အမျိုးသားတစ်ယောက်အတွက်တော့ သုက်ရည်ထဲ သွေးပါလာတဲ့ကိစ္စဟာ တော်တော်လေးကို စိုးရိမ်စရာကောင်းမှာတော့ အမှန်ပါပဲ။ များသောအားဖြင့် ဒါကိုဘာကြောင့်ဖြစ်တာလဲလို့ မပြောခင် တခြားလက္ခဏာတွေ၊ အသက်အရွယ်နဲ့ ကျန်းမာရေးပြဿနာတွေကို သိထားဖို့တော့ လိုပါတယ်။
အမျိုးသားတစ်ယောက်အတွက်တော့ သုက်ရည်ထဲ သွေးပါလာတဲ့ကိစ္စဟာ တော်တော်လေးကို စိုးရိမ်စရာကောင်းမှာတော့ အမှန်ပါပဲ။ များသောအားဖြင့် ဒါကိုဘာကြောင့်ဖြစ်တာလဲလို့ မပြောခင် တခြားလက္ခဏာတွေ၊ အသက်အရွယ်နဲ့ ကျန်းမာရေးပြဿနာတွေကို သိထားဖို့တော့ လိုပါတယ်။

အသက် ၄၀ မပြည့်သေးတဲ့ အမျိုးသားတွေမှာ သုက်ရည်ထဲသွေးပါလာတာကလွဲပြီး တခြားဘာလက္ခဏာမှ မပြဘူးဆိုရင် သိပ်ပြီး စိတ်ပူဖို့မလိုပါဘူး။ ရက်သတ္တပတ်အနည်းငယ်အတွင်း သုက်ရည်က ပုံမှန်အရောင်အတိုင်းပြန်ဖြစ်သွားမှာပါ။ အသက် ၄၀ အထက် အမျိုးသားတွေဆိုရင်တော့ နည်းနည်းသတိထားဖို့လိုပါတယ်။ အထူးသဖြင့် သုက်လွှတ်တဲ့အခါတိုင်းလိုလို သွေးပါလာတာ၊ ဆီးထဲမှာ သွေးပါလာတာ၊ အချိန်တော်တော်ကြာတဲ့အထိ မပျောက်သွားဘူးဆိုရင် Hematospermia လို့ ခေါ်တဲ့ရောဂါဖြစ်နိုင်ပါတယ်။
၁။ ဆီးကျိတ်ဂလင်း၊ သုက်ပို့ပြွန်မှာ ပိုးဝင်ပြီး ရောင်နေတာ
၂။ လိင်မှတစ်ဆင့် ကူးစက်ရောဂါ (ဂနို၊ ခလက်မီးဒီးယား)
၃။ ဆီးကျိတ် အသားစယူပြီးနောက် ယာယီသွေးထွက်ခြင်း
၄။ ဓာတ်ရောင်ခြည်ကုထုံး
၅။ အမျိုးသားများ သားကြောဖြတ်ခြင်း
၆။ လိပ်ခေါင်းရောဂါ ကုသရန် ဆေးထိုးခြင်း
၇။ ဝှေးစေ့ကို ပြင်းပြင်းထန်ထန် ထိခိုက်မိခြင်း
၈။ ကြိမ်ဖန်များစွာ တစ်ကိုယ်ရေ အာသာဖြေခြင်း
၉။ ကြမ်းတမ်းစွာ လိင်ဆက်ဆံခြင်း
၁၀။ မျိုးပွားလမ်းကြောင်းမှာ တစ်ခုခုပိတ်မိတဲ့အခါ သွေးကြောများပေါက်သွားခြင်း
၁၁။ သွေးတိုး၊ ကျောက်ကပ်မကောင်းတဲ့သူတွေ
၁၂။ HIV ပိုးရှိသူတွေမှာ သုက်ရည်ထဲသွေးပါတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။
သုက်ရည်ထဲ သွေးပါတာဟာ ပုံမှန်အားဖြင့် စိုးရိမ်စရာသိပ်မရှိပေမဲ့ အောက်ပါလက္ခဏာတွေပါ တွေ့ရပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုအပ်ပါတယ်။
၁။ ဆီးသွားစဉ် သွေးပါခြင်း (Hematuria)
၂။ ဆီးသွားစဉ် ပူစပ်ပူလောင်ဖြစ်ခြင်း၊ နာကျင်ခြင်း
၃။ ဆီးအကုန်အစင်သွားလို့ မရဘဲ အနည်းငယ်ကျန်နေသေးသလို ခံစားရခြင်း
၄။ ဆီးအိတ်က နာကျင်နေသလို၊ ဖောင်းနေသလို ခံစားရခြင်း
၅။ သုက်လွှတ်စဉ် နာကျင်ခြင်း
၆။ လိင်အင်္ဂါတစ်ဝိုက် ဖောရောင်နေခြင်း၊ နာကျင်ခြင်း
၇။ လိင်တံမှ တခြား ပြည်ကဲ့သို့ အရည်များစိမ့်ထွက်လာခြင်း
၈။ အဖျားတက်ခြင်း
၉။ နှလုံးခုန်မြန်ခြင်း
၁၀။ ပုံမှန်ထက် ပိုပြီး သွေးတိုးနေခြင်း အစရှိတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။
ဆရာဝန်အနေနဲ့ လူနာရဲ့ အသက်၊ ကျန်းမာရေးအခြေအနေ၊ တခြားပုံမှန်မဟုတ်တဲ့ ရောဂါလက္ခဏာတွေ၊ သောက်နေတဲ့ ဆေးဝါးတွေအပြင် လိင်အပျော်အပါးလိုက်စားခြင်း ရှိ၊ မရှိ မေးမြန်းမှာဖြစ်ပါတယ်။ အဲ့နောက်မှာ
ရောဂါအကြောင်းရင်းကို စစ်ဆေးပြီးသွားတဲ့အခါမှသာ ဆရာဝန်အနေနဲ့ ပိုးသတ်ဆေးပေးတာ၊ အရောင်ကျဆေးမယ့် ဆေး သို့မဟုတ် သွေးတိုးကျဆေး၊ အသည်းအားဆေးပေးတာ၊ ဆီးကျိတ် ခွဲစိတ်တာ၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါအတွက် ဆေးပေးတာမျိုးတွေ ပြုလုပ်ပေးမှာဖြစ်ပါတယ်။
အသက် ၄၀ အောက်အမျိုးသားတွေအနေနဲ့ တစ်ခါ၊ နှစ်ခါလောက်ပဲ သုက်ရည်ထဲ သွေးပါတာ၊ တခြားဘာလက္ခဏာမှမရှိဘူးဆိုရင်တော့ သိပ်ပြီးစိတ်ပူဖို့ မလိုအပ်ပါဘူးခင်ဗျာ။