ဒီခေတ်ကြီးမှာလူတော်တော်များများကသက်သတ်လွတ်စားဖို့ဆုံးဖြတ်လာကြပါတယ်။ သက်သတ်လွတ်သမားတွေကအသား(ကြက်၊ဝက်၊ဘဲ၊အမဲအသားမျိုးစုံ၊ပင်လယ်စာ၊အသားနဲ့ပြုလုပ်ထားတဲ့ထုတ်ကုန်များ) လုံးဝမစားပါဘူး။

သင်ကသက်သတ်လွတ်စားဖို့ဆုံးဖြတ်ထားတယ်ဆိုရင်ဟင်းသီးဟင်းရွက်၊အသီး၊ပဲ၊ကောက်ပဲသီးနှံ၊အစေ့အဆံနဲ့အဆီလျှော့နို့ထွက်ထုတ်ကုန်တွေကို ပေါင်းစပ်ပြီးစားဖို့မမေ့ပါနဲ့။
သက်သက်လွတ်စားသောက်မှုပုံစံအများကြီးရှိပေမယ့် ယေဘူယျအကျဆုံးတွေကတော့
Vegan– သူတို့ကအသားအပြင်၊ဥတွေ၊ နို့ထွက်ထုတ်ကုန်တွေပါမစားပါဘူး။
Lacto – vegetarian – သူတို့ကအသားနဲ့ဥတွေကိုမစားပေမယ့်နို့ထွက်ထုတ်ကုန်တွေကိုတော့စားပါတယ်။
Lacto – ovo vegetarian – သူတို့ကဘာအသားမှမစားပေမယ့်ဥနဲ့နို့ထွက်ထုတ်ကုန်တွေကိုတော့စားပါလိမ့်မယ်။
ဘေးကင်းပါတယ်။ သက်သတ်လွတ်စားသောက်မှုပုံစံက သင့်မှာဆီးချိုရှိနေရင်တောင် ကျန်းမာစေတဲ့ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ လေ့လာမှုတွေအရ သက်သတ်လွတ်စားခြင်းက ဆီးချိုကိုကာကွယ်နိုင်တဲ့အပြင် ထိန်းချုပ်နိုင်ကြောင်း တွေ့ရပါတယ်။ တကယ်တော့ သက်သတ်လွတ်စားခြင်းက ကာဗိုဟိုက်ဒရိတ်နဲ့ကယ်လိုရီကန့်သတ်ချက်တွေမလိုဘဲ ကိုယ်အလေးချိန်ကျစေတဲ့အပြင်စားသုံးသူရဲ့ A1C (ဆီးချိုသွေးချိုတိုင်းတာချက်တစ်ခု)ကိုလည်းကျစေပါတယ်။
သက်သက်လွတ်စားသောက်မှုပုံစံကအမျှင်ဓါတ်များတဲ့အပြင်အခြားစားသောက်မှုပုံစံတွေနဲ့ယှဉ်ရင်အဆီနဲ့ကိုလက်စထရောအများကြီးလျော့ပါတယ်။ အမျှင်ဓါတ်များခြင်းကစားပြီးတဲ့အခါသင့်ကိုတော်တော်ကြာတဲ့ထိဗိုက်ပြည့်နေစေတာကြောင့်အစားနည်းသွားစေပါတယ်။ တစ်ရက်ကိုအမျှင်ဓါတ်၅၀ဂရမ်ထိစားသုံးတဲ့အခါမှာတော့သင့်သွေးထဲကကလူးကိုစ့်ကိုလျှော့ချပေးမှာပါ။
ဒီစားသောက်မှုပုံစံက အကုန်အကျလည်း သက်သာစေပါတယ်။ အသားငါးတွေက ဈေးကြီးပါတယ်။
ဒါကိုတော့ အစစ်မှန်ဆုံး သက်သတ်လွတ်စားသောက်မှုပုံစံလို့ ပြောကြပါတယ်။Vegan စားသောက်မှုပုံစံကို လိုက်နာသူတွေက အသားကိုရော အသားနဲ့သက်ဆိုင်တဲ့ ထုတ်ကုန်တွေကိုရောလုံးဝမစားပါဘူး။
ဆီးချိုရှိတဲ့သူတွေက ဒီစားသောက်မှုပုံစံကိုလည်း ရွေးချယ်ကြပါတယ်။Vegan စားသောက်မှုပုံစံက အပင်တွေကိုပဲအခြေခံထားတာပါ။ ဟင်းသီးဟင်းရွက်၊အသီးနဲ့ ကောက်ပဲသီးနှံတွေကို ရောပြီးစားခြင်းကပရိုတိန်းတွေကို ထောက်ပံ့ပေးတဲ့အပြင် အခြားအာဟာရဓါတ်တွေကိုလည်း ပေးပါတယ်။ ဒီစားသောက်မှုပုံစံမှာ သိပ်မပါတာတစ်ခုက ဗီတာမင် ဘီ၁၂ ပါ။ ဒါကြောင့်ဗီတာမင်အားဆေးတွေ သောက်ဖို့တော့လိုအပ်ပါတယ်။