အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကြုံတွေ့ရနိုင်မယ့် ပြောင်းလဲမှုများ
အသက်အရွယ် ရလာတယ်လို့ ပြောလိုက်ရင် အများစု မြင်တာက ဆံပင်တွေဖြူလာတာ၊ ပါးရေနားရေတွေ တွန့်လာတာကိုပါ။ ဒါက ဇရာရဲ့ သဘောလို့ပေါ့။ တကယ်ကတော့ အသက်အရွယ်ရလာတဲ့အခါ ဒီပြောင်းလဲမှုတွေတင်ဖြစ်တာမဟုတ်ပါဘူး။ အသက်အရွယ် ကြီးရင့်မှုက သွားတွေ၊ နှလုံး၊ အသည်းကစလို့ မှတ်ဉာဏ်ပိုင်းဆိုင်ရာတွေမှာရော အသားအရေတွေ အပေါ်မှာပါ သက်ရောက်မှု ရှိတာပါ။ ဒါတင်လားဆိုတော့ မဟုတ်သေးပြန်ပါဘူး။ မျိုးပွားစနစ်ပေါ်မှာလည်း သက်ရောက်နေပါသေးတယ်။ ကိုယ်အလေးချိန်လည်း ပြောင်းလဲလာပါမယ်။ ဇရာကြောင့် ပြောင်းလဲမှု အသက် ၃၀ကျော်လာတဲ့အခါ ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေအားလုံးရဲ့ လုပ်ဆောင်နိုင်စွမ်းဟာ တဖြည်းဖြည်း ကျလာပါတယ်။ အသက်အရွယ် ရလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေ၊ တစ်ရှူးတွေနဲ့ အင်္ဂါ အစိတ်အပိုင်းတွေက ပြောင်းလဲလာပါတယ်။ ဒီပြောင်းလဲလာမှုတွေက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေအပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။ အသက်အရွယ်ရလာတဲ့အခါ ဆဲလ်တွေ၊ တစ်ရှူးတွေ ပြောင်းလဲလာတာကြောင့် ခန္ဓာကိုယ်က အင်္ဂါအစိတ်အပိုင်းတွေလည်း […]
































