
ဝိတ်ချချင်လို့ရှိရင် အစားအသောက်ထိန်းတာ၊ ေလ့ကျင့်ခန်းလုပ်တာတွေအပြင် နောက်ထပ် လုပ်သင်တဲ့ အရာတစ်ခုရှိပါသေးတယ်။ ဒါကတော့ ကိုယ်တစ်နေ့တာ ဘာတွေစားလိုက်လဲ ဘယ်လောက်စားလိုက်လဲဆိုတာကို မှတ်ထားတဲ့ မှတ်တမ်းစာအုပ် food diary ပဲဖြစ်ပါတယ်။ ဒါမှ ဒီနေ့ စားလိုက်တာများနေပြီလား၊ လေ့ကျင့်ခန်း ပိုလုပ်ရမှာလား ကယ်လိုရီကရော ဘယ်လောက်ရှိနေပြီလဲဆိုတာတွေ သေချာတွက်ချက်နိုင်မှာဖြစ်ပါတယ်။
ခုပြောမယ့် အချက်တွေ အားလုံးက food ဒိုင်ယာရီတစ်ခုမှာ မပါမဖြစ်တွေပဲ ဖြစ်ပါတယ်။
( ၁ ) ကိုယ်အလေးချိန် – ပေါင်နဲ့ဖြစ်ဖြစ် kg နဲ့ဖြစ်ဖြစ်
( ၂ ) အရပ် – လက်မနဲ့ ရော cm နဲ့ရော ကြိုက်တာနဲ့ မှတ်လို့ရပါတယ်။
( ၃ ) တစ်နေ့ ကယ်လိုရီ ဘယ်လောက်စားသင့်တယ်၊ ဘယ်ပေါင်လောက်အထိကျချင်လဲဆိုတာရယ်၊ ဘယ်နှစ်ရက် ဘယ်နှစ်လ ဘယ်နှစ်အတွင်း ကျရမယ်ဆိုတာရယ်နဲ့ diary စလုပ်တဲ့ ရက်စွဲလေးတွေရယ်က စာအုပ်ရဲ့ ထိပ်ဆုံးမှာ ပါသင့်ပါတယ်။
( ၄ ) နောက်ပြီး ငါလုပ်နိုင်တယ်၊ ငါဖြစ်ရမယ် ၊ လူတိုင်း ငါဝိတ်ကျသွားလို့ အံ့သြသွားစေရမယ်ဆိုတဲ့ အားပေးစကားစုလေးတွေကိုပါ စာအုပ်ထဲမှတ်ထားပါ။
( ၅ ) ကိုယ်အားကျရတဲ့၊ ကိုယ်လိုချင်နေတဲ့ ကိုယ်ခန္ဓါအချိုးအစားရှိတဲ့ မော်ဒယ်ဓါတ်ပုံတွေ၊ ကိုပါ စာအုပ်ထဲ ထည့်ထားနိုင်ရင် ပိုကောင်းပါတယ်။ Motivation အတွက်ပေါ့။
( ၆ ) Food diary ဆိုတဲ့အတိုင်း အစားအသောက်နဲ့ ပက်သက်တဲ့ နောက်ထပ် အရေးကြီးတာတွေကတော့
( ၇ ) အစားအသောက်တစ်ခုချင်းစီရဲ့ ကယ်လိုရီကို တွက်ထားတဲ့ ဇယားလေးကလည်း မပါမဖြစ်တွေထဲကတစ်ခုပါ။
( ၈ ) ကိုယ်လက်လှုပ်ရှားမှုအကြောင်းလေးလည်း ထည့်ထားသင့်ပါတယ်။
အစားအသောက်တွေချည်းပဲ မှတ်ထားလို့လည်း မရသေးပါဘူး။ ဒီနေ့မှာ ဘယ်လိုကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဖြစ်လဲ၊ ဘယ်လောက်ကြာကြာလုပ်ဖြစ်လဲ၊ ကယ်လိုရီ ဘယ်လောက် လောင်ကျွမ်းသွားလဲဆိုတာတွေပါ မှတ်ထားသင့်ပါတယ်။
( ၉ ) နောက်ပြီး လစဉ်လစဉ် ပေါင်ပြန်ချိန် ၊ခါးတွေ ပြန်တိုင်းပြီး ရလာတဲ့ အဖြေတွေကို စာမျက်နှာတစ်ခုခွဲပြီး စုမှတ်ထားပါ။ ဒါမှ ကိုယ့်တိုးတက်မှု အ ခြေအနေကို သိမှာဖြစ်ပါတယ်။ တစ်လတစ်ခါ ပေါင်ချိန်ပြီးလို့ ကိုယ်အလေးချိန်ကျသွားတယ်ဆိုတိုင်း ကိုယ့်ကိုကိုယ် အားပေး အသိအမှတ်ပြုတဲ့ စကားလေးတွေပါ ရေးခဲ့ပါ။
( ငါလေးက တော်လိုက်တာ၊ ပင်ပန်းရကျိုးနပ်တယ်၊ ဆက်ကြိုးစားမယ်၊ အရှုံးမပေးဘူး) ဆိုတာမျိုးလေးတွေပေါ့။ ။