brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆန်လုံးညို နဲ့ ကျန်းမာရေး

နေ့စဉ် စားနေကျ ထမင်းစားရင် ကစီဓာတ်များတယ်၊ ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုပြီး ဆန်လုံးညို ပြောင်းစားမလား စဉ်းစားတယ်။ ဒါပေမယ့် ဆန်လုံးညိုက တကယ်ကော ကောင်းကျိုးများရဲ့လား သိချင်တယ်ဆိုတဲ့ သူတွေအနေနဲ့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ရင် ဆန်လုံးညို စားသင့်လား၊ မစားသင့်လားဆိုတာကို ဆုံးဖြတ်ချက် ချနိုင်မှာ သေချာပါတယ်။

ဆန်လုံးညို နဲ့ ကျန်းမာရေး

ဆန်လုံးညိုကပေးတဲ့ ကျန်းမာရေး

စားလိုက်ရင် တဖောက်ဖောက်နဲ့ စားကောင်းတဲ့ ညိုတိုတိုအရောင် ဆန်လုံးညိုလေးက

  • သွေးတွင်းကိုလက်စထရော ကျဆင်းစေနိုင်တယ်
  • ဆန်လုံးညိုမှာ ထမင်းထက် အမျှင်ဓာတ်ပိုမို ပါဝင်နေပါတယ်။ ဆန်လုံးညိုမှာပါတဲ့ ပျော်ဝင်နိုင်တဲ့ အမျှင်တွေနဲ့ အဆီက သွေးတွင်းက အကျိုးမပြု ကိုလက်စထရော (LDL ကိုလက်စထရော) ပမာဏကို ကျဆင်းစေနိုင်ပါတယ်။

    ဆန်လုံးညိုက သွေးတွင်း ကိုလက်စထရောကို ကျဆင်းစေပြီး နှလုံးကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

    ဆန်လုံးညိုမှာ ဓာတ်တိုးဆန့်ကျင်အာနိသင် ပါဝင်နေသလို အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အမျိုးမျိုးသော ကင်ဆာရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် အူမကြီး နဲ့ ရင်သားကင်ဆာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    ဆန်လုံးညိုမှာပါတဲ့ ဒြပ်ပေါင်းတွေက ကင်ဆာဆဲလ်တွေ မပြန့်ပွားအောင် ထိန်းချုပ်ပေးပြီး ကင်ဆာဆဲလ်တွေကို ခုခံနိုင်စေဖို့ ကိုယ်ခံအားကို အားဖြည့်ပေးပါတယ်။ ဆီးကျိတ်ကင်ဆာ ကာကွယ်ဖို့အတွက်လည်း ဆန်လုံးညိုကို စားပေးလို့ရပါတယ်။

    ဆန်လုံးညိုမှာ အာရုံကြောစနစ်ကို ကျန်းမာစေဖို့ အားဖြည့်ပေးတဲ့ manganese ပါဝင်နေပါတယ်။ manganese က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ fatty acids နဲ့ ဟော်မုန်းတွေ ထွက်ရှိအောင် အထောက်အကူပြုပေးပါတယ်။ အာရုံကြောစနစ် ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

    ဆန်လုံးညိုမှာပါဝင်နေတဲ့ Magnesium က ကိုယ်တွင်းက ကယ်လ်ဆီယမ်ပမာဏကို ထိန်းညှိပေးပြီး အာရုံကြော နဲ့ ကြွက်သားတွေကို ထိန်းညှိရာမှာ အထောက်အကူပြုပေးပါတယ်။ ဗီတာမင် E ပါဝင်နေတဲ့အတွက် ဓာတ်တိုးပစ္စည်းတွေကြောင့် ဦးနှောက် ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

    ဆန်လုံးညိုက သိမြင်မှုစွမ်းရည်ကို ကောင်းစေသလို အယ်လ်ဇိုင်းမားမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ ၂၀၁၈ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုတစ်ရပ်အရ သိရပါတယ်။

    • ကိုယ်ခံအား မြှင့်တင်ပေးတယ်

    ဆန်လုံးညိုမှာ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေ နဲ့ အပင်ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။ ဆန်လုံးညိုမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှုမရှိအောင် ကာကွယ်ပေးပါတယ်။

    ဆန်လုံးညို စားသုံးပေးတာက လိုအပ်တဲ့ အမျှင်ဓာတ်ကိုရော fatty acids ကိုပါ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

    ဆန်လုံးညိုက အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အဆာခံနိုင်စေပြီး အစာခြေစနစ် ကျန်းမာစေနိုင်သလို ကိုယ်အလေးချိန် ထိန်းညှိနေသူတွေနဲ့ အထူးသင့်တော်ပါတယ်။

    ဆန်လုံးညိုမှာပါတဲ့ အမျှင်ဓာတ်က သွေးကြောတွေထဲက အဆီတွေကို အထိရောက်ဆုံး ဖယ်ရှားပေးပြီး သွေးစီးဆင်းမှု ကောင်းစေသလို နှလုံး ကျန်းမာစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးပါတယ်။

    ဆန်လုံးညို စားသုံးတာက နှလုံးသွေးကြောဆိုင်ရာ ရောဂါမဖြစ်အောင် ကာကွယ်ပေးပြီး နှလုံးသွေးကြောကျဉ်းတာ၊ ကင်ဆာနဲ့ ဆီးချိုလိုမျိုး နာတာရှည်ရောဂါတွေမဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

    ဆန်လုံးညိုက ထမင်းဖြူလိုမျိုး သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဆန်လုံးညိုက သကြားဓာတ် ပါဝင်မှုနည်းပြီး အဆာခံစေတာကြောင့် သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    ဆန်လုံးညို စားသုံးတာက အမျိုးအစား (၂) ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်လို့ ၂၀၁၂ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုအရ သိရပါတယ်။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 11/03/2022 ဖြစ်ပါသည်။