backup og meta

သောက်သုံးရေ ရဲ့သက်တမ်း

နေ့စဉ်ရှင်သန်လုပ်ရှားနိုင်ဖို့ရေကအရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေတာပါ။ ထမင်းအသက် ၇ ရက် ရေ အသက် တစ်မနက် ရယ်လို့တောင် ဆိုရိုးရှိတယ်လေ။ ဒီလိုနေ့စဉ် ခန္ဓါကိုယ်ရဲ့ပြောင်းလဲမှုဖြစ်စဉ်တွေကိုကောင်းမွန်စွာလည်ပတ်နိုင်စေဖို့အရေးကြီးတဲ့ရေကို အခုနောက်ပိုင်းမှာရေသန့်ဗူးတွေနဲ့ ထည့်သွင်းပြီး PH7ရေသန့်စစ်စစ်လို့ရောင်းချလာကြပါတယ်။ ဒီဗူးတွေထဲမှာထည့်ထားတဲ့ သောက်သုံးရေ ရဲ့ သက်တမ်းက ဘယ်လောက်အထိပဲ စိတ်ချရတာလဲဆိုတာကို စဉ်းစားမိပါရဲ့လား။ ဒီဆောင်းပါးလေးထဲမှာရေသန့်ဗူးတွေထဲကရေရဲ့ သက်တမ်းကိုပြောပြပေးမယ်နော်။

သောက်သုံးရေ ရဲ့သက်တမ်း

ရေကလူကြိုက်များတဲ့သောက်စရာတစ်ခုပါ။ရေက ကျန်းမာရေးအတွက်အကျိုးကျေးဇူးများပြီးဘေးထွက်ဆိုးကျိုး လုံးဝမရှိပါဘူးငွေကြေးကုန်ကျမှုနည်းတဲ့သောက်စရာတစ်မျိုးလည်းဖြစ်ပါတယ်။ လူတွေကရေဗူးတွေကို အိမ်မှာနေ့စဉ်သောက်သုံးဖို့၊ ခရီးသွားတဲ့အခါယူသွားဖို့၊ ဒါမှမဟုတ် အပြင်သွားတဲ့အခါ လွယ်လင့်တကူသောက်သုံးလို့ရအောင် ယူဆောင်သွားကြတာပါ။

ရေဗူးဝယ်ယူတဲ့အခါ သတိထားရမယ့်အချက်တွေက

  • ရေက သန့်ရှင်းမှုရှိရဲ့လား
  • ထုပ်ပိုးထားတာတွေ ပျက်စီးနေလား
  • ရေဗူးက နေရောင်နဲ့တိုက်ရိုက်ထိတွေ့နိုင်တဲ့နေရာမှာထားထားတာလား
  • FDA ရဲ့ခွင့်ပြုချက်ရထားရဲ့လား
  • ကုန်ဆုံးရက်ကဘယ်နေ့လဲ
  • ရေမှာ အရောင်ရှိနေလား ဆိုတာတွေကိုသေချာဆန်းစစ်ဖို့လိုပါမယ်။

ရေဗူးထဲက သောက်သုံးရေ ရဲ့ သက်တမ်းက

အမှန်တော့ သောက်သုံးရေ ရဲ့ သက်တမ်းမှာ ကုန်ဆုံးတယ်ဆိုတာမရှိပါဘူး။ ထည့်သွင်းထားတဲ့ ဗူးအနေအထားကြောင့်သာရေထဲမှာ ဓါတုဓါတ်ပြုမှုတွေဖြစ်နိုင်တာပါ။FDA ကချမှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း လိုက်နာလုပ်ဆောင်ပြီးထုတ်လုပ်ထားမယ်ဆိုရင် ရေဗူးထဲကရေရဲ့ သက်တမ်းက ၂ နှစ်အထိကြာမြင့်မှာပါ။ရေရဲ့နောက်ထပ်ဂုဏ်သတ္တိတစ်ရပ်က သူကိုယ်တိုင်အဆိပ်အတောက်ြဖစ်စေတာမျိုးမရှိပါဘူး။ ဥပမာပြောပြရရင်မြစ်ရေကလူတွေနဲ့စက်ရုံတွေရဲ့ စွန့်ပစ်ပစ္စည်းေတွကြောင့်သာ ညစ်ညမ်းတာဖြစ်ပြီး သူ့အလိုလိုညစ်ညမ်းနေတယ်ဆိုတာမရှိပါဘူး။ ကန်ရေတွေ ညစ်ညမ်းတာကလည်း လူတွေရဲ့ မဆင်မခြင်လုပ်ရပ်တွေကြောင့်ပါ။ ဒီလိုပါပဲသောက်သုံးရေတွေမှာလည်း သက်တမ်းကုန်ဆုံးသွားတယ်။ ညစ်ညမ်းသွားတယ်ဆိုတာ မရှိပါဘူး။

အခုပြောပြချင်တာကလည်း ဗူးတွေမှာထည့်ထားတဲ့ရေတွေကနေရောင်နဲ့ တိုက်ရိုက်ထိတွေ့မယ် ဆိုရင် ဗူးကိုထုတ်လုပ်ထားတဲ့ ပလပ်စတစ်မှာပါတဲ့ ဓါတုပစ္စည်းတွေက ထွက်လာပြီးရေထဲမှာပျော်ဝင်သွားတဲ့အခါရေကကျန်းမာရေးကို ထိခိုက်လာစေနိုင်မှာပါ။နောက်တစ်ချက်ကရေဗူးတွေကို သိုလှောင်တဲ့အခါအေးမြပြီးနေရောင်နဲ့တိုက်ရိုက်ထိတွေ့မှုမရှိတဲ့နေရာမှာ သိမ်းထားသင့်ပြီးရေဗူးတွေကို သန့်ရှင်းရေးသုံးပစ္စည်းတွေ၊ ဓါတ်ဆီထည့်ထားတဲ့ဗူးတွေ၊အိမ်သုတ်ဆေးဗူးတွေ နဲ့ အခြားအနံ့ပြင်းတဲ့အရာတွေ၊ အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေနဲ့ အတူတူကပ်ပြီး သိမ်းဆည်းတာမျိုးမလုပ်သင့်ပါဘူး။

သောက်သုံးရေကို ဗူးထဲထည့်ပြီး အခန်းအပူချိန်မှာထားသောက်သုံးမယ်ဆိုရင် ၄ နာရီကနေ ၈ နာရီအတွင်းပဲထားသင့်ပါတယ်။ တကယ်လို့ရေခဲသေတ္တာထဲ ထည့်ထားမယ်ဆိုရင် ၄ ရက် ကနေ ၅ရက်အထိထားလို့ရပါတယ်။ရေကို အမြဲတမ်းသန့်ရှင်းနေစေချင်ရင် ဖွင့်သောက်ပြီးတာနဲ့ ဗူးကိုရေခဲသေတ္တာထဲချက်ချင်းထည့်လိုက်ပါ။

လေ့လာမှုတွေအရနေရောင်နဲ့တိုက်ရိုက်ထိတွေ့ထားတဲ့ရေဗူးထဲကရေကိုသောက်သုံးမှုကြောင့် အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ခံစားကြရပြီး အမျိုးသားတွေမှာလည်း ကင်ဆာရောဂါတွေခံစားရတာရှိပါတယ်။ လို့တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့်ရေသန့်ဗူးတွေကိုသောက်သုံးတဲ့အခါ ကျန်းမာရေးနဲ့ညီညွတ်ပြီး PH7ပြည့်ဝတဲ့ရေကိုသောက်သုံးမိစေဖို့အတွက်နေရောင်နဲ့တိုက်ရိုက်ထိတွေ့ထားတာ မရှိဘဲအေးမြပြီးနေရောင်နဲ့တိုက်ရိုက်ထိတွေ့မှုမရှိတဲ့နေရာမှာ သပ်သပ်ရပ်ရပ်သိမ်းဆည်းထားဖို့လိုပါမယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.eatbydate.com/drinks/how-long-does-water-last-shelf-life-expiration-date/

http://www.koiyaki.com/long-bottled-water-last-best-storage-options-long-term/

https://www.livealittlelonger.com/how-long-does-bottled-water-last/

ယခုပုံစံ

20/01/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်အသားအရေမှာ ရေဓါတ်ခမ်းခြောက်တဲ့အခါ ဘာတွေဖြစ်လာမှာလဲ

ရေဓါတ်ဆုံးရှုံးခြင်းနှင့် ပတ်သက်ပြီး သင်သိထားသင့်သော အကြောင်းအရာများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ