brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အသက်ရွယ်ကြီးသူတွေမှာအဖြစ်အများဆုံး အရိုးရောဂါနှစ်ခုနဲ့ပတ်သက်လို့ သင်သိသင့်သမျှ

အသက်ကြီးသူတွေမှာ အရိုးရောဂါအဖြစ်များပြီး ပြင်းထန်တတ်ကာ နာကျင်မှု၊ အရိုးကျိုးခြင်းနဲ့ အရိုးကင်ဆာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။

အသက်ရွယ်ကြီးသူတွေမှာအဖြစ်အများဆုံး အရိုးရောဂါနှစ်ခုနဲ့ပတ်သက်လို့ သင်သိသင့်သမျှ

အသက်ကြီးလာတဲ့အခါ အရိုးသိပ်သည်းဆ ကျဆင်းလာပြီး အရိုးရောဂါနဲ့ အရိုးကျိုးခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ အောက်ပါအချက်တွေကတော့ အသက်ကြီးသူတွေမှာ အဖြစ်များတဲ့ ရောဂါနှစ်ခုဖြစ်ပါတယ်။

အရိုးပွခြင်း

အရိုးပွခြင်းဟာ အသက်ကြီးသူတွေမှာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ လက်တင်စကားဖြစ်တဲ့ “porous bones” ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ ကျန်းမာတဲ့ အရိုးတစ်ခုမှာ သေးငယ်တဲ့ ပျားအုံလို သေးငယ်တဲ့ ကွက်လပ်လေးတွေပါဝင်ပြီး အရိုးပွတဲ့ အရိုးမှာတော့ ဒီကွက်လပ်တွေနဲ့ နေရာကျယ်လာပြီး အရိုးဟာ စွမ်းအားနဲ့ သိပ်သည်းဆ ကျဆင်းလာကာ အပြင်ပန်းကြည့်ရင် အရိုးက အားပျော့လာပြီး ပါးလာတာ ဖြစ်ပါတယ်။

သူ့ကို လူကြီးအတော်များများက သတိမထားမိပဲ အရိုးကျိုးချိန်မှသိကြတဲ့အတွက် တိတ်ဆိတ်တဲ့ ရောဂါတစ်ခုလို့ ဆိုကြပါတယ်။ Calcium နဲ့ vitamin D ပေးခြင်းဟာ အရိုးပွခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒီရောဂါရဲ့ အဓိက လက္ခဏာ နှစ်ခုကတော့-

• အသက်ကြီးတဲ့ အမျိုးသမီးတွေဟာ အရိုးပွခြင်းကြောင့် ဖြစ်တဲ့ အရိုးကျိုးခြင်းနဲ့ ရုတ်တရက်ခါးနာခြင်းကို ခံစားရနိုင်ပါတယ်။

• အသက်ကြီးသူ အတော်များများဟာ အရိုးပါးလာတာကြောင့် အရပ်ပုသွားတယ်လို့ ထင်ရနိုင်ပါတယ်။

သင်ချစ်တဲ့သူတွေ အထက်ဖေါ်ပြပါ လက္ခဏာတွေကို ရင်ဆိုင်နေရပြီဆိုရင် အချက်အလက်တွေပိုမိုသိရှိဖိုနဲ့ ကုသမှုနည်းလမ်းတွေ သိရှိဖို့ ဆရာဝန်ကို သွားရောက်ပြသသင့်ပါတယ်။

Paget’s Disease ( ပက်ဂျက်ရောဂါ)

Paget’s Disease ဟာ အရိုးပွခြင်း အပြီး ဒုတိယအဖြစ်များတဲ့ အရိုးရောဂါတစ်ခုဖြစ်ပါတယ်။ အရိုးဟာ လှုပ်ရှားနိုင်တဲ့ တစ်ရှူးဖြစ်ပါတယ်။ သူဟာ ဆက်တိုက် အသစ်လဲခြင်းတွေဖြစ်နေပြီး အရိုးသစ်ဖြစ်ပေါ်လာကာ အရိုးဟောင်းက ပျော်ဝင်သွားတတ်ပါတယ်။ ဒီဖြစ်စဉ်ကို bone remodelling (အရိုးပြန်လည်တည်ဆောက်ခြင်း) လို့ ခေါ်ပါတယ်။ Paget’s Disease ရှိသူလူနာတွေဟာ ဒီဖြစ်စဉ် ပုံမှန်မဟုတ်ခြင်းကြောင့် ဖြစ်ပါတယ်။

Paget’s Disease မှာ မလိုတဲ့နေရာတွေမှာ အရိုးသစ်ဖြစ်ပြီး လိုအပ်တဲ့နေရာတွေက အရိုးဟောင်းကို ဖယ်ရှားခံရပါတယ်။ ဒါကို dysregulation လို့ ခေါ်ပြီး ပုံမှန်အရိုး တည်ဆောက်ပုံကို ပျက်ယွင်းစေနိုင်ပါတယ်။ Paget’s Disease ဟာ အရိုးအသစ်တွေကို ပုံပျက်ပြီး ပျော့ပြောင်းစေကာ နာကျင်မှုနဲ့ အရိုးကျိုးခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။

လူနာအတော်များများဟာ Paget’s Disease ရှိတယ်ဆိုတာ မသိကြပါဘူး။ ဒီရောဂါဟာ ရောဂါလက္ခဏာမရှိခြင်း (သို့) ပြတဲ့ လက္ခဏာတွေမှာ အဆစ်ရောင်ခြင်းနဲ့ အခြားရောဂါလက္ခဏာတွေနဲ့ မှားနိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ ရှားရှားပါးပါး အချို့လူနာတွေမှာ အရိုးကင်ဆာကိုဖြစ်စေတဲ့ အရိုး ကင်ဆာပုံပြောင်းခြင်း ဖြစ်စဉ်ကို ကြုံရနိုင်ပါတယ်။ Paget’s Disease ရှိတဲ့ လူအများစုဟာ ဒီရောဂါကို အိမ်မှာပဲ အရောင်ကျဆေးတွေနဲ့ ကုသနိုင်ပါတယ်။ ပြင်းထန်တဲ့ Paget’s Disease ရှိသူတွေကိုတော့ ဒီရောဂါကို ကုသဖို့ ခွဲစိတ်မှုလိုအပ်နိုင်ပါတယ်။ ဝမ်းဗိုက်၊ ဆီးအိမ် လုပ်ငန်းဆောင်တာ ပြောင်းလဲခြင်းတွေကြုံရသူတွေဟာ ပုံမှန်မဟုတ်တဲ့ အရိုးပြောင်းလဲခြင်းကြောင့် ဖြစ်တဲ့ ကျောရိုးမနဲ့ အာရုံကြောပျက်စီးခြင်းရဲ့ ရလဒ် ဖြစ်နိုင်တာကြောင့် ဆေးကုသမှု ချက်ခြင်း ခံယူသင့်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr . Phyu Mon Latt · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။