brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

HMB အကြောင်း သိကောင်းစရာ

ပရိုတင်း၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ် စတဲ့အာဟာရဓာတ်တွေကို လူသိများကြပေမယ့် အခုပြောပြမယ့် HMB ဆိုတာကို သိသူရှားမယ်ထင်ပါတယ်နော်။ ကြားဖူးတဲ့သူတောင် ခပ်ရှားရှားဖြစ်မလားဘဲ။ ဒီလူသိပ်မသိသေးတဲ့ HMB ရဲ့ အကြောင်းကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

HMB အကြောင်း သိကောင်းစရာ

HMB ဆိုတာ ဘာလဲ………

Hydroxymethylbutyrate (HMB) ဆိုတာ leucine ကို ခန္ဓာကိုယ်က ဖြိုခွဲလိုက်တဲ့အချိန်မှာ ထွက်လာတဲ့ ဓာတုပစ္စည်းတစ်မျိုးပါ။ Leucine က အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်ပြီး ပရိုတင်းမှာ ပါဝင်ဖွဲ့စည်းထားတဲ့အရာတစ်မျိုးပေါ့။ တော်တော်များများက Hydroxymethylbutyrate (HMB) ကို ဆေးထုတ်လုပ်ရာမှာ အသုံးပြုကြပါတယ်။

Hydroxymethylbutyrate (HMB) ကို ဘယ်လိုတွေခေါ်သေးလဲ……..

Hydroxymethylbutyrate (HMB) ကို Beta-hydroxy-beta-methylbutyrate၊ B-Hydroxy B-Methylbutyrate Monohydreate၊ Beta-Hydroxy-Beta-Methylbutyric Acid၊ Calcium B-Hydroxy B-Methylbutyrate Monohydrate၊ Calcium HMB၊ Hidroximetilbutirato၊ HMB de Calcium၊ Hydroxyméthylbutyrate၊ Hydroxymethyl Butyrate နဲ့ Hydroxyméthyl Butyrate ဆိုပြီး အမျိုးမျိုးခေါ်ကြပါတယ်။

HMB ရဲ့ အသုံးဝင်ပုံက

Hydroxymethylbutyrate (HMB) ကို များသောအားဖြင့်က ကြွက်သားဖွံ့ဖြိုးစေဖို့ နဲ့ ကြွက်သားဆုံးရှုံးမှုတွေမဖြစ်အောင် ကာကွယ်ဖို့အတွက် အသုံးပြုကြပါတယ်။

ခုခံအားကျဆင်းမှုကူးစက်ရောဂါကြောင့် ကိုယ်အလေးချိန် ကျဆင်းသွားသူတွေအနေနဲ့ ကိုယ်အလေးချိန်တိုးစေဖို့ဆိုရင် HMB ကို သောက်သုံးလို့ရပါတယ်။ ကိုယ်အလေးချိန်ကျဆင်းမှုကို အထိရောက်ဆုံးဟန့်တားပေးနိုင်သလို ကိုယ်ခံအားစနစ်တိုးတက်စေဖို့လည်း အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။ ဒါကြောင့် ခုခံအားကျဆင်းမှုကူးစက်ရောဂါခံစားနေရသူတွေအနေနဲ့ HMB ကို ပုံမှန်သောက်သုံးပေးသင့်ပါတယ်။

ကင်ဆာရောဂါလိုမျိုး နာတာရှည်ရောဂါတစ်ခုခုကြောင့် ကိုယ်အလေးချိန်ကျဆင်းတာကို ကာကွယ်ဖို့ဆိုရင်လည်း HMB ကအသုံးတည့်တဲ့အရာတစ်ခုပါ။ ရောဂါခံစားနေရသူတွေအနေနဲ့ နေ့စဉ်ပုံမှန် HMB ကိုသောက်သုံးပေးတာက သင့်တင့်တဲ့ကိုယ်အလေးချိန်ကို ရရှိစေပြီး ကိုယ်ခံအားကောင်းစေဖို့ အားဖြည့်ပေးနိုင်မှာပါ။

HMB ကို နောက်ထပ်အသုံးပြုလို့ရတဲ့နည်းလမ်းတစ်ခုက အသက်အရွယ်ကြောင့်ဖြစ်တဲ့ ကြွက်သားဆုံးရှုံးမှုကို နှေးစေဖို့အတွက် အသုံးပြုလို့ရတာပါ။ အသက်အရွယ်ရလာတဲ့ ဖိုးဖိုးဖွားဖွားတွေအနေနဲ့ နေ့စဉ် HMB ကို သောက်သုံးပေးတာက အသက်ကြီးလာတဲ့အခါမှာ ခံစားရတဲ့ ကြွက်သားဆုံးရှုံးမှုမဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။

လေ့လာမှုတွေအရ တွေ့ရှိချက်အချို့

လေ့လာမှုတွေအရတော့ HMB ကို သောက်သုံးတာက အားကစားသမားတွေကို လေ့ကျင့်ခန်းတွေပိုမိုလုပ်ဆောင်နိုင်စေတယ်လို့တွေ့ရှိခဲ့ရသလို ဆီးချိုရောဂါခံစားနေရသူတွေမှာဖြစ်တတ်တဲ့ ခြေထောက်အနာကို သက်သာစေဖို့ ပံ့ပိုးပေးနိုင်တယ်လို့လည်း ဆိုပါတယ်။ လေ့ကျင့်ခန်းကြောင့် ကြွက်သားထိခိုက်နာကျင်မှုတွေကို သက်သာစေဖို့အတွက်လည်း အသုံးပြုလို့ရပါသေးတယ်။

ဒါတွေအပြင် HMB က သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်သလို ကြွက်သားတွေဖွံ့ဖြိုးစေပြီး ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ အဝလွန်တာ မဖြစ်အောင် ကာကွယ်ပေးနိုင်သလို ခွဲစိတ်မှုခံယူပြီးချိန်မှာလည်း မြန်မြန်အနာကျက်စေဖို့ အထောက်အပံ့ပေးနိုင်ပါသေးတယ်။

ဘယ်သူတွေနဲ့ အသင့်တော်ဆုံးလဲ…………

HMB က ဆေးဆိုတာထက် သူ့ကို ဖြည့်စွက်စာအနေနဲ့ အတွေ့ရများနိုင်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Aye Thi Mon · 07/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။