brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အိုင်အိုဒင်း ကြွယ်ဝတဲ့အစားအစာ (၆) မျိုး

ခန္ဓာကိုယ် ကျန်းမာစေဖို့အတွက် နေ့စဉ် စားသုံးမှုကနေ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပြည့်ဝဖို့ လိုပါမယ်။ သတ္တုဓာတ်တွေ ပြည့်ဝဖို့ဆိုတဲ့ထဲမှာ အိုင်အိုဒင်း ပြည့်ဝစေဖို့ကလည်း အရေးကြီးပါတယ်။ ဒီတော့ အိုင်အိုဒင်း ဆိုတာ ဘာလဲ။ ဘယ်လို အစားအစာတွေကနေ အိုင်အိုဒင်းကို ရရှိနိုင်မလဲဆိုတာကို ပြောပြပေးပါမယ်။

အိုင်အိုဒင်း ကြွယ်ဝတဲ့အစားအစာ (၆) မျိုး

အိုင်အိုဒင်းဆိုတာ

အိုင်အိုဒင်းက ခန္ဓါကိုယ်အတွက်အရေးပါတဲ့ သတ္တုဓါတ်တစ်မျိုးပါ။ ဒီအရေးပါတဲ့ အိုင်အိုဒင်း ကို အစားအသောက်ကနေတဆင့်ရရှိနိုင်ပါတယ်။ အိုင်အိုဒင်းကို အဓိကလိုအပ်တဲ့အစိတ်အပိုင်းက သိုင်းရွိုက်ဂလင်းပါ။ ခန္ဓာကိုယ်အတွက်အရေးပါတဲ့ သိုင်းရွိုက်ဟော်မုန်းတွေကို ထုတ်လွှတ်ဖို့အတွက် အိုင်အိုဒင်းကိုလုံလောက်စွာရရှိဖို့လိုပါမယ်။

ဒီတစ်ခေါက်တော့ အိုင်အိုဒင်း ကြွယ်ဝတဲ့အစားအစာ လေးတွေ အကြောင်း ပြောပြပေးချင်ပါတယ်။

အိုင်အိုဒင်း ကြွယ်ဝတဲ့အစားအစာ (၆) မျိုး

အိုင်အိုဒင်း လုံလောက်စွာရရှိဖို့ဘာတွေစားမလဲ………… ဆိုပြီး စဉ်းစားရခက်နေပြီလား။ ဒါဆိုရင် အိုင်အိုဒင်း ကြွယ်ဝတဲ့ အစားအစာ တွေကို ကြည့်လိုက်ပါဦး။

(၁) ရေညှိ

ရေညှိ

ဓါတ်တိုးဆန့်ကျင်အာနိသင်၊ ဗီတာမင် နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်နေပြီး ကယ်လ်လိုရီပါဝင်မှုနည်းတာကြောင့် ကျန်းမာရေးနဲ့ညီညွတ်သလို အိုင်အိုဒင်းလည်း ကြွယ်ဝစွာပါဝင်နေပါတယ်။ အိုင်အိုဒင်းကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓါကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေမှာပါ။

(၂) နို့ထွက်ပစ္စည်းတွေ

နို့ထွက်ပစ္စည်းတွေက အိုင်အိုဒင်းကြွယ်ဝစွာပါဝင်နေတဲ့ အစားအသောက်အရင်းအမြစ်တွေထဲကတစ်ခုပါ။ ဒါကြောင့် ခန္ဓါကိုယ်မှာ အိုင်အိုဒင်းကြွယ်ဝနေစေဖို့အတွက် တစ်နေ့ကို နို့တစ်ခွက်သောက်ပေးပါ။ ဒိန်ချဉ်၊ ချိစ်နဲ့ အခြားသော နို့ထွက်ပစ္စည်းတွေကလည်း အိုင်အိုဒင်းကြွယ်ဝစွာပါဝင်နေပါတယ်။

(၃) အိုင်အိုဒင်းဆား

အိုင်အိုဒင်းဖြည့်စွက်ထားတဲ့ အိုင်အိုဒင်းဆားက သိုင်းရွိုက်ဂလင်းကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့အတွက် အားဖြည့်ပေးတဲ့ အိုင်အိုဒင်းဓါတ်ကို အပြည့်အဝရရှိစေမယ်ဆိုတာပြောနေစရာတောင်မလိုအောင်ပါ။ ဒါကြောင့်တစ်နေ့တာစားသုံးတဲ့ အစားအစာတွေထဲမှာ အိုင်အိုဒင်းဆားကို စားပွဲတင်ဇွန်း ၄ ပုံ ၁ ပုံလောက်ပါဝင်အောင်စားသုံးပေးပါ။

(၄) ပုစွန်

ကယ်လ်လိုရီပါဝင်မှုနည်းပြီး ပရိုတင်းကြွယ်ဝတဲ့ ပင်လယ်စာတစ်မျိုးပါ။ အိုင်အိုဒင်းကြွယ်ဝတဲ့ အစားအစာတစ်မျိုးဆိုလည်း မမှားပါဘူး။ ပုစွန်က ဗီတာမင် B12၊ ဆီလီနီယမ်၊ဖော့စဖရိတ်တို့ကို အကောင်းဆုံးဖြည့်တင်းပေးနိုင်ပါတယ်။

ကယ်လ်လိုရီ နည်းပြီး အိုင်အိုဒင်း နဲ့ ပရိုတင်း ကြွယ်ဝတဲ့ ပင်လယ်ငါး တစ်မျိုးပါ။ ဒီ အာဟာရဓါတ်တွေ အပြင် ပိုတက်ဆီယမ်သံဓါတ် နဲ့ ဗီတာမင် B အုပ်စုတွေပါဝင်နေ ပါတယ်။ အဆီ ပါဝင်မှု နည်းပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားစရာတစ်ခုပါ။

(၆) ဥအမျိုးမျိုး

အိုင်အိုဒင်း ကြွယ်ဝတဲ့ အစားအစာတွေ ထဲကတစ်ခုပေါ့။ ကယ်လ်လိုရီ ပါဝင်မှု နည်းသလို ပရိုတင်း၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကြက်ဥ အနှစ်မှာ အိုင်အိုဒင်း နဲ့ အခြား အရေးပါတဲ့ အာဟာရဓါတ် များစွာ ပါဝင်နေပါတယ်။

ကဲ ….. အိုင်အိုဒင်း ကြွယ်ဝတဲ့ အစားအစာတွေ ကို သိသွားပြီဆိုတော့ နေ့စဉ် စားသုံးမှုမှာ ပါဝင်အောင် စားသုံးလိုက်တော့နော်။

အိုင်အိုဒင်း ကြွယ်ဝတဲ့အစားအစာများ

အိုင်အိုဒင်း ကြွယ်ဝတဲ့အစားအစာတွေကတော့
  • ရေညှိ
  • အိုင်အိုဒင်းဆား
  • နို့ထွက်ပစ္စည်း
  • ပုစွန်
  • ဥအမျိုးမျိုး
  • တူနာငါး တို့ပါ။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 20/07/2022 ဖြစ်ပါသည်။