brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

နွေရာသီအတွက် အသင့်တော်ဆုံး Detox Drink တွေက ဘာတွေ ဖြစ်မလဲ

နွေပူလာရင် အေးတာလေး သောက်ချင်တယ်။ ဒါပေမယ့် ကျန်းမာရေး ထိခိုက်မှာစိုးလို့ အချိုရည်တွေလည်း မသောက်ချင်ဘူး။ ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး အပူဒဏ်ကိုလည်း သက်သာစေတဲ့ သောက်စရာအေးအေးလေး သောက်ချင်တယ်။ ဒါဆိုရင် ကျန်းမာရေးကို ထောက်ကူပေးတယ်ဆိုတဲ့ Detox Drink လေးတွေထဲမှာရော နွေရာသီနဲ့ ကိုက်ညီတာမျိုး မရှိဘူးလား မသိဘူးလို့ တွေးနေပြီလား ……..

နွေရာသီအတွက် အသင့်တော်ဆုံး Detox Drink တွေက ဘာတွေ ဖြစ်မလဲ

ဒီအခြေလေး သိနိုင်ဖို့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ ဒီတစ်ခေါက် နွေရာသီအတွက် အသင့်တော်ဆုံး Detox Drink တွေက ဘာတွေ ဖြစ်မလဲ ဆိုတာကို ပြောပြပေးပါမယ်။

နွေရာသီအတွက် အသင့်တော်ဆုံး Detox Drink တွေက ဘာတွေ ဖြစ်မလဲ

နွေရာသီအတွက် အသင့်တော်ဆုံး Detox Drink တွေက ဘာတွေ ဖြစ်မလဲ

နွေပူပူမှာ အေးမြနေစေဖို့ အခုပြောပြမယ့် Detox Drink လေးတွေကို သောက်ပေးလို့ ရပါတယ်။

နွေရာသီမှာ ချိုအေးပြီး အသင့်သောက်နိုင်တဲ့ အအေးတွေ၊ ဖျော်ရည်ဘူးတွေက မျက်စိကျစရာပါ၊၊ ဒါပေမယ့် ဒါတွေက သကြားပါဝင်မှုများတာကြောင့် တတ်နိုင်သမျှ ရှောင်တာကောင်းပါတယ်၊၊

အဲ့ဒါတွေအစား အသီးအရွက်လေးတွေနဲ့ လုပ်ထားတဲ့ Detox Drink လေးတွေ သောက်ပေးနိုင်ပါတယ်၊၊ ဖျော်ရည်ဘူးတွေထက်စာရင် Detox drinksတွေက ကယ်လ်လိုရီ တက်တာမျိုး မဖြစ်စေဘဲ လန်းဆန်းစေပြီး အစာလည်းကြေစေနိုင်ပါတယ်။ သကြားဓာတ် ပါဝင်မှု နည်းတာကြောင့် နွေပူပူမှာ သွေးတွင်းသကြားဓာတ် မြင့်တက်မှာမျိုးလည်း ပူစရာ မလိုတော့ဘူးပေါ့။

နာနတ်သီး Detox Drink

သံပရိုသီး၊ နာနတ်သီးတို့ကို အရွယ်တော်လေးတွေ လှီးပြီး ပူဒီနံ ရွက်လေးတွေ လက်တစ်ဆုပ်စာလောက်ကို ရေခဲတုံး ၂ တုံးလောက်ထည့် ပြီးရင် ရေအေးအေးလေး လီတာဝက်လောက်ထည့်ပြီး တစ်နာရီခွဲလောက် စိမ်ပြီး သောက်ပေးလို့ ရပါတယ်။

ကီဝီ Detox Drink

သခွားသီး နဲ့ ကီဝီသီးကို အကွင်းလိုက် ခပ်ပါးပါးလှီးပြီး ရေခဲတုံး ၂ တုံးလောက်ထည့် ပြီးရင် ရေအေးအေးလေး လီတာဝက်လောက်ထည့်ပြီး တစ်နာရီခွဲလောက် စိမ်ပြီး သောက်ပေးလို့ ရပါတယ်။ ချိုချိုလေးနဲ့ အရသာရှိသလို ရေဓာတ်ပြည့်ဝတဲ့ အသီးလေးတွေ ဖြစ်တာကြောင့် ခန္ဓာကိုယ်ကို အေးမြစေမှာပါ။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာလည်း သောက်လို့ ရပါတယ်။

အုန်းရည်ထဲကို သံပရိုသီး နဲ့ ပူဒီနံ ထည့်ပါ။ ပြီးရင် ရေခဲတုံးလေးတွေ ထည့်ပြီး တစ်နာရီခွဲလောက် စိမ်ထားပြီး သောက်ပေးလို့ ရပါတယ်။ လန်းဆန်းစေပြီး အစာကြေစေသလို ကိုယ်ခံအားလည်း တိုးစေမှာပါ။ နွေအပူဒဏ်ကိုလည်း ခံနိုင်စေမှာပါ။

လိမ္မော်သီး၊ မုန်လာဥနီ Detox Drink

ဗီတာမင် C ကြွယ်ဝပြီး ကယ်လ်လိုရီ ပါဝင်မှု နည်းတဲ့ Detox Drink လေး တစ်ခုပါ။ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ခံတွင်းရှင်းစေမှာပါ။ လိမ္မော်သီးကို မွှာပြီး မုန်လာဥနီကို ပါးပါးလှီးပါ။ ပူဒီနံ ရွက်လေးတွေ လက်တစ်ဆုပ်စာလောက်နဲ့ ရေခဲတုံး ၂ တုံးလောက်ထည့် ပြီးရင် ရေအေးအေးလေး လီတာဝက်လောက်ထည့်ပြီး တစ်နာရီခွဲလောက် စိမ်ပြီး သောက်ပေးလို့ ရပါတယ်။

သံပရိုသီး နဲ့ တရုတ်နံနံ Detox Drink

ခပ်ချဉ်ချဉ်လေးနဲ့ ခံတွင်းရှင်းစေနိုင်ပါတယ်။ လန်းဆန်းစေမယ့် သောက်စရာ တစ်မျိုးပါ။ သံပရိုသီး ပါးပါးလှီးပြီး တရုတ်နံနံ လက်တစ်ဆုပ်စာလောက်နဲ့ ရေခဲတုံး ၂ တုံးလောက်ထည့် ပြီးရင် ရေအေးအေးလေး လီတာဝက်လောက်ထည့်ပြီး တစ်နာရီခွဲလောက် စိမ်ပြီး သောက်ပေးလို့ ရပါတယ်။

နွေရာသီအတွက် အသင့်တော်ဆုံး Detox Drink တွေက ဘာတွေ ဖြစ်မလဲ ဆိုတာ အဖြေထွက်ပြီ ဟုတ် ……..

အခုပြောပြခဲ့တဲ့ Detox Drink လေးတွေထဲက စိတ်ကြိုက်ဖြစ်မယ့် Detox Drinkကို ကိုယ်တိုင် လုပ်ပြီး သောက်သုံးလို့ နွေရာသီကို ကျန်းကျန်းမာမာ ကျော်ဖြတ်လိုက်စို့နော်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 19/05/2022 ဖြစ်ပါသည်။