ဘဲကင် ဆိုရင် စားလို့ကို မဝတာ။ အသားတွေထဲမှာ ဘဲသားမှ ဘဲသားဆိုပြီး ကြိုက်သူတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။
ဘဲကင် ဆိုရင် စားလို့ကို မဝတာ။ အသားတွေထဲမှာ ဘဲသားမှ ဘဲသားဆိုပြီး ကြိုက်သူတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။

ဘဲသားလို့ ပြောလိုက်ရင် သွေးတက်မယ်။ အအေးစာ မစားနဲ့ဆိုပြီး ပြောတာကို ငယ်ကတည်းက ကြားဖူးကြမှာပါ။ တကယ်ကတော့ ဘဲသားက ထင်နေသလောက် မဆိုးသလို ကျန်းမာရေးအတွက် အကျိုးပြုတာလေးတွေ ရှိပါတယ်။ ဘာတွေများ ဖြစ်မလဲဆိုတာကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။
ဘဲသားမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

အသားတွေထဲမှာမှ ဘဲသားကို ကြိုက်လို့ ဘဲကင် စားလို့ကိုမဝဘူးဆိုရင် အခုလို အကျိုးကျေးဇူးလေးတွေ ရရှိနိုင်ပါတယ်။
ဘဲသားက ဘရာဇီးနက်ခ်၊ ငါး နဲ့ အခြား တိရစ္ဆာန်တွေကနေရတဲ့ ပရိုတင်းတွေလိုပဲ ကောင်းမွန်တဲ့ ဆီလီနီယမ်ကို ပေးစွမ်းနိုင်ပါတယ်။ ဆီလီနီယမ်က ဆဲလ်တွေ ပျက်စီးတာကို ကာကွယ်ဖို့နဲ့ အရောင်ကျစေဖို့ ထောက်ကူပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။ ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။
ဆီလီနီယမ်က သိုင်းရွိုက်ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဘဲသားမှာ ဆီလီနီယမ် ပါဝင်နေတာကြောင့် ထိုက်သင့်တဲ့ ပမာဏ စားသုံးပေးမယ်ဆိုရင် သိုင်းရွိုက် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။