brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သဘာဝမြေသြဇာသုံးအစားအစာနှင့်ပတ်သက်သည့် အချက်များ

ဈေးမှာ သဘာဝထွက်အသီးအနှံဝယ်ရင်း ရွေးရခက်တာမျိုး သင်ကြုံဖူးပါသလား။ သဘာဝသီးနှံတွေက သဘာဝအတိုင်း မဟုတ်တဲ့ဟာတွေထက် ဈေးပိုကြီးပါတယ်။ အခုခေတ်မှာတော့ ပိုမိုကျန်းမာတဲ့ နေထိုင်မှုစနစ်ကို လူတွေက ရှာဖွေလာကြတဲ့အတွက် သဘာဝထွက်တွေက ဈေးပိုတက်လာနေပါတယ်။ လူတွေက ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အသီးအနှံတွေ ဂျုံနဲ့ အသားဓါတ်ပါတဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးလာကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သဘာဝထွက်အသီးအနှံအကြောင်း သင်သိသင့်တာလေးတွေ ရှိနေပါသေးတယ်။

သဘာဝမြေသြဇာသုံးအစားအစာနှင့်ပတ်သက်သည့် အချက်များ

သဘာဝထွက်အသီးအနှံဆိုတာ ဘာလဲ

သဘာဝထွက်လို့ဆိုလိုက်တာနဲ့ အသီးအနှံ၊ အစေ့အဆံ၊ နို့ထွက်ပစ္စည်းနဲ့ အသားတွေ ပါဝင်ပြီး ဒါတွေအားလုံးကို စိုက်ပျိုးမွေးမြူတဲ့နေရာမှာ မြေသြဇာကောင်းဖို့သော်လည်းကောင်း အထွက်တိုးဖို့သော်လည်းကောင်း လူတွေတီထွင်ဖန်တီးထားတဲ့ ဓာတုပစ္စည်းတွေ မသုံးဘဲ၊ ဂေဟစနစ်ကို မျှတစေပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုမဖြစ်စေဘဲ ထုတ်လုပ်ထားတဲ့ စားသောက်ကုန်တွေကို ခေါ်ပါတယ်။ သီးဆက်စိုက်ပျိုးခြင်း၊ သဘာဝမြေသြဇာသုံးခြင်း စတာတွေက လယ်သမားတွေ သဘာဝစိုက်တဲ့လယ်သမားတွေရဲ့ ဥပမာတွေဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်အတွက်လည်း အလွန်အထောက်အကူဖြစ်ပါတယ်။

သဘာဝအသီးအနှံတွေဖြစ်ကြောင်း ထောက်ခံချက်ကို အထုပ်မှာ ရှာဖွေသင့်ပါတယ်။ သဘာဝ အသီးအနှံတွေမှာ ပြည့်မီရမယ့် အချက်တွေကို အမေရိကန်စိုက်ပျိုးရေးဌာနက ထုတ်ပြန်ထားတာရှိပါတယ်။

၁၀၀ % သဘာဝထုတ်ကုန် – အော်ဂန်းနစ် (သဘာဝ) အတိုင်းထုတ်လုပ်ထားတာပါ။

သဘာဝထုတ်ကုန် – ဒီအမျိုးအစားမှာတော့ သဘာဝပါဝင်ပစ္စည်းတွေ ၉၅% ပါဝင်ဖို့လိုပါမယ်။

သဘာဝပစ္စည်းများနဲ့ ပြုလုပ်ထားတဲ့ထုတ်ကုန် – ဒီထုတ်ကုန်ကတော့ သဘာဝပစ္စည်း ၇၀ % ပါဝင်ဖို့ လိုပါမယ်။ USDA ရဲ့ ထောက်ခံချက်တံဆိပ်တော့မပါပေမယ့် ပါဝင်တဲ့သဘာဝပစ္စည်းတွေတော့ စာရင်းဖော်ပါထားပါတယ်။

သဘာဝပစ္စည်းများပါဝင်သည် – ဒီထုတ်ကုန်အမျိုးအစားမှာတော့ သဘာဝပစ္စည်း ၇၀% အောက်ပါဝင်ဖို့လိုအပ်ပြီး USDA ရဲ့ ထောက်ခံချက်တံဆိပ်မပါတဲ့အပြင် ပါဝင်ပစ္စည်းတွေစာရင်းလည်း ဖော်ပြမထားပါဘူး။

သဘာဝအစားအသောက်တွေအတွက် သတ်မှတ်ချက် ၆ ချက်

ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်အတွက် လူတွေအသိပညာပိုရလာတာနဲ့အမျှ သဘာဝထုတ်ကုန်တွေ စားသုံးဖို့ ပိုမိုနှိုးဆော်လာပါတယ်။ ဒီလိုသတ်မှတ်ချက်တွေ ယူဆချက်တွေက မှားတော့မမှားပါဘူး။ ဒါဆို ဘာတွေက မှားယွင်းနေနိုင်ပါသလဲ။

(၁) သဘာဝထုတ်အသီးအနှံမှာ ပိုးသတ်ဆေးအနည်းငယ်ပါဝင်ပါတယ်။

မှန်ပါတယ်။ အပင်ဖျက်ပိုးတွေကို နှိမ်းနင်းဖို့အတွက် ပိုးသတ်ဆေးသုံးဖို့ လိုပါတယ်။ ဒီဆေးတွေက စားသူံးသူတွေထံရောက်တဲ့အထိ ပါလာနိုင်ပါတယ်။

(၂) သဘာဝထွက်စားသောက်ကုန်မှာ တီထွင်ဖန်တီးထားတဲ့ပစ္စည်းတွေမပါဝင်ပါဘူး။

မှန်ပါတယ်။ဒါပေမယ့် ဆိုးဆေးတွေ၊ အချိုဓာတ်တွေသုံးရင် သဘာဝထုတ်မဟုတ်နိုင်တော့ပါဘူး။

(၃) အော်ဂန်းနစ်သဘာဝအစားအသောက်တွေက သဘာဝပတ်ဝန်းကျင်ကို ကူညီတယ်။

မှန်ပါတယ်။ အော်ဂန်းနစ်သဘာဝနည်းနဲ့ စိုက်ပျိုးတဲ့အပင်တွေက သဘာဝပတ်ဝန်းကျင်ကို အများကြီး အကျိုးပြုပါတယ်။ ဥပမာအားဖြင့် ရေအရင်းအမြစ်ပြန်းတီးမှုနည်းတာ၊ မြေဆီမြေလွှာရဲ့ ဓာတ်တွေမဆုံးရှုံးတာ၊ စွမ်းအင်အများကြီးမလိုတာ စတာတွေက သဘာဝပတ်ဝန်းကျင်နဲ့ သဟာဇာတဖြစ်စေပါတယ်။ ပိုးသတ်ဆေးတွေလျှော့သုံးတာက ငှက်တွေနဲ့ တခြားတိရိစ္ဆာန်ငယ်လေးတွေကို ထိခိုက်မှုနည်းစေပါတယ်။ နောက်ပြီး စိုက်ပျိုးမြေတွေနဲ့ လက်ပွန်းတတီးနေရတဲ့ လူတွေအတွက် ဆိုးကျိုးနည်းစေပါတယ်။

(၄) အော်ဂန်းနစ်သဘာဝစာသောက်ကုန်က အားအင်ပိုဖြစ်စေတယ်။

ဒါကတော့ မဟုတ်ပါဘူး။ အော်ဂန်းနစ်သဘာဝစိုက်ပျိုးထားတဲ့အသီးအနှံတွေက တခြားနည်းနဲ့စိုက်ပျိုးထားတာတွေထက် ပိုမိုတဲ့အာဟာရပါဝင်မှု မရှိပါဘူး။ လက်ရှိသုတေသနသမားတွေကတော့ အော်ဂန်းနစ်နဲ့ အော်ဂန်းနစ်မဟုတ်တဲ့နှစ်ခုအကြား ကွဲပြားသိသာစေတဲ့ အချက်တွေ မရှာဖွေနိုင်သေးပါဘူး။

(၅) အော်ဂန်းနစ်သဘာဝနည်းက သဘာဝပတ်ဝန်းကျင်ကို အမြဲတမ်း ထောက်ကူပေးတယ်။

ဒါလည်း မဟုတ်ပါဘူး။ အပင်စိုက်တာက လေထုညစ်ညမ်းမှုကို လျှော့ချနိုင်တယ်ဆိုတာမှန်ပါတယ်။ ဟူဆန်တက္ကသိုလ်က ပါမောက္ခ ဒန်းနစ်အဲဗရီးရဲ့ ပြောဆိုချက်အရ အော်ဂန်းနစ်သဘာဝစိုက်ပျိုးနည်းက တခြားနည်းတွေနဲ့ စိုက်ပျိုးတာနဲ့ယှဉ်ရင် မြေနေရာ ပိုမိုလိုအပ်ပါတယ်။ လူတွေက အော်ဂန်းနစ်သဘာဝနည်းနဲ့စိုက်ပျိုးဖို့အတွက် မိုင်ချီတဲ့သစ်တော့မြေတွေကို ခုတ်ထွင်ပြီး အော်ဂန်းနစ်မဟုတ်တာတွေနဲ့ ညီမျှမှုရှိအောင် စိုက်ပျိုးနေကြလို့ပဲ ဖြစ်ပါတယ်။

(၆) အော်ဂန်းနစ်သဘာဝအသီးအနှံက ရေဆေးဖို့မလိုအပ်ဘူး။

မှားပါတယ်။ ဈေးမှာဝယ်ကတည်းက ဒါတွေကို ရေစင်အောင်ဆေးပြီးမှ စားသုံးကြဖို့ တိုက်တွန်းကြတာပါ။ ဝယ်မယ်ဆိုရင်တော့ အော်ဂန်းနစ်သဘာဝဖြစ်ကြောင်းထောက်ခံချက်တံဆိပ်ရှိတာမျိုးကို ရွေးဝယ်ဖို့သင့်ပါတယ်။ နောက်တစ်ခုအနေနဲ့ ရာသီအလိုက်ထွက်တဲ့ အသီးအနှံကို ရွေးဝယ်ပါ။ ကံကောင်းရင်တော့ ဈေးပေါပြီး လတ်ဆတ်တာတွေ ရပါလိမ့်မယ်။

HelloHealth Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

Dr. Phio Thiha
Dr. Phio Thiha · သားဖွားပညာ · Phyo Clinic (Pazundaung) · ပြန်လည်သုံးသပ်သူ မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 01/02/2022 ဖြစ်ပါသည်။