brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဝိတ်မတက်ချင်ရင် ကော့တေးလ် ကို ဝေးဝေးရှောင်ဟေ့

ကော့တေးလ် ဆိုတာ အယ်လ်ကိုဟောလေးလည်း မှီဝဲချင်၊ ကျန်းမာရေးလည်း လိုက်စားချင်၊ အထာလည်းကျချင်သူတွေအတွက် ထွက်ပေါက်လို့ဆိုလို့ရပါတယ်။

ဝိတ်မတက်ချင်ရင် ကော့တေးလ် ကို ဝေးဝေးရှောင်ဟေ့

အယ်ကိုဟောလေး ပမာဏတစ်ခုလောက်ပါဝင်ပေမယ့် အသီးအနှံတွေ၊ ကော်ဖီတွေနဲ့ရောစပ်ဖန်တီးထားတဲ့ အဖျော်ယမကာလေ။ ဒီတော့ အပြင်ပန်းအားဖြင့်ကြည့်ရင်တော့ ကိုယ်အလေးချိန်တက်စေနိုင်လောက်တယ်လို့ ထင်ချင်စရာသိပ်မရှိလှဘူးမဟုတ်လား။

အရောင်အဆင်းလှလှ၊ အထာကျကျလေးမို့ အလှအပကြိုက်တတ်တဲ့ မိန်းကလေးတွေလည်း မှီဝဲတတ်ကြပါသေးတယ်။

တကယ့်လက်တွေ့ အခြေအနေမှာရော ကော့တေးလ်က ကိုယ်အလေးချိန်မြင့်မားတာမျိုးမဖြစ်စေဘူးဆိုတာ သေချာရဲ့လား။ ကမ္ဘာကျော်ကော့တေးလ်တစ်ချို့ကို လေ့လာကြည့်ရအောင်။

ကော့တေးလ် အမျိုးအစားများနဲ့ ကယ်လိုရီပမာဏ

  • Pina Coladas – အုန်းရည်၊ အုန်းနို့အနှစ်တွေနဲ့ဖန်တီးထားတဲ့ ဒီကော့တေးလ်က ဘီယာတစ်ခွက်မှာပါဝင်တဲ့ အရက်ပမာဏထက် ၂ ဆ ပါဝင်နေတာပါ။ ၁၀ အောင်စအလေးချိန်ရှိတဲ့ တစ်ခွက်မှာ ကယ်လိုရီ ၅၅၀ ပါရှိနေပါတယ်။ double-cheeseburger အကြီးကြီးတစ်လုံး စားလိုက်တာနဲ့ အတူတူပါပဲ။
  • Mai Tai – ဝိုင် ၂ မျိုးနဲ့ရောစပ်ဖန်တီးထားတဲ့ မိုင်ထိုင်းက တစ်ခွက်ဆိုရင် ကယ်လိုရီ ၃၄၀ လောက်ပါရှိတတ်ပါတယ်။ လှတာမက်ရင်တော့ ဝတာပဲ အဖတ်တင်ပါလိမ့်မယ်။
  • Margarita – တက်ကီလာ၊ သံပုရာရည်၊ လိမ္မော်ရည်တွေနဲ့ဖန်တီးထားတဲ့ မာဂရိတာဟာ ကျန်းမာရေးနဲ့ညီညွတ်တယ်လို့ လူအတော်များများက ဆိုကြပါတယ်။ လူကြိုက်လည်းများလှပါတယ်။ ဒါပေမယ့် ကယ်လိုရီပါဝင်မှုက ၅၅၀ ပါနော်။
  • White Russian – ကော်ဖီလည်း နှစ်သက်၊ ခရမ်င်အပြည့်နဲ့ ပျစ်ပျစ်နှစ်နှစ်သောက်ရတာလည်း သဘောကျသူတွေက ဝှိုင်ရပ်ရှန်ကိုမှီဝဲတတ်ကြပါတယ်။ ဗော့ဒကာတွေ၊ ကော်ဖီခရင်မ်တွေနဲ့ ဒီကော့တေးလ်ဟာ ကယ်လိုရီပါဝင်မှု ၃၃၀ တောင်မှပါ။
  • Brandy Alexander – ဘရန်ဒီကို အဓိကထားဖန်တီးထားပြီး creamy ဖြစ်လှတဲ့ ဒီကော့တေးလ်ကတော့ အယ်လ်ကိုဟော ပမာဏများလှသလို ကယ်လိုရီကလည်း ၃၄၀ လောက်ပါဝင်ပါတယ်။ ဒါပေမယ့် သူ့ထဲမှာ ခုနောက်ပိုင်း ဘရန်ဒီအစစ်မထည့်ကြတော့ပါဘူး။ ဂျင်နဲ့ ဖျော်စပ်ကြတာများပါတယ်။
  • Long Island Iced Tea – သိပ်ကိုနာမည်ကျော်တဲ့ ကော့တေးလ်ပေါ့။ သံပုရာရည်၊ ကိုလာနဲ့ နှစ်သက်ရာအရက်ကို ရောစပ်ပြီး ဖန်တီးကြတာပါ။ ဆိုစကားရှိတယ်လေ။ တစ်ခွက်တည်းနဲ့ ခေါင်းကိုက်စေရမယ်ဆိုတာ Long Island Iced Tea ကို ပြောတာပါ။ ကိုလာရဲ့ အစွမ်းနဲ့ ကယ်လိုရီ ၅၀၀ ကျော်တောင်ပါနေတတ်ပါတယ်။
  • Eggnog – သကြားတွေ၊ နို့တွေ၊ ကြက်ဥတွေ၊ ခရင်မ်တွေကို ဘာဘွန်းနဲ့ ရောစပ်ထားတဲ့ ဒီပျစ်ပျစ်နှစ်နှစ်ကော့တေးလ်ကြီးဟာ ထင်သလောက်တော့ ကယ်လိုရီမများပါဘူး။ ဒါပေမယ့် ၃၃၀ ဆိုတာ နည်းလှတယ်တေ့မဟုတ်ပါဘူး။
  • Irish Coffee – Irish Coffee က နေရာဒေသပေါ်မူတည်ပြီး ပုံသဏ္ဍာန်ကွဲတတ်ပါတယ်။ ၁၉၄၀ လောက်ကတည်းက စဖန်တီးခဲ့တာမို့ သက်တမ်းရှည် ကော့တေးလ်တစ်မျိုးပါ။ ဝီစကီကို သကြား၊ ကော်ဖီစတာတွေနဲ့ ရောစပ်ထားတာပါ။ တစ်ခွက်ကို ကယ်လိုရီ ၂၂၀ လောက်ပါဝင်နေပါတယ်။

ကိုယ်က ကိုယ်အလေးချိန် လျှော့ချနေတာမျိုး ဒါမှမဟုတ် ဝိတ်ကိုထိန်းသိမ်းနေသူတစ်ယောက်ဆိုရင် ကော့တေးလ်က မဖြစ်မနေ ရှောင်ကြဉ်ရမယ့် အဖျော်ယမကာတစ်မျိုးဖြစ်ပါတယ်။ ပုံမှန် အသောက်အစားကို နှစ်သက်တယ်ဆိုရင် ဝိုင်ကို တစ်ပတ်ကို ၂ ခွက်ကနေ ၄ ခွက်အထိ မှီဝဲနိုင်ပါတယ်။

ဒီလိုမှမဟုတ်ပဲ ပိုပြီးကျန်းမာချင်ရင်တော့ အယ်လ်ကိုဟောကို လုံးဝရှောင်ကြဉ်ပြီး အောက်ပါ အဖျော်ရည်တွေကို အစားထိုးမှီဝဲနိုင်ပါတယ်။

  • လက်ဖက်စိမ်းရေနွေး၊
  • သကြားမပါတဲ့ ကော်ဖီ
  • Black Tea
  • ရေ၊
  • ပန်းသီးဗီနီဂါ
  • ဂျင်းပြုတ်ရည်၊ ဂျင်းရေနွေး
  • ပရိုတိန်းဖျော်ရည်နဲ့ သစ်သီးဖျော်ရည်တွေကို မှီဝဲပေးနိုင်ပါတယ်။
Dr. Phyo Wai Lynn
Dr. Phyo Wai Lynn
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Ye Zon Aung · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။