brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်အလေးချိန်ချဖို့ ဘယ်လိုအစီအစဉ်ဆွဲမလဲ

ကိုယ်အလေးချိန်ချဖို့ ဘယ်လိုအစီအစဉ်ဆွဲမလဲ

ကိုယ်အလေးချိန်ချဖို့ ဘယ်လိုအစီအစဉ်ဆွဲမလဲ

တစ်ကြိမ်မှာ အဆင့်တစ်ဆင့်လောက်ပဲ လုပ်ဆောင်ပြီး စိတ်ရှည်ရှည်ထားဖို့ သတိရပါ။ အမြဲတမ်း ကိုယ်အလေးချိန်ကျဖို့ တစ်ည တည်းနဲ့လုပ်လို့မရပါဘူး။ အစီအစဉ်ကို တတ်နိုင်သလောက် အသေးစိတ်ဆွဲပါ။ အောက်ပါအချက်များကို လမ်းညွှန်ချက်အနေနဲ့ အသုံးပြုပါ။

အခုအခြေအနေကဘယ်လိုလဲ

ဥပမာ။ လိုချင်တဲ့ ကိုယ်အလေးချိန်ထက်လက်ရှိမှာ ပေါင် ၄၀ ပိုနေတယ်။

ကိုယ်အလေးချိန်ချဖို့ ဘာတွေစလုပ်ရမလဲ

ဥပမာ—

၁။ တစ်ပတ်ကို ၅ရက်လောက် နေ့လယ်စာစားပြီးချိန်တွေမှာ နာရီဝက်လောက် လမ်းမြန်မြန်လျှောက်မယ်။

၂။ ပုံမှန်ဆိုဒါနဲ့ လက်ဖက်ရည်အချိုတွေအစား ကယ်လိုရီမပါသောအချိုရည် နဲ့ ရေကို ပြောင်းသောက်မယ်။

ဘယ်အချိန်မှာ လုပ်မလဲ

ဥပမာ။ ၁။ နေ့လည်စာစားချိန်မှာ နာရီဝက်လောက် လမ်းလျှောက်မယ်။

၂။ အစာစားတိုင်း နဲ့ အစာစားချိန်တချိန်နဲ့ တချိန်ကြားထဲ

အသင့်ဖြစ်နေဖို့ ဘာတွေလိုလဲ

ဥပမာ—

၁။ သက်တောင့်သက်သာဖြစ်မယ့် လမ်းလျှောက်ဖိနပ်လိုမယ်။

၂။ ကယ်လိုရီမပါသောအချိုရည် ဝယ်ဖို့လိုတယ်။

ဘာတွေကြုံလာနိုင်လဲ

ဥပမာ—

၁။ မိုးရွာရင် အပြင်ထွက်လျှောက်နိုင်မှာ မဟုတ်ဘူး။

၂။ ကယ်လိုရီမပါသော အချိုရည် ကုန်သွားနိုင်တယ်။

ဒီလိုဖြစ်လာရင် ဘာလုပ်မလဲ

ဥပမာ—

၁။ မိုးလုံလေလုံခန်းမတစ်ခုကိုသွားပြီး အထဲမှာ လမ်းလျှောက်မယ်။

၂။ ကယ်လိုရီမပါသော အချိုရည် မကုန်အောင် သတိထားမယ်။ ဒါမှမဟုတ် ရေသောက်မယ်။

ဘယ်တော့စလုပ်မလဲ

ဥပမာ။ တနင်္လာနေ့မှာ ဒီရည်မှန်းချက်၂ခုစလုံး စလုပ်မယ်။

ကိုယ့်ဖာသာ ဘယ်လိုဆုချမလဲ (အစားအသောက်တော့မဖြစ်ရပါ)

ဥပမာ။ နောက်လအထိ ဆက်လုပ်နိုင်ရင် ရုပ်ရှင်သွားကြည့်မယ်။

ပထမရည်မှန်းချက်တွေ အောင်မြင်ရင် နောက်အဆင့်တွေဆက်လုပ်ပါ

နောက်အဆင့်အတွက် ဥပမာ–

  • တစ်ပတ်ကို ၅ရက်မှာ မိနစ် ၃၀ အစား မိနစ် ၄၀ လျှောက်မယ်။
  • နေ့လယ်စားစရာတွေကို ကွတ်ကီးအစား အသီးပြောင်းစားမယ်။
Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thant Zin · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။