brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

နို့ထွက်ထုတ်ကုန်တွေနဲ့ပတ်သက်လို့ အရွေးချယ်သင့်ဆုံးတွေက ဘာတွေလဲ။

နို့ထွက်ထုတ်ကုန်

သင့်ရဲ့အစားအစာတွေထဲမှာ နို့ထွက်ထုတ်ကုန်တွေ ပါဝင်ခြင်းက ကယ်လ်စီယမ်နဲ့ အရည်အသွေးမြင့် ပရိုတင်းကိုရနိုင်တဲ့ အလွယ်ဆုံးနည်း ဖြစ်ပါတယ်။ အဆီမပါတဲ့ ဒိန်ချဉ်လိုမျိုး နို့ထွက်ထုတ်ကုန်အများစုက ၆ အောင်စဘူးမှာ ကာဗိုဟိုက်ဒရိတ်၁၅ ဂရမ်နဲ့ ၁၀၀ ကယ်လိုရီသာပါတဲ့ အချိုပွဲအနေနဲ့ စားသုံးလို့ရပါတယ်။

နို့ထွက်ထုတ်ကုန်တွေနဲ့ပတ်သက်လို့ အရွေးချယ်သင့်ဆုံးတွေက ဘာတွေလဲ။

ဘာတွေကအကောင်းဆုံးရွေးချယ်မှုတွေလဲ

အကောင်းဆုံးရွေးချယ်မှုဖြစ်တဲ့ နို့ထွက်ထုတ်ကုန်တွေက

  • အဆီမပါဒါမှမဟုတ်အဆီလျှော့ (နို့ ၁%)
  • ပလိန်း အဆီမပါဒိန်ချဉ်(ပုံမှန် ဒါမှမဟုတ် ဂရိဒိန်ချဉ်)
  • အဆီ နဲ့ အချိုဓါတ် မပါတဲ့ဒိန်ချဉ် (ပုံမှန် ဒါမှမဟုတ် ဂရိဒိန်ချဉ်)
  • အရသာထပ်မဖြည့်ထား
  • တကယ်လို့ သင်ကနို့မကြိုက်ဘူးဆိုရင် သင့်အနေနဲ့ပဲနို့၊ဆန်နို့၊အယ်လ်မွန်နို့တွေကို သောက်ကြည့်ပါ။ သူတို့ကကယ်လ်စီယမ်နဲ့ ဗိုက်တာမင်ဒီ အရင်းအမြစ်တွေပါ။

    မှတ်သားစရာအချက်များ

    • နို့တစ်ခွက် ဒါမှမဟုတ်ဒိန်ချဉ်၆ အောင်စမှာ ကာဘိုဟိက်ဒရိတ် ၁၂ဂရမ်နဲ့ပရိုတိန်း ၈ဂရမ်ပါဝင်ပါတယ်။ ဂရိဒိန်ချဉ်ကပုံမှန်ဒိန်ချဉ်ထက်ပရိုတိန်းပါဝင်မှုပိုများပါတယ်။ ၆ အောင်စမှာ ပရိုတိန်း၁၂ဂရမ်ပါဝင်ပါတယ်။
    • တကယ်လို့သင်ကအဆီပိုနည်းတဲ့ နို့ထွက်ထုတ်ကုန်တွေ ပြောင်းသုံးချင်တယ်ဆိုရင်တော့ အရသာနဲ့အရောင်ကွာခြားမှုတွေကို ရင်းနှီးလာအောင် အချိန်ယူပါ။ဥပမာ – ပထမဆုံး whole milk ကနေ 2% ပါတာကိုဘဲသောက်ကြည့်ပါ။ ပြီးမှ 1% ဒါမှမဟုတ်အဆီမပါနို့ကိုသောက်ပါ။
    • Whole milk ကနေ 1% milk ကိုပြောင်းသောက်ခြင်းကသင့်ကို၇၀ကယ်လိုရီနဲ့အဆီ၄ဂရမ် လျော့စေပါတယ်။Carb counters (ကာဘိုဟိုက်ဒရိတ် ရေတွက်သူ) တွေအတွက်အချက်များ

    နို့/ဒိန်ချဉ်တစ်ခွက်ကအသီးတစ်စိတ်နဲ့ ပေါင်မုန့်တစ်စိတ်နဲ့ညီမျှပါတယ်။

    Plate method သုံးသူတွေအတွက်အချက်များ

    သင့်ရဲ့အစားအသောက်မှာ နို့ရှစ်အောင်စလိုပါတယ်။ သင်နို့မသောက်ရင် တခြားကာဘိုဟိုက်ဒရိတ်ပါတဲ့ ဒိန်ချဉ်၊သစ်သီး၊ပေါင်မုန့်လိပ် စတာတွေ စားလို့ရပါတယ်။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Kyaw Thura Htun မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 01/02/2022 ဖြစ်ပါသည်။