brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကာဗိုဟိုက်ဒရိတ် အမျိုးအစား ၂ မျိုး

ကာဘိုဟိုက်ဒရိတ်က စွမ်းအင်ကိုပေးပါတယ်။ လူရဲ့ကိုယ်က အဲဒီစွမ်းအင်ကို လူရဲ့လုပ်ငန်းစဉ်တွေ လည်ပတ်ဖို့အသုံးပြုပါတယ်။ သင်အစားအသောက်တွေစားသုံးတဲ့အခါ ကာဘိုဟိုက်ဒရိတ်ဘက်ကိုလည်း သတိထားသင့်ပါတယ်။ သူတို့က သင့်ရဲ့ သွေးချိုအဆင့်ကို သက်ရောက်နိုင်ပါတယ်။

ကာဗိုဟိုက်ဒရိတ် အမျိုးအစား ၂ မျိုး

ကာဘိုဟိုက်ဒရိတ်တွေကဘာတွေလဲ ?

လူရဲကိုယ်က ကာဘိုဟိုက်ဒရိတ်ကို Glucose လုပ်ဖို့သုံးပါတယ်။ သင့်ရဲ့ကိုယ်ဟာ glucose တွေကို ချက်ချင်းသုံးလိုက်နိုင်သလို အသည်းနဲ့ ကြွက်သားတွေထဲမှာလည်းသိုလှောင်ထားနိုင်ပါတယ်။

ကာဘိုဟိုက်ဒရိတ်ကို အောက်ပါအစားအစာတွေမှာ တွေ့နိင်ပါတယ်

– သစ်သီးများ

– ဟင်းသီးဟင်းရွက်များ

– သကြား

– ဆန်ပြောင်းအစေ့အဆန်များ

– နို့ထွက်ထုတ်ကုန်များ

ကာဘိုဟိုက်ဒရိတ် အမျိုးအစားနှစ်မျိုးရှိပါတယ်။ ရိုးရှင်းတဲ့ကာဘိုဟိုက်ဒရိတ်နဲ့ ရှုပ်ထွေးတဲ့ ကာဘိုဟိုက်ဒရိတ်ပါ။

ရှုပ်ထွေးတဲ့ ကာဘိုဟိုက်ဒရိတ်

ရှုပ်ထွေးတဲ့ကာဘိုဟိုက်ဒရိတ်မှာအမျိုးအစားနှစ်မျိုးရှိပါတယ်။ ကစီနဲ့ အမျှင်ဓာတ်ဖြစ်ပါတယ်။ ကစီဓာတ်က လူကိုယ်က glucose အဖြစ်သုံးမပြုခင်ပြိုကွဲရပါသေးတယ်။

ကစီဓါတ်ပါဝင်တဲ့ အစားအစာတချို့က

– အာလူး၊ ပဲ၊ ပြောင်းဖူး စတဲ့ စေကပ်တဲ့ ဟင်းသီးဟင်းရွက်များ

– ပေါင်မုန့်၊ ဆန်၊ဂျုံ

အမျှင်ဓာတ် ကိုတော့

– Oatmeal

– အစေ့အဆံများ။ သစ်ကြားသီး၊ မြေပဲ၊ အယ်လ်မွန်စေ့ စတာတွေ စားကြည့်ပါ။ သူတို့က အမျှင်ဓာတ်အများကြီးပါပြီး ကျန်းမာစေတဲ့အဆီတွေလည်းပါပါတယ်။

– သစ်သီးများ (ဘယ်ရီသီးများ၊ ပန်းသီးများ )

– ပဲခြောက်များ

– ဂျုံအပြည့်ပေါင်မုန့်

– ဆန်ညို

– Whole grain ( ဥပမာ – whole grain cereals, whole grain ပါစတာ၊ whole grain ပေါင်မုန့်) Whole grain တွေက အမျှင်ဓာတ်နဲ့ အာဟာရဓာတ်တွေအပြင် တချို့မှာဆို သံဓာတ်နဲ့ ဖောလစ်အက်ဆစ်ပါ ပါဝင်ပါတယ်။ ဥပမာ ထမင်းဖြူ၊ ပေါင်မုန့်ဖြူ။

– သစ်သီးများ

– ဟင်းသီးဟင်းရွက်များ

သင့်အနေနဲ့ ရှုပ်ထွေးတဲ့ ကာဘိုဟိုက်ဒရိတ်နှစ်မျိုးလုံးစားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ခုစီမှာ သက်ဆိုင်ရာ အကျိုးကျေးဇူးတွေပါလို့ပါ။ သူတို့ဆီမှာပါတဲ့ အာဟာရက တခြားဘယ်မှာမှရှာမရပါဘူး။

ရိုးရှင်းတဲ့ ကာဘိုဟိုက်ဒရိတ်

ရိုးရှင်းတဲ့ကာဘိုဟိုက်ဒရိတ်မှာသဘာဝသကြားနဲ့ ပေါင်းထည့်ထားတဲ့သကြားပါဝင်ပါတယ်။ သဘာဝသကြားဆိုတာက အသီးတွေ ဟင်းသီးဟင်းရွက်တွေ နို့ထွက်ထုတ်ကုန်တွေမှာတွေ့ရတဲ့သကြားဓာတ်ဖြစ်ပြီး ပေါင်းထည့်ထားတဲ့သကြားကတော့ ချက်ပြုတ်နေစဉ် ထပ်ထည့်လိုက်တဲ့သကြားပါ။ သဘာဝသကြားတွေက ပေါင်းထည့်သကြားတွေထက်အာဟာရပိုပြည့်ပါတယ်။

ပေါင်းထည့်သကြားတွေကို အစားအစာတွေမှာအောက်ပါအတိုင်း စာတန်းထိုးထားပါတယ်

– Sugar (raw, brown, white, invert)

– Syrup (corn sweetened, high-fructose corn, malt, maple)

– Glucose

– Fructose

– Maltose

– Lactose

– Sucrose

– Honey

– Fruit juice concentrate

ဒီလိုထိုးထားရတဲ့အကြောင်းကတော့ သင်ဆီးချိုရှိနေရင်ရှောင်လို့ရအောင်ပါ။ ဒါကြောင့် အပေါ်မှာ ပြောထားသလို အစားအစာတွေမှာ စာတန်းထိုးထားရင် ဂရုစိုက်ပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Kyaw Thura Htun · 02/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။