brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Boysenberry ကပေးတဲ့ ကျန်းမာရေး

Boysenberry ရဲ့ သိပ္ပံ အမည်က Rubus ursinus var loganobaccus cv Boysenberry လို့ခေါ်ပါတယ်။ တကယ်ကတော့ Boysenberry ဟာ blackberry နဲ့ ခပ်ဆင်ဆင် တူပါတယ်။ ဒီလိုဆင်တူရတာက Boysenberry ဟာ raspberry၊ loganberry နဲ့blackberry သုံးမျိုး ပေါင်းစပ်ရာကနေ ဖြစ်လာတာကြောင့်ပါ။

Boysenberry ကပေးတဲ့ ကျန်းမာရေး

Boysenberry မှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ

Boysenberry သီးမှာ အာဟာရဓာတ်တွေ များစွာ ပါဝင်နေသလို ဗီတာမင် နဲ့ သတ္တုဓာတ် များစွာလည်း ပါဝင်နေပါတယ်။ ပါဝင်နေတဲ့ အာဟာရဓာတ်တွေကတော့

  • မဂ္ဂနိစ်
  • ဗီတာမင် B9
  • အမျှင်ဓာတ်
  • သံဓာတ်
  • ကာဗိုဟိုက်ဒရိတ်
  • ကော့ပါး
  • ဗီတာမင် K
  • ဗီတာမင် E
  • ဗီတာမင် B5 တို့ပါဝင်နေပါတယ်။
  • Boysenberry ကပေးတဲ့ ကျန်းမာရေး အာနိသင်တွေ

    Boysenberryမှာ ဓာတ်တိုးပစ္စည်းတွေကြောင့် ဦးနှောက်ဆဲလ်တွေ မပျက်စီးစေဖို့ ကာကွယ်ပေးနိုင်တဲ့ anthocyanins လို့ခေါ်တဲ့ သဘာဝ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ မှတ်ဉာဏ်စွမ်းရည်ကို မြှင့်တင်ပေးနိုင်သလို အခြား ကျန်းမာရေး အကျိုးကျေးဇူးတွေကိုလည်း ပေးစွမ်းပါသေးတယ်။

    Boysenberryကပေးတဲ့ ကျန်းမာရေး က ဘာတွေဖြစ်မလဲ…. အတူတူဖတ်ကြည့်လိုက်ရအောင်နော်။

    သွေးပေါင်ချိန်ကို ထိန်းညှိပေးတယ်

    Boysenberriesမှာ ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးတိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဘယ်ရီသီး တစ်ခွက်စာမှာ ပိုတက်ဆီယမ် ၁၈၃ မီလီဂရမ်ပါဝင်နေပါတယ်။ သွေးကြောတွေကို ပြေလျော့စေပြီး သွေးစီးဆင်းမှု ကောင်းစေတာကနေတဆင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။

    နှလုံး ကျန်းမာစေပြီး နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

    အစာခြေစနစ် ကျန်းမာစေတယ်

    Boysenberries မှာ နေ့စဉ် လိုအပ်တဲ့ အမျှင်ဓာတ် ပါဝင်နေတာကြောင့် အူမကြီးကို ကျန်းမာစေပြီး ဝမ်းမှန်စေဖို့ ထောက်ကူပေးပါတယ်။ သွေးကြောတွေ နံရံက အဆီတွေကို ဖယ်ရှားပေးပြီး သွေးတွင်း ကိုလက်စထရောကို ထိန်းညှိပေးပါတယ်။ အူနံရံတွေကို ကျန်းမာစေပြီး အာဟာရ စုပ်ယူမှု ကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

    ကျောက်ကပ် ကျောက်မတည်အောင် ကာကွယ်ပေးတယ်

    ဗီတာမင် K ကြွယ်ဝမှုက သွေးကြောတွေကို ကျန်းမာစေပြီး ကျောက်ကပ်မှာ ကျောက်တည်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဆီးချိုကို ကာကွယ်ပေးသလို ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။

    ဆီးချို ကာကွယ်ပေးတယ်

    ဗီတာမင် K ကြွယ်ဝမှုက ကျန်းမာစေဖို့ ထောက်ကူပေးပြီး ကျောက်ကပ် ကျောက်မတည်အောင် ကာကွယ်ပေးတဲ့အပြင် ဆီးချို မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ ဆီးချို မရှိသူသေးတွေ အနေနဲ့လည်း ကာကွယ်နိုင်စေဖို့ စားပေးလို့ ရပါတယ်။

    အမြင်အာရုံ ကောင်းစေတယ်

    ယနေ့ခေတ်မှာ လူတိုင်းနီးပါး ရင်ဆိုင်နေရတဲ့ အမြင်အာရုံ ပြဿနာတွေကို ပြေလည်စေဖို့လည်း Boysenberriesသီးကို စားပေးလို့ ရပါတယ်။ အမြင်အာရုံ ကောင်းစေဖို့ တော်တော်လေး ထောက်ကူပေးနိုင်ပါတယ်။

    အရေပြား ကျန်းမာစေတယ်

    အရေပြား ကျန်းမာစေဖို့လည်း ဘယ်ရီသီးကို စားပေးလို့ ရပါတယ်။ ဝက်ခြံကစလို့ အရေပြား ပြဿနာ အမျိုးမျိုးကို ပြေလည်စေဖို့ဆိုရင် Boysenberriesသီးကို စားပေးလို့ ရပါတယ်။ အရေပြား အသစ် ဖြစ်ပေါ်စေဖို့လည်း အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။

    နှလုံး ကျန်းမာစေတယ်

    နောက်ထပ် ကျန်းမာရေး အကျိုးအာနိသင်တစ်ခုက ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ဗိုင်းရပ်စ်တွေကို တိုက်ခိုက်ပေးနိုင်တာပါ။ နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးသလို နှလုံးသွေးကြောတွေ ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ သွေးတွင်း ကိုလက်စထရောကိုလည်း လျှော့ချပေးနိုင်ပါတယ်။

    ဒါတွေအပြင် Boysenberriesသီးက အရိုးတွေကို သန်မာစေပြီး၊ ဦးနှောက်ကျန်းမာစေဖို့ အားဖြည့်ပေးသလို ကိုယ်ဝန်ဆောင် မေမေ နဲ့ ဗိုက်ထဲက ဘေဘီလေး ကျန်းမာစေဖို့လည်း ထောက်ကူပေးပါသေးတယ်။ အမျှင်ဓာတ် ပြည့်ဝမှုက ဝိတ်ကျစေဖို့လည်း အားဖြည့်ပေးနိုင်ပါသေးတယ်။

    ဘယ်သူတွေ မစားသင့်ဘူးလဲ။

    Boysenberryက ဆေးဖက်ဝင်တယ်ဆိုပေမယ့်

    • ကိုယ်ဝန်ဆောင်တွေ
    • ကလေးငယ်တွေ
    • နို့တိုက်မိခင်တွေ
    • ရောဂါအခံရှိသူတွေ
    • ရောဂါအခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။
    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/03/2022 ဖြစ်ပါသည်။