brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ့်ကိုထိန်းကျောင်းခဲ့တဲ့ အရေတွန့်နေတဲ့ လက်ကလေးတွေကို ဘယ်လိုပြန်ပြုစုပေးကြမလဲ

ချွဲနွဲ့စရာ ဖိုးဖိုးဖွားဖွားတွေရှိတာက ကံကောင်းခြင်းတစ်ခုပါ။ ငယ်ငယ်ကတည်းကမေမေဖေဖေတွေဆီကလိုတာမရရင်တောင် ဖိုးဖိုးဖွားဖွားတွေက မျက်နှာတစ်ချက်ပျက်မခံဘဲဖြည့်ဆည်းပေးတတ်သူတွေပေါ့။ သားအချစ်မြေးအနှစ်ဆိုတဲ့အတိုင်းမွေးကတည်းကစလို့ အရွယ်ရာက်လာတဲ့အထိ စားတာသောက်တာကနေစလို့ တစ်ကိုယ်ရေသန့်ရှင်းရေးအဆုံး ဖိုးဖိုးဖွားဖွားတို့လက်နဲ့ လွတ်တယ်ရယ်လို့မရှိခဲ့ပါဘူး။ ဒီလိုဂရုစိုက်ခဲ့တဲ့ ဖိုးဖိုးဖွားဖွားတွေကအသက်အရွယ်ကြီးရင့်လာတဲ့အခါ ကိုယ့်ကိုချစ်ခြင်းမေတ္တာအပြည့်နဲ့ ထိန်းကျောင်းပေးခဲ့တဲ့သူတို့ကို ဘယ်လိုပြန်လည်ဂရုစိုက်ပြုစုပေးရမလဲ သူတို့ရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်တဲ့အခါ ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပြပေးသွားမှာပါ။

ကိုယ့်ကိုထိန်းကျောင်းခဲ့တဲ့ အရေတွန့်နေတဲ့ လက်ကလေးတွေကို ဘယ်လိုပြန်ပြုစုပေးကြမလဲ

ဖိုးဖိုးဖွားဖွားတွေရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပေးတော့မယ်ဆိုရင်

ဖိုးဖိုးဖွားဖွားတွေကို ဂရုစိုက်ပေးရတာက ကလေးငယ်ငယ်လေးတွေကို ဂရုစိုက်ပေးရတာထက် ပိုမိုခက်ခဲနိုင်ပါတယ်။ သူတို့ရဲ့ လိုအပ်ချက်တွေအတိုင်း အကောင်းဆုံးဖြစ်အောင်ဂရုစိုက်ပေးဖို့ကတော်တော်လေးတော့ စိန်ခေါ်မှုကြီးတဲ့အချက်ပါ။ ကလေးတွေက ကိုယ့်ထက်ငယ်တာကြောင့် လုပ်ပေးကိုင်ပေးရတာက အဆင်ပြေနိုင်ပေမယ့် ဖိုးဖိုးဖွားဖွားတို့ကိုကျ ကြောက်ရွံ့ရိုသေမှုရော ချစ်ခင်မှုပါရှိနေတော့ ဘယ်အရာမဆို သတိကြီးကြီးထားရမှာအမှန်ပဲ။ အရွယ်ရလာလေလေ စားတာသောက်တာကစလို့ တစ်ကိုယ်ရေသန့်ရှင်းရေးအဆုံးအရာအားလုံးလိုလိုကို ဂရုတစိုက်စောင့်ရှောက်ပေးရမှာပါ။ စိတ်မြန်လက်မြန်ရှိလှတဲ့ ဖိုးဖိုးဖွာဖွားတို့နဲ့သာဆိုရင်တော့အခန့်မသင့်ရင်ခေါင်းတောင်ပူနိုင်ပါသေးတယ်နော်။

ရေချိုးတဲ့အခါ

ရေချိုးတဲ့အခါ အချိန်ကို အတိအကျလေးသတ်မှတ်ပြီးသေသေချာချာလေးချိုးပေးပါ။ရေချိုးတာကကိုယ်တွေအတွက်နေ့တိုင်းချိုးလို့လွယ်ပေမယ့် ဖိုးဖိုးဖွားဖွားတွေအတွက်ကတော့ မလွယ်ပါဘူး။ ဒါကြောင့်သေချာထိုင်ခုံလေးနဲ့ ထိုင်ခိုင်းပြီးခြေထောက်တွေနဲ့တစ်ကိုယ်လုံးကိုချေးတွန်းချိုးပေးတာမျိုး လုပ်ပေးပါ။ တစ်ပတ်ကို ၃ ကြိမ်လောက်ရေချိုးသန့်စင်ပေးပါ။

မျက်နှာသစ်တဲ့အခါ

မိုးလင်းလာရင် မျက်နှာသစ်သွားတိုက်ြပီး ဆံပင်ေလးဘာလေးဖြီးသင်လိုက်ရမှ စိတ်ထဲကြည်သွားတယ်ဆိုတဲ့ ဖိုးဖိုးဖွားဖွားတွေအတွက်တော့ မနက်နိုးလာတဲ့အခါ အဆင်ပြေပြေထိုင်လို့ရမယ့် ခုံလေးတစ်ခုမှာထိုင်ခိုင်ပြီးရေဇလုံနဲ့ လိုအပ်တဲ့ပစ္စည်းတွေကိုပြည့်ပြည့်စုံစုံယူုပြီး သန့်စင်ပေးပါ။

အဝတ်အစားတွေကိုလည်း သပ်သပ်ရပ်ရပ်ဝတ်ပေးပါ

ကိယ်လက်တွေသန့်စင်ပြီးတဲ့အခါ အဝတ်အစားတွေလဲပေးဖို့ကလည်းမေ့ထားလို့မရပါဘူးနော်။ သန့်စင်အောင်လျှော်ထားတဲ့ အဝတ်အစားလေးတွေကို သပ်သပ်ရပ်ရပ်လေးဝတ်ဆင်ပေးပါ။ ဒါမှ ဖိုးဖိုးဖွားဖွားတို့ကို စိတ်လက်ပေါ့ပါးစေမှာပါ။

ခံတွင်းသန့်ရှင်းရေးကိုလည်း ဂရုစိုက်ပေးပါ

ခံတွင်းသန့်ရှင်းမှုကလည်း တစ်ကိုယ်ရေသန့်ရှင်းရေးလို့ပြောလိုက်ရင်မေ့ထားလို့မဖြစ်တဲ့ အချက်တစ်ခုပါ။ သွားတွေမရှိလို့ ခံတွင်းသန့်ရှင်းဖို့မလိုဘူးဆိုတာတော့ မဟုတ်ပါဘူး။ ဒါကြောင့် မနက်တစ်ကြိမ် ညအိပ်ရာမဝင်ခင်တစ်ကြိမ်တော့ ဖိုးဖိုးဖွားဖွားတွေကို သွားနဲ့ခံတွင်းသန့်ရှင်းရေးလုပ်ပေးပါ။ ဖိုးဖိုးဖွားဖွားတို့က အံကပ်တပ်နေရတယ်ဆိုရင်လည်း အံကပ်ကိုသေချာလေးဆေးကြောသန့်စင်ပေးပါ။

လက်သည်းခြေသည်းညှပ်ပေးပါ

ကျန်းမာဖို့အတွက် လက်သည်းခြေသည်းသန့်ရှင်းဖို့ကလည်း အရေးကြီးပါတယ်။ ကိုယ်တိုင် လက်သည်းခြေသည်းညှပ်ဖို့ အဆင်မပြေနိုင်တဲ့ ဖိုးဖိုးဖွားဖွားတို့ကို မျက်လုံးကောင်းကောင်းလေးနဲ့ တစ်ပတ်တစ်ကြိမ်တော့ လက်သည်းခြေသည်းညှပ်ပေးပါ။

ဆံသားသန့်ရှင်းရေးကိုဂရုစိုက်ပါ

အနည်းဆုံး နှစ်ပတ်တစ်ကြိမ်လောက်တော့ခေါင်းလျှော်ပေးပါ။ ဆံပင်ကို သပ်သပ်ရပ်ရပ်လေးဖြစ်နေစေဖို့ကိုတော့နေ့တိုင်းဖြီးသင်ပေးရပါမယ်။ ဒါမှာဦးရေပြားကျန်းမာမှာပါ။

ခြေလက်သန့်စင်ပေးပါ

အစားအစာတွေစားသောက်ပြီးချိန်၊ရေအိမ်ကနေဆင်းလာတဲ့အချိန်၊ အစားမစားခင်အချိန်နဲ့ ညစ်ပေတဲ့အရာတွေကို ထိတွေ့မိတဲ့အခါမျိုးမှာခြေလက်သန့်စင်မှုတွေလုပ်ပေးဖို့မမေ့ပါနဲ့။

အညစ်အကြေးစွန့်တဲ့အခါ

ဖိုးဖိုးဖွားဖွားတွေက သိပ်အသက်မကြီးသေးရင်ရေအိမ်ကို ကိုယ်တိုင်သွားနိုင်တယ်ဆိုပေမယ့် အဖော်အဖြစ်လိုက်သွားပေးတာက အကောင်းဆုံးပါ။ မတော်တဆချော်လဲတာမျိုးမဖြစ်စေဖို့အတွက်ပေါ့။ တကယ်လို့ ဖိုးဖိုးဖွားဖွားကသွားလာရခက်ခဲမယ်၊ ဆီးတွေဝမ်းတွေမထိန်းနိုင်တာမျိုးဖြစ်နေမယ်ဆိုရင်တော့ အဆင်ပြေဆုံးဖြစ်မယ့် နည်းလမ်းက လူကြီးသေးခံအသုံးပြုတာပါ။ အရင်တုန်းက အသုံးပြုလေ့ပြုထမရှိခဲ့ဘူးဆိုရင်လည်း အခုအသုံးပြုကြည့်လို့ရပါတယ်။ ဒီလိုအသုံးပြုခြင်းက အဖိုးအဖွားတွေရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး ပြုစုစောင့်ရှောက်နေရသူတွေအတွက် ပိုမိုလွယ်ကူစေပါလိမ့်မယ်။

ဈေးကွက်ထဲမှာအခုဆိုရင် ဖိုးဖိုးဖွားဖွားတွေအတွက်ပါသေးခံတွေရှိနေပါပြီ။သေးခံကအနံ့အသက်ဆိုးတွေထွက်တာ၊ စိုထိုင်းထိုင်းဖြစ်နေမှာတွေကို မကြိုက်ဘူးလို့ ဖိုးဖိုးဖွားဖွားတို့ကဆိုလာရင်တော့ Anti Bacteria Green Sheet အလွှာပါဝင်တဲ့အတွက် ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ အနံ့အသက်ဆိုးတွေကို ကင်းစင်စေနိုင်တဲ့သေးခံမျိုးကိုရွေးချယ်ပေးလို့ရပါတယ်။ ခန္ဓါကိုယ်နဲ့ကွက်တိကျအောင်ဘောင်းဘီဝတ်ဆင်သလိုမျိုး ဝတ်ဆင်ထားလို့ရတဲ့ သေးခံမျိုးကိုရွေးချယ်မယ်ဆိုရင်တော့သက်တောင့်သက်သာဖြစ်တဲ့အပြင် ပြုစုပေးရတဲ့သူအတွက်လည်း အဆင်ပြေစေပါတယ်။ ဒါကြောင့် မကြာခဏ ရေအိမ်အသုံးပြုဖို့ အခက်အခဲရှိတဲ့ အဖိုးအဖွားတွေအတွက် အနံ့အသက်ကင်းပြီး အဆင်ပြေပြေဖြစ်စေနိုင်တဲ့အပြင် စောင့်ရှောက်ပေးရသူအတွက်လည်း လွယ်ကူသက်သာစေပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 19/08/2022 ဖြစ်ပါသည်။