ကျန်းမာစွာချက်ပြုတ်ခြင်း

ကျန်းမာဖို့ဆိုရင် အစားအသောက်က အဓိကကျပါတယ်။ ဒီစာမျက်နှာမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို နေ့စဉ်ဘယ်လိုချက်ပြုတ်မလဲဆိုတာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာချက်ပြုတ်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာချက်ပြုတ်ခြင်း ကို ရှာဖွေမည်။

ကျန်းမာစွာချက်ပြုတ်ခြင်း

အေးခဲခြင်းဆိုင်ရာ myths များစွာ

အစားအစာတွေကို တာရှည်ခံအောင် အေးခဲပြီး သိမ်းဆည်းတာနဲ့ ပတ်သက်လို့ သိထားတဲ့အချက်တွေထဲမှာ မှန်တာတွေလည်း ရှိသလို မှားသိထားတာတွေလည်း ရှိနိုင်ပါတယ်။ ဘာတွေက မှန်ပြီး ဘာတွေက မှားနေလဲဆိုတာကို အေးခဲခြင်းဆိုင်ရာ myths များစွာ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ အေးခဲခြင်းဆိုင်ရာ myths များစွာ အစားအစာတွေ အေးခဲခြင်းနဲ့ ပတ်သက်လို့ ဒီအချက်တွေကို မှားသိထားနိုင်ပါတယ်။ Myth #1 - အစားအစာတိုင်းကို အေးခဲလို့ရတယ် ဒီယူဆချက်က များသောအားဖြင့်တော့ မှန်တယ်လို့ ထင်စရာ ရှိပါတယ်။ ဒါပေမယ့် အစားအစာတိုင်းကိုတော့ အေးခဲလို့ မရပါဘူး။ ဥပမာ - ကော်ဖီမှုန့်ကို အေးခဲလို့ မရသလို ကြက်ဥ၊ ဘဲဥတွေကိုလည်း အေးခဲလိုက်ရင် စားလို့ အဆင်မပြေတော့ပါဘူး။ နောက်တစ်ခုကတော့ ဆီသွပ်ဘူးတွေပါ။ ဆီသွပ်ဘူးတွေကို အေးခဲလိုက် မယ်ဆိုရင်လည်း စားဖို့ တော်တော်လေး အဆင်မပြေတာမျိုး ဖြစ်နိုင်ပါတယ်။ Myth […]


ကျန်းမာစွာချက်ပြုတ်ခြင်း

စရိတ်သက်သာ အာဟာရပြည့်ပြည့် စားနိုင်ဖို့ ရိက္ခာ စုနည်း

သဘာဝဘေးအန္တရာယ်တွေ ဖြစ်တဲ့ မီးဘေး၊ ရေဘေး၊ မုန်တိုင်း၊ ငလျင်တွေ ဖြစ်အပြီးမှာ ဒါမှမဟုတ် ဖြစ်မယ် သတိထားကြပါလို့ ကြေညာအပြီးမှာ ရိက္ခာ ဝယ်ယူစုဆောင်းကြတာ သဘာဝပါ။ အပြင်ထွက်လို့ အဆင်မပြေဘူး။ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်သွားနိုင်တဲ့အတွက် စုလည်း စုထားသင့်ပါတယ်။ တတ်နိုင်တဲ့သူက ခြင်းကြီးခြင်းငယ် အသွယ်သွယ်နဲ့ ဝယ်ကြပေမယ့် မတတ်နိုင်တဲ့သူကျ အတော်ဒုက္ခရောက်ပါတယ်။ ဝယ်လိုအား များလာလို့ စျေးပါတက်လာရင် ပိုဆိုးပါတယ်။ ဒီလိုဆိုပြီး ဆန်နဲ့ ဆီပဲ ဝယ်ထားပြီး စားနေလို့လည်း မဖြစ်သေးပါဘူး။ ဒီဘေးအန္တရာယ်တွေက ဘယ်တော့မှ ပြီးမလဲဆိုတာ မသိတဲ့အတွက် ကြာလာရင် အာဟာရချို့တဲ့လာနိုင်ပါတယ်။ ဒါကြောင့် အာဟာရလည်းပြည့် စရိတ်လည်း သက်သာတဲ့ ရိက္ခာဝယ်ယူစုဆောင်းနည်းကို ပြောပြပါ့မယ်။ စရိတ်သက်သာ ရိက္ခာ စုနည်း စျေးစာရင်းလုပ်ပါ။ သဘာဝဘေးအန္တရာယ်အကြောင်း ပြင်ဆင်ဖို့ ပြောတဲ့အခါ လန့်မသွားပါနဲ့။ အိမ်မှာ တကယ်လိုအပ်မယ့် […]


ကျန်းမာစွာချက်ပြုတ်ခြင်း

မာလာရှမ်းကောက ဘာလို့ စွဲလမ်းစရာဖြစ်နေတာလဲ

“မာလာရှမ်းကော စားမလား” လို့ မေးလိုက်တာနဲ့ ခေါင်းကလေးထောင်ပြီး “ဘယ်မှာလဲ” လို့ မေးရင်း တံတွေးကို ဂလုခနဲ မျိုချမိသွားပြီလား။ အသီးအရွက်တွေ အသားငါးတွေ စုံစုံလင်လင်ပါဝင်ပြီး ပူပူစပ်စပ်အရသာနဲ့ တရုတ်ဟင်းလျာဟာ ဒီကနေ့ ကမ္ဘာပေါ်မှာ အလွန်ရေပန်းစားနေတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် အရှေ့တိုင်းနဲ့ အရှေ့တောင်အာရှတိုင်းပြည်တွေမှာပေါ့။ မြန်မာနိုင်ငံမှာဆိုရင်လည်း မာလာရှမ်းကောဆိုင်တွေ အလျှိုလျှိုပေါ်လာနေပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ အလွန်လူကြိုက်များလွန်းလှတဲ့ အစားအစာတစ်ခုအဖြစ်လာနေပါတယ်။ ဒီလိုအချိန်တိုအတွင်း ဘာကြောင့် လူကြိုက်များလာတာလဲ၊ မာလာရှမ်းကောက ကျန်းမာရေးနဲ့ ကိုက်ညီရဲ့လားဆိုတာကို ပြောပြပေးချင်ပါတယ်။ မာလာရှမ်းကော ဆိုတာ မာလာဆိုတာက တရုတ်စကားလုံးဖြစ်ပြီးတော့ “အထုံအစပ်” လို့ အဓိပ္ပာယ်ရပါတယ်။ ပါးစပ်ထဲထည့်လိုက်ချိန်မှာ ခံစားရတဲ့ ခံစားချက်ကို အစွဲပြုပြီး ခေါ်ဆိုကြတာပါ။ စီချွမ်ပြည်နယ် ယန်ဇီမြစ်တွင်းက ရေလုပ်သားတွေ လှေပေါ်မှာ ချက်ပြုတ်စားခဲ့တဲ့ အစားအစာတစ်ခုဖြစ်ပြီး ခုချိန်မှာတော့ ကမ္ဘာကျော် အစားအစာတစ်ခုဖြစ်နေပါပြီ။ မာလာရှမ်းကောရဲ့ အဓိကပစ္စည်းဖြစ်တဲ့ မာလာအနှစ်မှာ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ဘယ်လို ပြင်ဆင် ချက်ပြုတ်ကြမလဲ။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် စားရဖို့ဆိုတာ ရွေးချယ်တဲ့ အစားအသောက်ပေါ်မှာတင် မူတည်တာ မဟုတ်ပါဘူး။ ချက်နည်း၊ ပြုတ်နည်း၊ ပြင်ဆင်နည်း ပေါ်မှာလည်း မူတည်ပါသေးတယ်။ သင့်အနေနဲ့ ဒီလို ချက်ပြုတ်တတ်ဖို့ စားဖိုမှူးတစ်ယောက်လို ကျွမ်းကျင်စရာ မလိုပါဘူး။ အဆုံးသတ်မှာ လိုရင်းက အရသာ ရှိပြီး ကျန်းမာရေးနဲ့ ညီအောင် ပြင်ဆင်ချက်ပြုတ်ထားတဲ့ ဟင်းတစ်ခွက် ဖြစ်နေဖို့ပါပဲ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းတစ်ခွက် ဖြစ်စေဖို့ သန့်သန့်ရှင်းရှင်း စားသောက်ပါ။ ဘယ်သူကတော့ ညစ်ပတ်တာတွေကို စားမှာလဲ။ အဲ့ဒီလို ပြောချင်တာ မဟုတ်ပါဘူး။ သေချာပေါက် ကိုယ်စားတဲ့ အစားအစာက သန့်သန့်ရှင်းရှင်း ပြင်ဆင် ချက်ပြုတ်ထားတာ ဖြစ်ရမှာပေါ့။ ဒါပေမယ့် ခုပြောချင်တာက clean eatingလို့ ခေါ်တဲ့ စားသောက်မှု ပုံစံပါ။ Clean eatingဆိုတာ dietတစ်မျိုးပါပဲ။ ဒါပေမယ့် ဝိတ်ကျခြင်း၊ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

Air fryerတွေက တကယ်ပဲ ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား။

ကိုဗစ် ပထမလှိုင်းမှာတုန်းက လေထိုး မွေ့ယာတွေ ခေတ်စားပြီးတော့ ဒုတိယလှိုင်းကျတော့ Air fryer အလှည့်ပေါ့။ သောင်းဂဏန်းလောက်ကနေ စပြီး ဝယ်လို့ရတဲ့အတွက် Air fryerတွေက အိမ်တိုင်းလိုလိုမှာ ရှိနေကြပါတယ်။ တစ်နေ့ တစ်နေ့ Air fryerနဲ့ လုပ်စားတဲ့ အစားအစာတွေကို ပုံတင်ရတာလည်း အမောပေါ့။ အားလုံးသိကြတာကတော့ Air fryerက ဆီမလိုဘူး ဒါမှမဟုတ် ဆီနည်းနည်းပဲ သုံးရတဲ့အတွက် ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာပါပဲ။ တကယ်ပဲ Air fryerက ကျန်းမာရေးနဲ့ ညီညွတ်တာ ဟုတ်ရဲ့လားဆိုတာ ကြည့်ကြရအောင်။ Air fryerရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ ဆီပမာဏကို လျှော့ချပေးနိုင်တယ်။ ဆီထဲကို နှစ်ပြီး ကြော်တာထက်စာရင် Air fryerက ဆီပမာဏ နည်းနည်းပဲ သုံးရတဲ့အတွက် ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။ တချို့ ကုမ္ပဏီတွေက Air […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ခံတွင်းရှင်းပြီး ကျန်းမာစေမယ့် သက်သတ်လွတ် စားဖွယ် ပြင်ဆင်နည်း (၃) သွယ်

စာဖတ်သူဟာ သက်သတ်လွတ်ဆို ဟင်ခနဲ နှာခေါင်းရှုံ့တတ်တဲ့သူလား။ ဒါလေးတွေ မစားကြည့်ရသေးလို့ နေမှာပါ။ ၁။ ပဲထမင်း စားတော်ပဲ အစိမ်းလုံးလေးတွေ နဲ့ ပဲထမင်း စိမ်းစိမ်းလေးဟာ တခြားဘာဟင်းလျာမှ မလိုဘဲ စားရတာ အရသာ သိပ်ရှိတာပါ။ ချက်ရတာကလည်း ထမင်းချက်သလို သိပ်လွယ်တာပါပဲ။ လိုအပ်သော ပစ္စည်းများ ဆန် - ဆန်ခြင်ခွက် (၁) ခွက် ပဲစိမ်းလုံး - ဆန်ခြင်ခွက် (၁/၄) ခွက် ကြက်သွန်နီ - ၂လုံး (ပါးပါးလှီး) သံလွင်ဆီ (ရိုးရိုးဆီ/ ထောပတ်/ မာဂျရင်း) - အနည်းငယ် ညက်နေအောင် ထောင်းထားသော ချင်း(ဂျင်း) - လက်ဖက်ရည်ဇွန်း (၁) ဇွန်း ဆား အနည်းငယ် သကြား အနည်းငယ် ဒီ ပစ္စည်းတွေ အားလုံးကို ထမင်းချက်မယ့်အိုးထဲမှာ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ကြက်စွပ်ပြုတ်နဲ့ မိုးတွင်းအာဟာရ

ကြက်စွပ်ပြုတ်ဆိုတာ ချက်နည်းပြုတ်နည်း များများစားစားမလိုဘဲ အိမ်တိုင်း အလွယ်တကူချက်ပြုတ်လို့ရတဲ့ ဟင်းတစ်ခွက်ပါ။ ကျန်းမာရေးအရ ကြည့်မယ်ဆိုရင်လည်း ကြက်စွပ်ပြုတ်သည် အစာကြေလွယ်စေပြီး ကိုယ်တွင်းအပူကျစေတယ်။ ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးနိုင်တဲ့အတွက် ရောဂါတွေကို တိုက်ထုတ်ပေးပါတယ်။ နေကောင်းတဲ့သူတွေအတွက်လည်း အာဟာရဖြစ်စေသလို နေမကောင်းတဲ့သူတွေအတွက်လည်း အဖျားတာတိုစေတဲ့ အာနိသင်ပါလို့ ရှေးယခင် နှစ်ပေါင်းများစွာကတည်းကနေ ယနေ့ခေတ်အထိ လူအများစုက ကြက်စွပ်ပြုတ်ကို အာဟာရဖြစ် ဆေးစာလို့ သတ်မှတ်ထားကြပါတယ်။ ခုလိုမိုးတွင်းကာလမှာဆိုရင် ဖျားနာတာ၊ ရောဂါဘယတွေ ဖြစ်လွယ်တဲ့အတွက် ကြက်စွပ်ပြုတ်ကို ပိုပြီးတောင် သောက်ပေးဖို့လိုအပ်ပါတယ်။ ခုဆိုရင် အပြင်မှာ ကိုဗစ်ကလည်း ဖြစ်နေတော့ မကြာခဏစျေးသွားဝယ်ဖို့ မလွယ်ကူနိုင်ဘူးဆိုပေမဲ့ တတ်နိုင်သလောက် တစ်ပတ်ကို တစ်ရက်လောက်ဖြစ်ဖြစ် ကြက်စွပ်ပြုတ်သောက်ပေးနိုင်ရင် တခြားအစားအစာကနေ လစ်ဟာသွားတဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေကို အစားထိုးရရှိနိုင်ပါတယ်။ ဒါဆိုရင် ကြက်စွပ်ပြုတ်က ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုတာလဲ။ ၁။ အူလမ်းကြောင်း ရှင်းပေးတယ်။ အစာကြေစေတယ်။ ကျန်းမာတဲ့ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ဆူရှီကို မှန်မှန်ကန်ကန် ဘယ်လို စားကြမလဲ

သင်သိပါသလား။ ဆူရှီတွေကို လက်နဲ့ ကိုင်စားတာကမှ မှန်ကန်တဲ့ နည်းလမ်းဆိုတာ။ နောက်တာ မဟုတ်ပါဘူး။ အတည်ပြောတာပါ။ ဆူရှီတွေဟာ ပြုလုပ်သူ စားဖိုမှူးတွေရဲ့ အနုပညာ လက်ရာတစ်ခုလို့ ဂျပန်တွေက သတ်မှတ်ထားတာပါ။ ဒီ အငွေ့အသက်လေးတွေ မပျောက်ပျက်သွားဖို့ ဆူရှီ (Maki နဲ့ Nigiri) စားတော့မယ်ဆိုရင် လက်ချောင်းလေးတွေနဲ့သာ ယူစားတာက ဂျပန်ရဲ့ ရိုးရာပါပဲ။ ဆာရှိမိ နဲ့ ချင်း (ဂျင်း) ကိုတော့ တူနဲ့ ယူစားလို့ ရပါတယ်။ ကဲ.. ဒါဆို မှန်မှန်ကန်ကန် ဆူရှီ ဘယ်လိုစားမလဲဆိုတာလေးတွေကို အတူတူ လေ့လာကြရအောင်။ ၁။ တူကို မပွတ်ပါနဲ့။ တူနဲ့ စားမယ်ဆိုရင် အိတ်ကလေးထဲက ထုတ်ပြီး အမှုန်အမွှားတွေ ကင်းစင်အောင် တူနှစ်ချောင်းကို ပွတ်တတ်တဲ့ အကျင့်ရှိရင် ဂျပန်ဆိုင်တွေမှာတော့ ဒီ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ဆား ဆိုတိုင်း သွေးတိုးစေတာ မဟုတ်ပါ။

အငန် လျှော့စား သွေးတိုးမယ်နော် ဆိုတဲ့ စကားကို အမြဲလိုလို ကြားခဲ့တော့ ငန်တယ်ဆိုတဲ့ ဆားကို အဆိုးထင်ပြီပေါ့။  သွေးတိုးစေတဲ့ အငန်ဓာတ်ဆိုတာ ဆား တစ်ခုတည်း မဟုတ်ပါဘူး။ ငံပြာရည်၊ ငါးပိ၊ ငါးခြောက်။ ငါးပိရည်ကျို စတာတွေကည်း သွေးတိုးစေပါတယ်။ ဒါတွေအပြင် အချိုမှုန့်၊ အသင့်စား အစားအစားတွေကလည်း သွေးတိုးစေတာပါ။ ဒီတော့ သွေးတိုးတာက ဆားတစ်ခုတည်းကြောင့်လို့ မတွေးစေချင်ပါဘူး။ ဆားကြောင့် သွေးတိုးစေတာက ဆားကို အဆမတန် စားသုံးလို့ပါ။ ကျန်းမာနေစေဖို့ဆိုရင် ဆားကို ထိုက်သင့်သလောက် စားသုံးဖို့ လိုပါမယ်။ ဆား ကပေးတဲ့ ကျန်းမာရေး ဆားကို အတန်အသင့် စားသုံးပေးတာက ရေဓာတ် ပြည့်ဝစေဖို့ အထောက်အပံ့ ပေးတယ် ရေဓာတ် ပြည့်ဝနေစေဖို့ ခန္ဓာကိုယ်က ဆိုဒီယမ်(ဆား)နဲ့ ပိုတက်ဆီယမ်တို့ကို လိုအပ်ပါတယ်။ ဆားမရှိရင် ရေဓာတ်ပြည့်ဝဖို့ မဖြစ်နိုင်သလို […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ကျန်းမာရေးအတွက် မနက်စာ “ထောပတ်သီး အသုပ်”

တစ်နေ့တစ်နေ့ ဘာစားရမလဲ၊ ဘာချက်ရမလဲဆိုပြီး စဉ်းစားရတာ အရမ်းအလုပ်ရှုပ်တာနော်။ အထူးသဖြင့် အိမ်ထောင်ရှင်လေဒီလေးတွေ အစားတစ်လုပ် စားရဖို့အရေး ကျန်းမာရေးအတွက် ကြည့်ရတာနဲ့ အိမ်သားတွေ အကြိုက်ကို တွေးပူရတာနဲ့ စိတ်ညစ်စရာကြီးပေါ့။ ဒီတော့ လွယ်ကူရိုးရှင်းပြီး အချိန်လည်း သိပ်မပေးရတဲ့ ဟင်းချက်နည်းတစ်ခုကို ပြောပြပေးချင်ပါတယ်။ ထောပတ်သီး အသုပ် ချက်နည်း ပါဝင်ပစ္စည်း ထောပတ်သီး = ၂လုံး သခွားသီး = ၁လုံး ကြက်သွန်နီ = ၁စိတ် ခရမ်းချဉ်သီး = ၁လုံး (အသေးဆိုရင် ၃လုံး) သံလွင်ဆီ = ထမင်းစားဇွန်း ၂ဇွန်း သံပရာရည် = ထမင်းစားဇွန်း ၂ဇွန်း နံနံပင် = လက်တစ်ဆုပ်စာ ဆား = လက်ဖက်ရည်ဇွန်း ၁ဇွန်း သကြား = လက်ဖက်ရည်ဇွန်း ၁ဇွန်း ငရုတ်ကောင်းမှုန့် = ပါရုံလောက် အနည်းငယ် လိုအပ်ပါတယ်။ ဟင်းချက်နည်း ၁။ အရင်ဆုံး ထောပတ်သီးကို အခွံခွာပြီး အတုံးလေးဖြစ်အောင် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း