backup og meta

ပုစွန်စာရွက် ရဲ့ ကျန်းမာရေးအာနိသင်

အာလူးလေးနဲ့ရောပြီးကြော်စားစား၊ အရွက်တစ်ခုခုနဲ့ရောကြော်ကြော်၊ ဘယာကြော်ထဲမှာပဲထည့်ကြော်ကြော်စားလို့ကောင်းတဲ့ အလေ့ကျပေါက်ပင်လေးတစ်ခုရှိတယ်လေ။ အဲ့ဒါက အခုလိုမိုးလေးကျရင် လယ်ကန်သင်းရိုး၊ ကန်ဘောင်ရိုးတို့မှာ အလေ့ကျပေါက်တတ်တဲ့ ပုစွန်စာရွက် လေးပါ။ ဒီအရွက်လေးက စားကောင်းရုံတင်မကပါဘူး။ အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေကိုပါရရှိစေနိုင်ပါသေးတယ်။

ပုစွန်စာရွက် ရဲ့ ကျန်းမာရေးအာနိသင်

ပုစွန်စာရွက်

ပုစွန်စာရွက်ကမြေပြင်မှာကပ်ပေါက်တဲ့အပင်ငယ်တစ်မျိုးပါ။ အရွက်ချွန်ချွန၊ အရိုးပွပွလေးနဲ့ အပွင့်ဖြူဖြူလေးတွေပွင့်ကြပါတယ်။ အာရှဒေသတော်တော်များများမှာပေါက်ရောက်ကြပါတယ်။ အရိုးက အနီရောင်လေးရှိတတ်ပါတယ်။ စားလိုက်ရင် ကြွပ်ကြွပ်လေးနဲ့ စားကောင်းတဲ့အရွက်လေးတစ်မျိုးပေါ့။ ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။

ဒီလိုလေးဆေးဖက်ဝင်ပါတယ်

အသက်ရှုလမ်းကြောင်းကို ကျန်းမာစေနိုင်တယ်

အအေးမိတာကြောင့် နှာစေးနှာပိတ် ဖြစ်နေသူတွေနဲ့ အထူးသင့်တော်ပါတယ်။ ပုစွန်စာရွက်က နာကျင်ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပြီး ချွဲတွေကို ကင်းစင်စေနိုင်တာကြောင့် အသက်ရှုရတာကို လွယ်ကူစေနိုင်ပါတယ်။ အအေးမိတာကြောင့်ဖြစ်တဲ့ လည်ချောင်းနာတာ၊လေပြွန်ရောင်ရမ်းတာတွေအတွက်လည်း ပုစွန်စာရွက်ကိုရေနွေးဆူဆူထဲထည့်ပြုတ်ပြီးသောက်ပေးလို့ရပါတယ်။

ဓါတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတယ်
ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် ခန္ဓါကိုယ်ကို ကျန်းမာစေနိုင်ပါတယ်။free radicalsတွေကြောင့် ဆဲလ်တွေမပျက်စီးအောင်ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်တွင်းအင်္ဂါတွေကို ကျန်းမာစေနိုင်ပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို တားဆီးပေးပါတယ်။

ပင်ပန်းတာကို သက်သာစေနိုင်တယ်

ပုစွန်စာရွက်က စိတ်ဓါတ်ကျတာ၊ ပင်ပန်းနွမ်းနယ်တာ၊ခြေကုန်လက်ပမ်းကျတာတွေကို သက်သာစေနိုင်ပြီး ခန္ဓါကိုယ်မှာ ကာလရှည်ကြာခံစားနေရတဲ့ နာကျင်မှုတွေကိုလည်းလျော့ပါးသက်သာစေနိုင်ပါတယ်။

သွားဖုံးကျန်းမာစေတယ်

သွားဖုံးရောင်တာ၊ သွားဖုံးသွေးယိုတာတွေအတွက်လည်း ပုစွန်စာရွက်ကအသုံးဝင်ပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတာကြောင့် ခံတွင်းရောဂါကိုဖြစ်စေတဲ့ ဘက်တီးရီးယာတွေကို အကောင်းဆုံးဖယ်ရှားပေးနိုင်မှာပါ။ သွားနဲ့ခံတွင်းပြဿနာတွေကင်းစေဖို့ ပုစွန်စာရွက်ကိုရေနွေးနဲပ ကျိုပြီး ပလုပ်ကျင်းပေးလို့ရပါတယ်။ သတ္တုရည်ကို သွားဖုံးရောင်တဲ့နေရာမှာ စွတ်ပေးလို့ရပါတယ်။

ကျောက်ကပ်ကျောက်တည်တာကို သက်သာစေနိုင်တယ်

ဆီးသွားတိုင်းနာကျင်နေရတဲ့ ကျောက်ကပ်ကျောက်တည်တဲ့ပြဿနာနဲ့ ဆီးလမ်းကြောင်းပြဿနာတွေ ကင်းစေဖို့လည်း ပုစွန်စာရွက်ကို အားကိုးလို့ရပါတယ်။ ပုစွန်စာရွက်မှာပါတဲ့ သဘာဝ ဒြပ်ပေါင်းကကျောက်ကပ်ကကျောက်တွေကိုကြေစေနိုင်ပါတယ်။ ကာကွယ်ဖို့အတွက်ရော ကုသဖို့အတွက်ပါ အသုံးပြုလို့ရပါတယ်။

အရေပြားကျန်းမာစေနိုင်တယ်

အရေပြားအတွက်လည်း အကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။ ဖလေဗာနွိုက်ပါဝင်တာကြောင့် အသားအရေကို တင်းရင်းစေပြီး အရွယ်တင်နုပျိုစေသလို အရေပြားပြဿနာတွေကင်းဝေးစေပါတယ်။

ဘယ်သူတွေမစားသင့်ဘူးလဲ

ပုစွန်စာရွက် ကဆေးဖက်ဝင်တယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေနဲ့ရောဂါအခံတစ်ခုခုရှိသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

20/07/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မယ်ဇလီ

ဆေးဖက်ဝင်တဲ့ သင်္ဘောမယ်ဇလီ



Aye Thi Mon မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ