brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

နို့တွင် ပါဝင်သော MCT (အလယ်လတ်တန်း ထရိုင်ဂရစ်စရိုက်ဆီ) ၏ အကျိုးအာနိသင်များက ဘာတွေလဲ။

MCT ဟုခေါ်သည့် အလယ်လတ်တန်း ထရိုင်ဂရစ်စရိုက်ဆီများသည် ကျန်းမာရေးအတွက် ကောင်းကျိုးပေးသော ဆီများဖြစ်သောကြောင့် ယနေ့ခေတ်တွင်လူအများစက အာရုံစိုက်လာကြပါသည်။

နို့တွင် ပါဝင်သော MCT (အလယ်လတ်တန်း ထရိုင်ဂရစ်စရိုက်ဆီ) ၏ အကျိုးအာနိသင်များက ဘာတွေလဲ။

MCT ဟုခေါ်သည့် အလယ်လတ်တန်း ထရိုင်ဂရစ်စရိုက်ဆီများနှင့် ပတ်သက်သော အခြေခံအချက်များ

အများစုသော အဆီဓါတ်များသည် ကာဗွန်အမှတ် ၁၂ မှ ၂၂ အတွင်းရှိကြသည်။ MCT သည် ဓါတုဗေဒအားဖြင့် အစားအစာများတွင် ပါရှိသော ကာဗွန်အမှတ် ၈ မှ ၁၂ အတွင်းပါဝင်သည့် အလယ်လတ်တန်း ထရိုင်ဂရစ်စရိုက်ဆီဖြစ်ပါသည်။

အများစုသော အဆီများကို အစာခြေလမ်းကြောင်းမှ စုပ်ယူပြီး ခန္ဓါကိုယ်တွင် လိုအပ်သော တစ်သျူးများတွင် သိုလှောင်ထားပါသည်။ MCT သည် အခြားဆီများကဲ့သို့ အူလမ်းကြောင်းကို ဖြတ်သန်းခြင်းခြင်းမရှိဘဲ အသည်းကိုတိုကိရိုက်ရောက်ရှိခြင်းကြောင့် ကိုယ်ထဲတွင် စွမ်းအင်ပမာဏကို ကြာရှည်စွာ ပေးစွမ်းနိုင်ပါသည်။ MCT ကိုအောက်ပါအတိုင်း ၃ မျိုးခွဲထားပါသည်။

· ကယ်ပရိုအစ်အက်ဆစ်

· ကယ်ပရီအစ်အက်ဆစ်

· ကယ်ပရစ်အက်ဆစ်

MCT ကိုအများအားဖြင့် တိရိစ္ဆာန်အဆီ၊ အသီးအရွက် အဆီအနေဖြင့် တွေ့ရပါသည်။ ထိုအဆီများသည် အနည်းငယ်စားသုံးရုံမျှ လူတစ်ယောက်အတွက် လုံလောက်သော ပမာဏရရှိနိုင်ပါသည်။

နွားနို့၊ သိုးနို့၊ ဆိတ်နို့များတွင်လည်း MCT ပါဝင်ပါသည်။ ထိုအနက် သိုးနို့တွင် အခြားအကောင်များနှင့် စာလျှင် MCTပမာဏ အမြင့်ဆုံး(၂၅%)ပါဝင်ကြောင်း တွေ့ရပါသည်။ ထို့ပြင် ဆိတ်နို့နှင့် နွားနို့ထက်စာလျှင် သိုးနို့တွင် လောရစ်အက်ဆစ် ၂ဆ ၊ ၃ဆ ပိုပါဝင်ကြောင်း တွေ့ရပါသည်။ သိုးနို့သည် အခြားနို့များထက် ကယ်လ်ဆီယံ၊ ဖော့စဖရပ်၊ သံဓါတ်နှင့် သွပ်ဓါတ်များ ပိုပါဝင်ပြီး နွားနို့ထက်စာလျှင် ပရိုတင်းဓါတ် ၅.၅% ပါဝင်ကြောင်းတွေ့ရပါသည်။ သို့သော် သင်သည် နိနှင့်ဓါတ်မတည့်သူဖြစ်ပါက နွားနို့နှင့် ဆိတ်နို့များက ပိုသင့်တော်ပါသည်။

MCT (အလယ်လတ်တန်း ထရိုင်ဂရစ်စရိုက်ဆီ) အကျိုးအာနိသင်များကို ဘယ်သူတွေက ရရှိနိုင်သလဲ။

· အကြီးစားခွဲစိတ်မှု ခံယူထားသူများ၊ ဆဲလ်များတွင် စွမ်းအင်ပမာဏပိုလိုအပ်နေသူများ

· အားကစား လုပ်ဆောင်ရည်များများ လုပ်ရမည့်သူများ

· ကျန်းမာသော ကြီးထွားဖွံ့ဖြိုးမှုစနစ်ကို လိုအပ်နေသူများ

· နှလုံးနှင့် သွေးကြောကျန်းမာရေး မြှင့်တင်လိုသူများ

· ကိုယ်အလေးချိန်လျှော့ချင်သူများနှင့် ထိန်းထားချင်သူများ

· စိတ်ကြည်လင်လန်းဆန်းလိုသူများ သည် MCT (အလယ်လတ်တန်း ထရိုင်ဂရစ်စရိုက်ဆီ)ပါသော အစားအစာများကိုမှီဝဲသင့်ပါသည်။

MCT (အလယ်လတ်တန်း ထရိုင်ဂရစ်စရိုက်ဆီ) အကျိုးအာနိသင်များက ဘာတွေလဲ။

အစာကြေလွယ်ခြင်း

MCT ကို အစာခြေစနစ်မှ လွယ်ကူစွာ ချေဖျက်နိုင်ပါသည်။ ဥပမာအားဖြင့် ပြောရလျှင် အခြားသော အဆီများသည် ချေရခက်သော သစ်သီးများနှင့်တူပြီး MCT သည် အသီးကြိတ်သားများနှင့် တူပါသည်။ ထို့ကြောင့် MCT သည ်အစာခြေစနစ်မှ ခက်ခက်ခဲခဲ ချေစရာမလိုဘဲ အလွယ်တကူ စုပ်ယူနိုင်ပါသည်။ ထိုသို့ စုပ်ယူရလွယ်ခြင်းကြောင့် MCT ကို အစာစုပ်ယူမှုနှင့် ပတ်သက်ပြီး ပြသနာရှိသော သူများတွင် များများမှီဝဲသင့်ပါသည်။ ထို့ပြင် သည်းခြေအိတ်မရှိသော လူနာများတွင်လည်း MCT ကို များများမှီဝဲသင့်ပါသည်။

ကိုယ်အလေးချိန်ကျစေခြင်း

အများစုက MCT အဆီသည် ကိုယ်အလေးချိန်တက်စေသည်ဟု ထင်ထားကြပါသည်။ ထိုအချက်သည် မမှန်ကန်ပါ။ အမှန်တကယ်မှာ MCT အဆီများသည် ကိုယ်အလေးချိန်ကျစေရန် များစွာ အထောက်အကူဖြစ်သော အဆီများဖြစ်ပါသည်။ MCT အဆီများသည် ပြည့်အင့်လွယ်ခြင်း၊ ကိုယ်ထဲတွင် ဇီဝလောက်ကျွမ်းမှု စွမ်းရည်များကို မြှင့်တင်ခြင်းတို့ကြောင့် ဖြစ်ပါသည်။

နှလုံးကျန်းမာရေးအတွက် ကောင်းခြင်း

နှလုံးရောဂါသည်များတွင် MCT ပါသော အစားအစာများကို ကျွေးခြင်းဖြင့် ရလဒ်ကောင်းများ ရရှိကြောင်း သုတေသီများက လေ့လာရပါသည်။ တွေ့ရှိချက်များအရ ရောဂါဖြစ်နေသော နှလုံးသည် အားအင်များကုန်ခမ်းနေပြီး MCT သည် ထိုအားအင်ကုန်ခမ်းနေသော ဆဲလ်များကို အခြားသောနည်းဖြင့် စွမ်းအင်ပြန်ပေးနိုင်ကြောင်း တွေ့ရပါသည်။

စိတ်ခွန်အားများပြည့်ဝနေခြင်း

ဦးနှောက်တွင် အဆီများဖြင့် အများဆုံးဖွဲ့စည်းထားသောကြောင့် ကျွန်ုပ်တို့သည် နေ့စဉ်စားသော အစားအစာများတွင် MCT အဆီဓါတ်များကို စားပေးခြင်းဖြင့် အတွေးအခေါ်များကောင်းခြင်း၊ ဉာဏ်ရည် ထက်မြက်ခြင်းနှင့် အလုပ်ခွင်တွင် အလုပ်များ လုပ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်ပါသည်။ MCT သည် ဦးနှောက်ဆဲလ်များကိုသာမာ အစာခြေစနစ်ကိုပါအကျိုးပြုပါသည်။

ဘက်တီးရီးယား၊ ဗိုင်းရပ်စ် နှင့် မှိုများကို သေစေသော အာနိသင်ရှိခြင်း

MCT သည် အစာအိမ်ထဲတွင်ရှိသော အကျိုးုပြု ဘက်တီးရီးယားများကို မျှတစေသည့် သဘာဝအာနိသင်ရှိပါသည်။ ယနေ့ခေတ်တွင် ပိုးကောင်များသည် ဆေးယဉ်ပါးမှုများ ဖြစ်လာသည်ဖြစ်ရာ အချို့သော ပိုးကောင်များကို MCT က သဘာဝနည်းအားဖြင့် သေစေနိုင်ပါသည်။

Dr. Kaung Thar
Dr. Kaung Thar
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Hello Sayarwon Panel · 06/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။