သင်အသက်ကြီးလာတဲ့အချိန်မှာ ချော်လဲနိုင်ပါတယ်။ ချော်လဲခြင်းနဲ့ ချော်လဲခြင်းကြောင့်ရတဲ့ ဒဏ်ရာတွေဖြစ်တဲ့ အရိုးကျိုးခြင်းတွေဟာ သင့်ရဲ့ လှုပ်ရှားမှုတွေကို ကန့်သတ်နိုင်ပါတယ်။ ညီမျှမှု လေ့ကျင့်ခန်းတွေဟာ သင့်လှုပ်ရှားမှုတွေနဲ့ ကိုယ်ခန္ဓါပုံစံတွေကို ထိန်းချုပ်မှုရရှိစေပါတယ်။ ဒါကြောင့် သူတို့က ချော်လဲခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။
ရိုးရှင်းတဲ့ လေ့ကျင့်ခန်း ငါးမျိုး
သင့်ရဲ့ညီမျှမှုကို တိုးတက်စေတဲ့ ရိုးစင်းတဲ့ လေ့ကျင့်ခန်း ငါးမျိုးရှိပါတယ်။ ဒီလေ့ကျင့်ခန်းတွေကို သင်လုပ်နိုင်မလုပ်နိုင်နဲ့ သင့်ကျန်းမာရေးအခြေအနေနဲ့ လုပ်ဖို့ သင့်မသင့်ဆိုတာ သိရှိဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
ဒီလေ့ကျင့်ခန်းတွေကို ဘယ်လောက်တစ်ကြိမ် ပြုလုပ်သင့်သလဲ။
ဒီလေ့ကျင့်ခန်းတွေကို သင်ကြိုက်သလောက် ပြုလုပ်နိုင်ပါတယ်။ ညီမျှမှုလေ့ကျင့်ခန်းတွေဟာ ရိုးစင်းပြီး အချိန်အများကြီး မလိုအပ်ပါဘူး။ သူတို့ကို အခြားသန်မာစေတဲ့ လေ့ကျင့်ခန်းတွေနဲ့တွဲပြီး ညီမျှမှုတိုးတက်အောင် ပြုလုပ်နိုင်ပါတယ်။ ညီမျှမှုလေ့ကျင့်ခန်း အများကြီးလုပ်ခြင်းဟာလည်း ကိုယ်ခန္ဓါကို မထိခိုက်စေနိုင်ပါဘူး။
လေ့ကျင့်ခန်းလုပ်နေစဉ် လုံခြုံစိတ်ချရစေမယ့် အချက်များ
သင်လေ့ကျင့်ခန်းလုပ်တဲ့အခါ ဒဏ်ရာရရှိမှုတွေကို ကာကွယ်ဖို့ အရေးကြီးပါတယ်။
- လေ့ကျင့်ခန်းကို ချော်လဲခြင်းက ကာကွယ်ဖို့ နံရံ၊ ခုံနားမှာ ပြုလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်စဉ်မှာ သင့်ကို ကိုင်ထားပေမယ့် လူရှိခြင်းဟာ သင့်လျော်ပါတယ်။
- သင့်လျော်တဲ့ ဖိနပ်၊ ဖျာ အစရှိတာတွေကို သုံးသင့်ပါတယ်။
- ပြားနေတဲ့ ကြမ်းပြင်ပေါ်မှာ လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။
- ညီမျှမှုလေ့ကျင့်ခန်းတွေဟာ ရိုးစင်းပြီး သင့်ရဲ့ ညီမျှမှုကို ထိန်းပေးနိုင်ပါတယ်။ သူတို့ဟာ ပြုလုပ်ရလွယ်ကူတာမို့ သင်ကြိုက်သလောက် ပြုလုပ်နိုင်ပါတယ်။ အခြားမလိုလားအပ်တဲ့ ဒဏ်ရာရရှိမှုတွေ မဖြစ်ရအောင် လုံခြုံစိတ်ချရတဲ့ နည်းလမ်းတွေကို အသုံးပြုသင့်ပါတယ်။ Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။