ကြက်သွန်ဖြူ က ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုတာကတော့ ထွေထွေထူးထူး မပြောဘဲတောင် အားလုံးက သိထားပြီး ဖြစ်မှာပါ။ ကြက်သွန်ဖြူကို ဟင်းထဲ ထည့်ချက်တာမျိုး ရှိသလို တို့စားတာလည်း ရှိပါတယ်။ ဟင်းခါးထဲ ထည့်ချက်ရင်လည်း အနံ့ရော အရသာပါ ပြည့်စုံစေတဲ့ ဆေးဖက်ဝင်တဲ့ ဟင်းခတ် တစ်မျိုးပါ။
ဒီတစ်ခေါက်တော့ ဆေးဖက်ဝင်တဲ့ ကြက်သွန်ဖြူလေးကို ကျန်းမာရေးနဲ့ ညီညွတ်စွာနဲ့ နေ့စဉ် စားသုံးမိမယ့် နည်းလမ်းလေးတစ်ရပ်ကို ဖော်ပြပေးချင်ပါတယ်။ ဒါကတော့ မနက်ခင်းတိုင်းမှာ သောက်ပေးရမယ့် Garlic Tea လေး ပါ။ Morning မှာ Garlic Teaလေး သောက်ပေးပါ။ လို့ ပြောရတဲ့ အကြောင်းအရင်းကို အတူတူကြည့်လိုက်ရအောင်နော်။
Morning မှာ Garlic Tea လေး သောက်ပေးပါ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ အတူတူ ဆက်ကြည့်လိုက်ရအောင်လား ……
ကြက်သွန်ဖြူမှာ နှလုံး ကျန်းမာစေတဲ့ အာနိသင်တွေ ရှိပါတယ်။ အကြောင်းကတော့ ကြက်သွန်ဖြူမှာ allicin မှာ ပါဝင်နေတာကြောင့် နှလုံးသွေးကြော မကျဉ်းစေဖို့ ထောက်ကူပေးပါတယ်။ သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး သွေးတွင်းကိုလက်စထရောတွေကို ကျဆင်းစေနိုင်ပါတယ်။
သွေးကြောတွေမှာ ပိတ်ဆို့မှု ကင်းစေတာကြောင့် နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
ကြက်သွန်ဖြူက မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်သလို ဘက်တီးရီးယားတွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်အာနိသင်လည်း ကြွယ်ဝပါတယ်။ ခန္ဓာကိုယ်ကို ဘက်တီးရီးယားတွေ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ ကိုယ်ခံအားကိုလည်း အားဖြည့်ပေးနိုင်ပါတယ်။
Garlic tea လေး မှာ anti-carcinogenic အာနိသင် ပါဝင်နေတာကြောင့် ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ အစာအိမ်ကင်ဆာနဲ့ ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
အအေးမိတာ၊ ချောင်းဆိုးတာ၊ ထိပ်ကပ်နာ၊ အဖျား၊ နှာခေါင်းပိတ်၊ လည်ချောင်းနာတာတွေကို သက်သာစေနိုင်ပါတယ်။ ပန်းနာရင်ကျပ်ဖြစ်သူတွေကိုလည်း သက်သာစေနိုင်ပါတယ်။
အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
ဝိတ်ကျချင်တယ်ဆိုရင်တော့ ကြက်သွန်ဖြူ ရေနွေးကြမ်းလေး သောက်ပေးလို့ရပါတယ်။ အဆီကျစေပြီး ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေနိုင်သလို အစာစားချင်စိတ်ကို လျှော့ချပေးနိုင်ပါတယ်။
Garlic Teaလေး ဘယ်လို လုပ်မလဲ …..
Garlic Teaလေး လုပ်ဖို့အတွက်
- ရေနွေးဆူဆူ တစ်ခွက်စာထဲကို ကြက်သွန်ဖြူ ၂ မွှာ ၃ မွှာလောက် ထက်ခြမ်းပိုင်း ထည့်ပါ။
- ပြီးရင် သံပုရာသီး တစ်စိတ်ညှစ်ထည့်ပါ။
- ပျားရည်ကြိုက်ရင် အနည်းငယ် ထည့်လို့ ရပါတယ်။
- ပြီးရင် အဖုံးလေး အုပ်ထားလိုက်ပါ။
- ၁၅ မိနစ်ထားပြီးရင် သုံးဆောင်လို့ ရပါပြီ။
ပုံမှန် သောက်သုံးပေးမယ်ဆိုရင် ကျန်းမာလာတာကို တွေ့ရမှာပါ။