
အစားများများစားပြီးတဲ့အခါ ခန္ဓါကိုယ်မှာလုပ်ဆောင်စရာတွေ များပါတယ်။ ဟင်းနုနွယ်မှာ အဆီတွေချေဖျက်တဲ့ ကိုယ်တွင်းဇီဝဖြစ်စဉ်ကို မြန်စေနိုင်တဲ့ ဗီတာမင်B2 ကြွယ်ဝပါတယ်။ ဗီတာမင် B တွေကရောဂါတွေကိုတိုက်ဖျက်ရာမှာ အကူအညီပေးနိုင်ပါတယ်။ ဒီအရွက်ကို အပူပေးရုံပေးပြီး စားပေးတာအကောင်းဆုံးပါ။ ကြာကြာပြုတ်ရင်တော့ ဗီတာမင်နဲ့သတ္တုဓါတ်တွေ ပါသွားနိုင်ပါတယ်။ ဥပမာဟော့ပေါ့စားတယ်ဆိုရင်နောက်ဆုံးပြီးခါနီးကျ အရွက်ကိုဖျောပြီးစားလိုက်ပါ။
ဗီတာမင် C ကြွယ်ဝပြီး အရသာရှိတယ်၊ အအီပြေစေတဲ့ လိမ္မော်သီးလေးက ကိုယ်တွင်းဇီဝဖြစ်စဉ်ကိုမြန်ဆန်စေပြီး အဆီတွေကို ပိုပြီးချေဖျက်စေနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ခံအားလည်းကောင်းစေတယ်။ လိမ္မော်သီးနဲ့ အချိုတည်း ဒါမှမဟုတ် လိမ္မော်ရည်လေးသောက်ပါ။ (အချိုများတဲ့ပုလင်းအချိုရည်တွေထက် အသီးဖျော်ရည်က ပိုကောင်းပါတယ်)