brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဇူချီနီ နဲ့ muffin ပြုလုပ်နည်း

ဒါက သွားရင်းလာရင်း မနက်စာအတွက် အဆင်ပြေပါတယ်။ သင့်အနေနဲ့ ဒီချက်နည်းအညွှန်းကို သင်ဆန္ဒရှိလျှင် zucchini (ဘူးသီးနွယ်ဝင် အသီးငယ်တစ်မျိုးဇူချီနီ) ပေါင်မုန့်အလုံးလုပ်လည်းရပါတယ်။ ချက်တဲ့အချိန်ကိုသာ မိနစ် ၅၀-၆၀ အထိသာ တိုးပေးပါ။

ဇူချီနီ နဲ့ muffin ပြုလုပ်နည်း

အစားအစာအမျိုးအစား။ ။ အဆာပြေမုန့်

ပြင်ဆင်ချိန်။ ။၁၅မိနစ်

ပါဝင်သောပစ္ခည်းများ

• muffin ဖျန်းဆေးဘူး spray

• muffin (မက်ဖင်)ခွက်၁၂ခု

• Splendaသကြားညိုခွက်ရဲ့သုံးပုံတစ်ပုံ

• အချိုမပါတဲ့ပန်းသီးဆော့စ်ခွက်တစ်ဝက်

• Canola ဆီခွက်ရဲ့ လေးပုံတစ်ပုံ

• ကြက်ဥလေးလုံး

• ဗနီလာလက်ဘက်ရည်ဇွန်းတစ်ဇွန်း

• ဂျုံတစ်ခွက်

• Old fashioned rolled oats တစ်ခွက်

• မုန့်ဖုတ်ပေါင်ဒါလက်ဖက်ရည်ဇွန်းနှစ်ဇွန်း

• မုန့်ဖုတ်ဆိုဒါလက်ဖက်ရည်ဇွန်းတစ်ဇွန်း

• ဆားလက်ဖက်ရည်ဇွန်းတစ်ဝက်

• သစ်ကြံပိုးမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း

• စွံပလွန်သီးလှီးပြီးသားခွက်ရဲ့ လေးပံတစ်ပုံ

• Zucchini (ဇူချီနီ) နုတ်နုတ်စင်းပြီးသား ခွက်နှစ်လုံး

အာဟာရ အချက်အလက်များ

Muffin (မက်ဖင်၊ ပေါင်မုန့်ငယ်) တစ်လုံးမှာ

• ၁၄၅ကယ်လိုရီ

• ကာဗွန်ဟိုက်ဒရိတ်၂၁ဂရမ်

• ပရိုတိန်း၄ဂရမ်

• အဆီ၅ဂရမ်

• ပြည့်ဝဆီဝ.၅ဂရမ်

• သကြား၆ဂရမ်

• အမျှင်ဓါတ်၃ဂရမ်

• ကိုလက်စထရောဝဂရမ်

• ဆိုဒီရမ်၂၈၅မီလီဂရမ်

• ပိုတက်ဆီရမ်၁၇၅မီလီဂရမ်

ပြင်ဆင်ခြင်း

1. မုန့်ဖုတ်စက်ကို၃၅၀ ဒီဂရီဖာရင်ဟိုက်အထိအပူပေးထားပါ။Cooking muffin spray ကိုဖြန်းဒါမှမဟုတ်muffin ခွက်လေးတွေစီထားပါ။

2. ပန်းကန်လုံးအနေတော်ထဲမှာ Splenda သကြားညိုရည်၊ အချိုမပါတဲ့ ပန်သီးဆော့စ်၊ ကြက်ဥအကာနဲ့ ဗနီလာတို့ကို ပေါင်းထည့်ပြီး သေချာမွှေပါ။ ပြီးရင် ဘေးဖယ်ထားပါ။

3. ပန်းကန်လုံးအကြီးထဲမှာ ဂျုံရယ် Oats ရယ် မုန့်ဖုတ်ပေါင်ဒါရယ် မုန့်ဖုတ်ဆိုဒါရယ် ဆားရယ် သစ်ကြံးပိုးမှုန့်ရယ်ကို ရောထားပါ။

4. ပထမပန်းကန်လုံးထဲကို ဒုတိယပန်းကန်လုံးထဲက သကြားရည်အရောကို တစ်ခါတည်း လောင်းထည့်ပြီးမွှေပါ။

5. Zucchini (ဇူချီနီ)ကို ရောမွှေပါ။ အနှစ်တွေကို၁၂ခွက်စာ ခွဲထားပါ။

6. မိနစ်သုံးဆယ်ဖုတ်ပါ။ (သို့) သွားကြားထိုးတံလေးနဲ့ထိုး ကြည့်ပြီး ကျက်မကျက် သိနိုင်ပါတယ်။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Kyaw Thura Htun · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။