brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Maple Syrup ကျန်းမာစေသလား

Maple Syrupက မြန်မာလူမျိုးတွေနဲ့ ခပ်စိမ်းစိမ်း ဖြစ်နေနိုင်ပေမယ့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးလေးတွေ ရှိနေတာမို့ ဗဟုသုတ ရအောင် နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာ Maple Syrup ဆိုတာ ဘာလဲ။ ဘယ်လို အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်လဲ ဆိုတာကို ပြောပြပေးသွားပါမယ်။

Maple Syrup ကျန်းမာစေသလား

Maple Syrup ဆိုတာ ဘာလဲ

Maple Syrupဆိုတာ Mapleပင်ကနေရတဲ့ အချိုဓာတ်ပါတဲ့ အစေးတစ်မျိုးပါ။ အပင်ရဲ့ ပင်စည်ကို အပေါက်ကလေး ဖောက်ပြီး ဒီအစေးကို ရယူတာပါ။ Maple ပင်က သူ့ရဲ့ ကစီဓာတ်ကို အမြစ်တွေ နဲ့ အကိုင်းအခက်တွေထဲမှာ သိုလှောင်ထားတတ်ပါတယ်။ အထူးသဖြင့် ဆောင်းရာသီမှာပေါ့။ နွေဦးကာလ ရောက်တဲ့အခါ ဒီလို ကာလရှည်ကြာ စုဆောင်းထားတဲ့ ကစီဓာတ်တွေကို အချိုဓာတ်ပါတဲ့ အစေးတွေအဖြစ်ပြောင်းလဲလိုက်ပါတယ်။

ဒီအချိုဓာတ်ပါတဲ့ အစေးတွေကို ပင်စည်ထဲက ရေဓာတ်နဲ့ ပေါင်းစပ်ပြီး ရရှိလာတဲ့ ပင်စည်ကနေကျတဲ့ အစေးနဲ့ရေနဲ့ ရောနေတဲ့ အရောကို ပေါင်းခံလိုက်တဲ့အခါ ဓာတုပစ္စည်း ကင်းစင်တဲ့ Maple Syrupကို ရရှိပါတယ်။ မျက်လုံးထဲ မြင်သာအောင် ပြောပြရရင် Maple Syrupက ပျားရည်နဲ့ ခပ်ဆင်ဆင်တူပြီး သကြားအညိုကို ညောင်စေးကျအောင် ကျိုထားတာနဲ့ ခပ်ဆင်ဆင် တူပါတယ်။

အမေရိကဒေသမျိုးရင်းပင် ဖြစ်တဲ့ Maple ပင်ကနေ ထုတ်လုပ်ထားတဲ့ အနှစ်ပါ။ ပျားရည်လိုပဲ စားသုံးလို့ ရပါတယ်။ Maple Syrup သဘာဝဆန်သလို အာဟာရတန်ဖိုးလည်း မနည်းပါဘူး။

Maple Syrupမှာပါတဲ့ အာဟာရဓာတ်တွေ

Maple Syrupမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

  • ရေဓာတ်
  • ပရိုတင်း
  • အဆီဓာတ်
  • ကာဗိုဟိုက်ဒရိတ်
  • သကြားဓာတ်
  • ဆူးခရို့စ်
  • ဂလူးကို့စ်
  • ဖရက်တို့စ်
  • ကယ်လ်ဆီယမ်
  • သံဓာတ်
  • မဂ္ဂနီဆီယမ်
  • ဖော့စဖရပ်
  • ပိုတက်ဆီယမ်
  • ဆိုဒီယမ်
  • ဇင့်
  • ကော့ပါး
  • မဂ္ဂနိစ်
  • ဆီလီနီယမ်
  • ဗီတာမင် B1
  • ဗီတာမင် B2
  • ဗီတာမင် B3
  • ဗီတာမင် B5
  • ဗီတာမင် B6
  • ကိုလင်း
  • ဖက်တီးအက်စစ် တို့ ပါဝင်နေပါတယ်။

Maple Syrup ကျန်းမာစေသလား

Maple Syrup ကျန်းမာစေသလား

Maple Syrup ကျန်းမာစေသလား ဆိုတော့ ကျန်းမာစေပါတယ်။ ဘယ်လိုမျိုး ကျန်းမာစေတာလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

အရောင်ကျစေနိုင်တယ်

Maple Syrupမှာ polyphenol antioxidants ပါဝင်နေတာကြောင့် အရောင်ကျစေဖို့ ထောက်ကူပေးပါတယ်။ အဆစ်ရောင်နာ၊ အစာခြေစနစ်ရောင်ရမ်းတာ နဲ့ နှလုံးရောဂါတွေကို အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ အပင်ကနေရတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝမှုက ခန္ဓာကိုယ်ကို ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။

ကင်ဆာ ကာကွယ်ပေးတယ်

Maple Syrupက ဆဲလ်တွေကို မျိုးဗီဇပြောင်းလဲတာ၊ DNA ပျက်စီးတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ သဘာဝ အတိုင်းလုပ်ထားတဲ့ Maple Syrupက ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

အရေပြား ကျန်းမာစေတယ်

Maple Syrupကို အရေပြားပေါ်မှာ တိုက်ရိုက် လိမ်းပေးလို့ ရပါတယ်။ အရေပြားပေါ်က ရောင်ရမ်းတာတွေကို သက်သာစေနိုင်သလို ရေဓာတ်လည်း ဖြည့်ပေးပါတယ်။ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ အရေပြားပြဿနာတွေကို ကာကွယ်ပေးပြီး အရေပြား ကျိန်းစပ်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

အစာကြေစေတယ်

သန့်စင်ပြီးသား သကြားနဲ့ အချိုတွေက အစာခြေစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ Maple Syrupကတော့ အစာကြေစေနိုင်ပြီး လေပွတာ၊ လေထိုးလေအောင့်တာ၊ ဝမ်းချုပ်တာ၊ ဗိုက်အောင့်ဗိုက်နာတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတယ်

Maple syrupမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တော်တော်များများ ပါဝင်နေတာကြောင့် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်စေတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အမျိုးမျိုးသော ရောဂါတွေ အန္တရာယ်ကနေလည်း ကာကွယ်ပေးပါတယ်။ Maple syrupက အရောင်ရင့်လေလေ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝလေလေပါ။

နှလုံးကျန်းမာစေနိုင်တယ်

Maple syrupရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင် တစ်ရပ်က နှလုံး ကျန်းမာစေနိုင်တာပါ။ နှလုံးသွေးကြောကျဉ်းတာ၊ လေဖြတ်တာလိုမျိုးကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ဇင့်ပါဝင်နေတာကြောင့် နှလုံးသွေးကြောတွေ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။

ကိုယ်ခံအား ကောင်းစေတယ်

ဇင့် နဲ့ မဂ္ဂနိစ် ပါဝင်နေမှုက သွေးဖြူဥဆဲလ် အရေအတွက်ကို တိုးစေပြီး ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သတ္တုဓာတ် ကြွယ်ဝမှုက ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးပါတယ်။

Maple Syrup ကျန်းမာစေသလား

Maple Syrupကျန်းမာစေသလား ဆိုတော့
  • အရောင်ကျစေနိုင်တယ်
  • ကင်ဆာ ကာကွယ်ပေးတယ်
  • အရေပြား ကျန်းမာစေတယ်
  • အစာကြေစေတယ်
  • ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတယ်
  • နှလုံးကျန်းမာစေနိုင်တယ်
  • ကိုယ်ခံအား ကောင်းစေတယ်။
Aye Thi Mon
Aye Thi Mon
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။