brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မုန်လာဥဖြူကြိုက်တဲ့ သူတွေရှိလား

သုပ်ပဲစားစား၊ ချဉ်ရည်ဟင်းပဲချက်ချက်၊ အချဉ်တည်ပြီးပဲစားစား၊ ဟင်းချိုပဲချက်ချက် စားကောင်းတဲ့ မုန်လာဥဖြူလေးကို ကြိုက်ကြလား။ ဒါဆိုရင်တော့ ကိုယ်ခံတွင်းတွေ့တဲ့ မုန်လာဥဖြူလေးစားရင်း ရရှိစေမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကလည်း မနည်းပါဘူး။

မုန်လာဥဖြူကြိုက်တဲ့ သူတွေရှိလား

မုန်လာဥဖြူမှာပါတဲ့ အာဟာရဓာတ်တွေက ဘာတွေများလဲ………

မုန်လာဥဖြူမှာပါဝင်နေတဲ့ အာဟာရဓါတ်တွေကတော့

  • ပိုတက်ဆီယမ်
  • ဖောလိတ်
  • riboflavin
  • နီယာဆင်
  • ဗီတာမင် B6
  • ဗီတာမင် K
  • ကယ်လ်ဆီယမ်
  • မဂ္ဂနီဆီယမ်
  • ဇင့်
  • ဖော့စဖရိတ်
  • ကော့ပါး
  • မဂ္ဂနိစ်
  • ဆိုဒီယမ် တို့ပါဝင်နေပါတယ်။
  • မုန်လာဥဖြူစားရင်းရရှိမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲ…………..

    မုန်လာဥဖြူစားသုံးပေးမှုက

    ကင်ဆာကာကွယ်ပေးနိုင်တယ်

    မုန်လာဥဖြူ စားသုံးပေးမှုက ကင်ဆာရောဂါဖြစ်နိုင်ခြေကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပါတယ်။ မုန်လာဥဖြူမှာပါတဲ့ဒြပ်ပေါင်းတစ်မျိုးက ကင်ဆာဖြစ်စေနိုင်တဲ့ အရာတွေကို တိုက်ထုတ်ပေးပြီး ခန္ဓာကိုယ်မှာ ကင်ဆာကျိတ်တွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    အစာခြေစနစ်ကို ကျန်းမာစေနိုင်တယ်

    မုန်လာဥဖြူမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေမှုက အစာခြေစနစ်ကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ အထောက်အပံ့ပေးပါတယ်။သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးသလိုသွေးတွင်းကိုလက်စထရောကိုလည်း ကျဆင်းစေနိုင်ပါတယ်။ ကိုယ်အလေးချိန်ကျစေဖို့လည်းစားသုံးပေးလို့ရပါတယ်။ အမျှင်ဓာတ်ကြွယ်ဝမှုက ဝမ်းမှန်စေဖို့လည်း အထောက်အပံ့ပေးပါတယ်။

    မှိုပိုးတွေကို ဖယ်ရှားပေးနိုင်စွမ်းရှိတယ်

    မုန်လာဥဖြူကမှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ခန္ဓာကိုယ်နဲ့ ခံတွင်းတို့မှာ မှိုပိုးကူးစက်တာကို ကာကွယ်ဖို့အတွက် မုန်လာဥဖြူကို စားပေးလို့ရပါတယ်။

    ကိုယ်ခံအားကောင်းစေနိုင်တယ်

    ရာသီအကူးအပြောင်းကြောင့် ဖျားနာမှုတွေကနေ ကင်းချင်ရင်တော့ ကိုယ်ခံအားကောင်းနေမှဖြစ်မှာပါ။ ဒီလိုကိုယ်ခံအားကောင်းစေဖို့က အစားအသောက်က အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ ကိုယ်ခံအားကောင်းစေပြီး ကျန်းမာနေစေဖို့ မုန်လာဥဖြူကို စားပေးလို့ရပါတယ်။

    နှလုံးကျန်းမာစေနိုင်တယ်

    မုန်လာဥဖြူမှာ ဖလေဗာနွိုက်ကြွယ်ဝစွာပါဝင်နေတာကြောင့် ကျန်းမာရေးအတွက်တော်တော်လေးအကျိုးများတာပါ။ လေ့လာမှုတွေအရတော့ မုန်လာဥဖြူ စားသုံးမှုက နှလုံးကျန်းမာစေပြီး နှလုံးသွေးကြောဆိုင်ရာရောဂါတွေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

    ခန္ဓာကိုယ်ကျန်းမာစေဖို့ရော ကိုယ်အလေးချိန်ကျစေဖို့ရော အကောင်းဆုံးထောက်ပံ့ပေးနိုင်တာကြောင့် အစာလည်းဆေး၊ဆေးလည်း အစာဆိုတဲ့ စကားအတိုင်း မုန်လာဥဖြူလေးကို စားသုံးပေးကြပါလို့ Hello ဆရာဝန်ပရိသတ်ကြီးကို တိုက်တွန်းပါရစေနော်………

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 11/07/2022 ဖြစ်ပါသည်။