Alzheimer’s disease ဟာ ပုံမှန်လုပ်ငန်းဆောင်တာတွေကို ပြုလုပ်နိုင်တဲ့ စွမ်းအင်နဲ့ မှတ်ဉာဏ်၊ တွေးတောနိုင်စွမ်းတွေကို ဖြည်းညင်းစွာ ယိုယွင်းစေတဲ့ dementia လို့လည်း ခေါ်တဲ့ ဦးနှောက် လုပ်ငန်းဆောင်တာ ပျက်စီးတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ဒီရောဂါဟာ ပျော့ပျော့ကနေ ပြင်းထန်တဲ့ အခြေအနေ အထိဖြစ်နိုင်ပါတယ်။ ပျော့တဲ့ ရောဂါကိုတော့ စစချင်းမှာ ဖြစ်ကာ လုပ်ငန်းဆောင်တာတွေကို ထိခိုက်နိုင်ပြီး ပြင်းထန်တဲ့ အဆင့်မှာတော့ လူနာဟာ သူ့ကို ပြုစုဖို့ အခြားသူတွေပေါ်ကို လုံးလုံးမှီခိုရမှာ ဖြစ်ပါတယ်။ ယခုအချိန်ထိ ဒီရောဂါဟာ ကုသပျောက်ကင်းနိုင်ခြင်း မရှိသေးပါဘူး။

Alzheimer’s disease ဖြစ်ပွားတဲ့ အကြောင်းရင်း
Alzheimer’s disease ဖြစ်ပွားတဲ့ အကြောင်းရင်းကို သေချာ သိရှိခြင်းမရှိပဲ အသက်ကြီးခြင်းဟာ ဒီရောဂါဖြစ်ပွားခြင်းရဲ့ အဓိက အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ လူအတော်များများဟာ Alzheimer’s disease ကို အသက် ၆၅ နှစ်နဲ့ အထက်မှာ စတင်ဖြစ်ပွားပြီး အသက်ကြီးလာလေလေ ရောဂါဖြစ်ပွားနှုန်းများလာ လေလေပဲ ဖြစ်ပါတယ်။ အသက်ငယ်ရွယ်သူတွေမှာလည်း အသက် ၃၀၊ ၄၀၊ ၅၀ ကျော်မှာ ဖြစ်နိုင်ပေမယ့် ဒါဟာ ရှားပါတယ်။ ဒါကြောင့် Alzheimer’s disease ဟာ ပုံမှန်အသက်ကြီးခြင်း မဟုတ်ပါဘူး။
Alzheimer’s disease ရဲ့ ရောဂါလက္ခဏာများ
Alzheimer’s disease ရဲ့ လက္ခဏာကတော့ မကြာသေးမီ ဖြစ်ပွားတဲ့ အဖြစ်အပျက်တွေကိုသတိမရတော့ခြင်း ဖြစ်ပါတယ်။ ဒါဟာ ခဏတာ မှတ်ဉာဏ်နဲ့ မတူပါဘူး။ ခဏတာ မှတ်ဉာဏ်ဟာ ခေါင်းထဲမှာ ရှိတဲ့ အချက်အလက်တွေကို ရေရှည်သိမ်းထားနိုင်စွမ်းပဲဖြစ်ပါတယ်။ အခြားတစ်ဖက်မှာတော့ Alzheimer’s disease ရှိသူတွေဟာ ရေရှည်မှတ်ဉာဏ် ထိခိုက်မှု မရှိပါဘူး။
Alzheimer’s disease ရဲ့ စောစီးတဲ့ လက္ခဏာတွေကတော့-
• သတိမေ့ခြင်း
• အာရုံမစိုက်နိုင်ခြင်း
• ဘာသာစကားဆိုင်ရာ ပြဿနာများ
• အချိန်၊ နေရာနဲ့ ပတ်သက်ပြီး စိတ်ရှုပ်ခြင်း
• ဆုံးဖြတ်မှုဆိုင်ရာ ချို့ယွင်းခြင်း
• မတွေးတောနိုင်ခြင်း
• လှုပ်ရှားမှု၊ ညှိနှိုင်းဆောင်ရွက်မှု အားနည်းခြင်း
• စိတ်ပိုင်းဆိုင်ရာ အပြုအမူပိုင်းဆိုင်ရာ ပြောင်းလဲခြင်း
• စိတ်ကျခြင်း
Alzheimer’s disease ကို ကုသနိုင်တဲ့ နည်းမရှိသေးပါဘူး။ ဆေးသောက်ခြင်းဟာ ရောဂါဆိုးရွားလာမှုကို တားမြစ်ဖို့နဲ့ ဒီရောဂါနဲ့ ဆက်စပ်နေတဲ့ လက္ခဏာတွေကို ကုသဖို့ပဲဖြစ်ပါတယ်။ Alzheimer’s disease ကို ကုသဖို့ အသုံးပြုတဲ့ ဆေးတွေရဲ့ ကောင်းကျိုးဟာ နည်းပါးပါတယ်။ ဆေးမဟုတ်တဲ့ အခြားနည်းတွေဖြစ်တဲ့ တေးဂီတနဲ့ ကုသနည်း၊ မှတ်ဉာဏ် ကုသနည်းတွေလည်း ရှိပါတယ်။
လူနာနဲ့ သူတို့ရဲ့ မိသားစုတွေဟာ ဆေးသောက်ခြင်းက အပြုအမူပိုင်းဆိုင်ရာ လုပ်ဆောင်မှုပိုင်းဆိုင်ရာ လုပ်နိုင်စွမ်းတွေကို တိုးတက်စေနိုင်လားဆိုတာ ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။ ဒီဆေးတွေကို ရောဂါစဖြစ်ကတည်းက သောက်သင့်လား၊ နောက်မှ သောက်သင့်လားဆိုတာလည်း ဆွေးနွေးသင့်ပါတယ်။
အောက်ဖေါ်ပြပါ ဆေးတွေကိုတော့ Alzheimer’s disease ကုသမှုမှာ အသုံးပြုကြပါတယ်။
• Donepezil (ဒိုနီပက်ဇဲလ်) (Aricept, generic);
• Rivastigmine (ရိုင်ဗာစတစ်ဂ်မင်း) (Exelon, generic);
• Galantamine (ဂလန်တမင်း) (Razadyne, generic);
• Memantine ( မီမန်တင်း )(Namenda).