brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သင်သိထားသင့်သည့် သက်ကြီးရွယ်အိုများအတွက် ဟန်ချက်ထိန်းလေ့ကျင့်ခန်း ၅ မျိုး

သင်အသက်ကြီးလာတဲ့အချိန်မှာ ချော်လဲနိုင်ပါတယ်။ ချော်လဲခြင်းနဲ့ ချော်လဲခြင်းကြောင့်ရတဲ့ ဒဏ်ရာတွေဖြစ်တဲ့ အရိုးကျိုးခြင်းတွေဟာ သင့်ရဲ့ လှုပ်ရှားမှုတွေကို ကန့်သတ်နိုင်ပါတယ်။ ညီမျှမှု လေ့ကျင့်ခန်းတွေဟာ သင့်လှုပ်ရှားမှုတွေနဲ့ ကိုယ်ခန္ဓါပုံစံတွေကို ထိန်းချုပ်မှုရရှိစေပါတယ်။ ဒါကြောင့် သူတို့က ချော်လဲခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။

သင်သိထားသင့်သည့် သက်ကြီးရွယ်အိုများအတွက် ဟန်ချက်ထိန်းလေ့ကျင့်ခန်း ၅ မျိုး

ရိုးရှင်းတဲ့ လေ့ကျင့်ခန်း ငါးမျိုး

သင့်ရဲ့ညီမျှမှုကို တိုးတက်စေတဲ့ ရိုးစင်းတဲ့ လေ့ကျင့်ခန်း ငါးမျိုးရှိပါတယ်။ ဒီလေ့ကျင့်ခန်းတွေကို သင်လုပ်နိုင်မလုပ်နိုင်နဲ့ သင့်ကျန်းမာရေးအခြေအနေနဲ့ လုပ်ဖို့ သင့်မသင့်ဆိုတာ သိရှိဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

ခြေထောက်တစ်ဖက်နဲ့ မတ်တပ်ရပ်ပါ။

  • နံရံနဲ့ မျက်နှာခြင်းဆိုင် (သို့) ခုံရဲ့ နောက်ဘက်မှာ ရပ်သင့်ပါတယ်။
  • လက်ကို ဆန့်ထုတ်ပြီး နံရံ (သို့) ထိုင်ခုံကို ထိထားသင့်ပါတယ်။
  • ခြေထောက်တစ်ဖက်ကို ဒူးကွေးပြီးကမကာ တင်ပါးဆုံ မျက်နှာပြင်လောက်ရောက်အောင် မြှောက်ထားသင့်ပါတယ်။
  • ခြေထောက်ကို ကြမ်းပြင်ပေါ်ကို ဖြည်းညင်းစွာ ပြန်ချပါ။
  • ဒီပုံစံကို ၁၀ မိနစ်ကနေ ၁၅ မိနစ်အထိ ပြုလုပ်သင့်ပါတယ်။
  • အခြားခြေထောက်တစ်ဘက်နဲ့ ၁၀ကြိမ်၊ ၁၅ ကြိမ် ထပ်ပြီး ပြုလုပ်သင့်ပါတယ်။

ဘေးတိုက်လမ်းလျှောက်ခြင်း

  • လက်ကို ဘေးမှာ ချပြီး မတ်မတ်ရပ်ပါ။
  • ခြေထောက်တစ်ဖက်ကို ဘေးဘက်ကို ညင်သာစွာ ဆန့်ထုတ်ပါ။
  • အခြားတစ်ဖက်ကို ပထမခြေထောက်နောက်ကို လိုက်လှမ်းပါ။
  • ဆယ်ကြိမ်လောက် ပြန်လည်ပြုလုပ်ပါ။
  • ပြောင်းပြန်ပြုလုပ်ပါ။

ခြေဖနောင့်-ခြေဖဝါး လမ်းလျှောက်ပါ။

  • ကြမ်းပြင်ပေါ်မှာ မတ်မတ်ရပ်ပါ။
  • ခြေထောက်တစ်ဖက်ရဲ့ ခြေဖနောင့်ကို အခြားတစ်ဖက်ရဲ့ ခြေချောင်းရှေ့မှာ ထားပါ။
  • သင့်ခြေဖနောင့်ဟာ ခြေချောင်းတွေကို ထိနေသင့်ပါတယ်။
  • ခြေလှမ်းတစ်လှမ်းစလှမ်းပါ။
  • ခြေလှမ်း ၂၀ ထပ်လှမ်းပါ။
  • သင့်မျက်လုံးတွေက ရှေ့တည့်တည့်ကို အမြဲကြည့်နေပါ။ လက်တွေကို ဘေးကို ဆန့်ထုတ်ပြီး ချော်လဲခြင်းက ကာကွယ်နိုင်အောင် နံရံကို ကိုင်ထားနိုင်ပါတယ်။

Step-up လေ့ကျင့်ခန်း

  • မတ်မတ်ရပ်ပါ။
  • ခြေထောက်တစ်ဖက်ကို ခြေလှမ်းကြွလိုက်ပါ။
  • အခြားတစ်ဖက်နဲ့ ပထမခြေထောက်အတိုင်း လိုက်လုပ်ပါ။
  • ပထမခြေထောက်ကို ပြန်ချပါ။
  • အခြားခြေထောက်ကို စစချင်းပုံစံကို ပြန်သွားပါ။
  • ခြေထောက်တစ်ဖက်ကို ငါးကြိမ်စီ ပြုလုပ်သင့်ပါတယ်။
  • ဒီလေ့ကျင့်ခန်းကို နံရံနားမှာ ပြုလုပ်သင့်ပါတယ်။

Back leg raises နောက်ခြေမြှောက် လေ့ကျင့်ခန်း

  • ထိုင်ခုံအနောက်မှာ မတ်တပ်ရပ်ပါ။ ညီမျှမှုကို ထိန်းသိမ်းဖို့ ထိုင်ခုံကို ကိုင်ထားနိုင်ပါတယ်။
  • ခြေထောက်တစ်ဖက်ကို အနောက်ကို မပါ။ ဒူးမကွေးသင့်ပါဘူး။
  • ထိုင်ခုံဘက်ကို လူကို ကုံးလိုက်ပါ။
  • ဒီပုံစံအတိုင်း တစ်စက္ကန့်နေပါ။
  • ပုံမှန်ပုံစံကို ပြန်သွားပါ။
  • ဒီခြေထောက်နဲ့ ၁၀-၁၅ ကြိမ်ပြုလုပ်သင့်ပါတယ်။
  • အခြားခြေထောက်တစ်ခုနဲ့လည်း ၁၀-၁၅ကြိမ် ပြုလုပ်သင့်ပါတယ်။

ဒီလေ့ကျင့်ခန်းတွေကို ဘယ်လောက်တစ်ကြိမ် ပြုလုပ်သင့်သလဲ။

ဒီလေ့ကျင့်ခန်းတွေကို သင်ကြိုက်သလောက် ပြုလုပ်နိုင်ပါတယ်။ ညီမျှမှုလေ့ကျင့်ခန်းတွေဟာ ရိုးစင်းပြီး အချိန်အများကြီး မလိုအပ်ပါဘူး။ သူတို့ကို အခြားသန်မာစေတဲ့ လေ့ကျင့်ခန်းတွေနဲ့တွဲပြီး ညီမျှမှုတိုးတက်အောင် ပြုလုပ်နိုင်ပါတယ်။ ညီမျှမှုလေ့ကျင့်ခန်း အများကြီးလုပ်ခြင်းဟာလည်း ကိုယ်ခန္ဓါကို မထိခိုက်စေနိုင်ပါဘူး။

လေ့ကျင့်ခန်းလုပ်နေစဉ် လုံခြုံစိတ်ချရစေမယ့် အချက်များ

သင်လေ့ကျင့်ခန်းလုပ်တဲ့အခါ ဒဏ်ရာရရှိမှုတွေကို ကာကွယ်ဖို့ အရေးကြီးပါတယ်။

  • လေ့ကျင့်ခန်းကို ချော်လဲခြင်းက ကာကွယ်ဖို့ နံရံ၊ ခုံနားမှာ ပြုလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်စဉ်မှာ သင့်ကို ကိုင်ထားပေမယ့် လူရှိခြင်းဟာ သင့်လျော်ပါတယ်။
  • သင့်လျော်တဲ့ ဖိနပ်၊ ဖျာ အစရှိတာတွေကို သုံးသင့်ပါတယ်။
  • ပြားနေတဲ့ ကြမ်းပြင်ပေါ်မှာ လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။
  • ညီမျှမှုလေ့ကျင့်ခန်းတွေဟာ ရိုးစင်းပြီး သင့်ရဲ့ ညီမျှမှုကို ထိန်းပေးနိုင်ပါတယ်။ သူတို့ဟာ ပြုလုပ်ရလွယ်ကူတာမို့ သင်ကြိုက်သလောက် ပြုလုပ်နိုင်ပါတယ်။ အခြားမလိုလားအပ်တဲ့ ဒဏ်ရာရရှိမှုတွေ မဖြစ်ရအောင် လုံခြုံစိတ်ချရတဲ့ နည်းလမ်းတွေကို အသုံးပြုသင့်ပါတယ်။ Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr . Phyu Mon Latt · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။