမှမဟုတ် ကျွဲနို့ကို အာဟာရအပြည့်ဝဆုံးလို့ ထင်ထားကြပေမယ့် ပိုးဟပ်နို့ကသာ အာဟာရအပြည့်ဝဆုံးဖြစ်ကြောင်း လေ့လာစမ်းသပ်မှုတစ်ခုက ဖော်ပြထားပါတယ်။ ပိုးဟပ်နို့ထဲမှာ Lili-Mip ခေါ် ပရိုတင်းပုံဆောင်ခဲတစ်မျိုးအပြင် သကြားနဲ့ အဆီဓါတ်တို့ ပါဝင်ပါတယ်။ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က ပိုးဟပ်နို့ကို ဓါတ်ခွဲလေ့လာကြည့်တဲ့အခါ သာမန်မွေးမြူရေးခြံထွက် နို့တွေထက် ကယ်လိုရီပါဝင်မှုများပြီး စွမ်းအင် ၃ဆပိုမိုပေးစွမ်းနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ပိုးဟပ်နို့ဟာ ကျန်းမာရေးအတွက်ပြီးပြည့်စုံတဲ့ အာဟာရဖြည့်စွက်စာတစ်ခုလို့တောင် သတ်မှတ်နိုင်ပါတယ်။
ပိုးဟပ်နို့သောက်သုံးခြင်းက ကိုယ်အလေးချိန်တက်စေမယ့် နည်လမ်းတစ်မျိုး ဖြစ်ပါတယ်။
ပိုးဟပ်နို့မှာ ပရိုတင်းပြည့်ဝစွာပါဝင်တဲ့အတွက် ကိုယ်အလေးချိန်လျှော့ချနေသူတွေ သောက်သုံးဖို့မသင့်တော်ပါဘူး။ နေ့စဉ် ကယ်လိုရီအများအပြား စားသောက်နေတဲ့ အနောက်တိုင်းသားတွေဟာလည်း ပြည့်ဝပရိုတင်း ဖြည့်စွက်သောက်သုံးဖို့ မလိုအပ်ပါဘူး။ အကယ်၍ သင်က အချိန်တိုအတွင်း ကယ်လိုရီအများအပြား ရရှိချင်တယ်ဆိုရင်တော့ ပိုးဟပ်နို့က လွယ်လွယ်ကူကူ သက်သက်သာသာ သောက်သုံးနိုင်တဲ့ အကောင်းဆုံးဖြည့်စွက်စာတစ်ခုပါပဲ။
ပိုးဟပ်စားခြင်းက ကျန်းမာရေးနဲ့ညီညွတ်ပါတယ်
တရုတ်နိုင်ငံမှာ စားသောက်ဆိုင်တွေ၊ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတွေအတွက် ပိုးဟပ်အများအပြားမွေးမြူထားတဲ့ ခြံတစ်ခြံတောင်ရှိနေပါပြီ။ သင့်အနေနဲ့ ဘက်တီးရီးယားပိုးမွှားသန့်စင်ပြီး ချက်ပြုတ်ထားတဲ့ ပိုးဟပ်တွေကို စိတ်ချလက်ချ စားသုံးနိုင်ပါတယ်။ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ စတဲ့ နိုင်ငံအချို့က စားသောက်ဆိုင်တွေမှာ ပိုးဟပ်ဟင်းလျာတွေကို မီနူးထဲထည့်လာကြပါပြီ။
ပိုးဟပ်မှာပါတဲ့ အာဟာရဓါတ်တွေက လူကိုအန္တရာယ်ဖြစ်စေနိုင်ခြင်း ရှိမရှိကိုတော့ သိပ္ပံနည်းကျ သက်သေမပြနိုင်သေးပါဘူး။ ဒါပေမယ့် လူတွေအတွက် အဆိပ်အတောက်မဖြစ်တာ သေချာရင် တစ်နေ့နေ့တစ်ချိန်ချိန်မှာ ပိုးဟပ်နို့ကို နေရာမရွေး အလွယ်တကူ ဝယ်ယူသောက်သုံးနိုင်တော့မှာပါ။ စတိုးဆိုင်တွေ၊ စူပါမားကတ်တွေကလည်း ပိုးဟပ်နို့ကို သာမန်စားသောက်ကုန်တစ်ခုလိုပဲ တင်သွင်းရောင်းချတော့မှာပါ။
Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-bmr]

















