
အသားတွေမစားနဲ့ သန်ထမယ်။ သန်ထနေတယ် အသားစားလို့ဖြစ်ပါ့မလားဆိုပြီး စိတ်ပူနေတဲ့ Hello ဆရာဝန်ပရိသတ်ကြီးများရှိလား။ ဒါဆိုရင်တော့ ဒီအယူအဆမှန်လားဆိုတာကို သိရဖို့ ဒီဆောင်းပါးလေးကိုဖတ်ကြည့်လိုက်ပါ။
သန်ကောင်တွေက လူသားတွေရဲ့ အစာခြေစနစ်ထဲမှာနေပြီး စားလိုက်တဲ့ အစာအာဟာရတွေကိုခေါင်းပုံဖြတ်နေကြတာပါ။ ကိုယ်ကစားရင်း သူကထွားရင်းပါ။ အရွယ်ရောက်ပြီးသူတွေမှာသိပ်မသိသာပေမယ့် ဖွံ့ဖြိုးဖို့အရှိန်ယူနေတဲ့ဘေဘီလေးတို့မှာတော့ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ အခန့်မသင့်ရင် အန္တရာယ်ရှိတဲ့အနေအထားတွေဖြစ်စေနိုင်ပါတယ်။ ဥအခြေအနေနဲ့ ကိုယ်တွင်းကိုဝင်ရောက်သွားပြီး ကိုယ်တွင်းထဲရောက်မှာ အကောင်အဖြစ်ရှင်သန်ပေါက်ဖွားကြတာပါ။
ခန္ဓါကိုယ်ထဲမှာ သန်ကောင်တွေရှိနေတဲ့အခါ
ဘေဘီလေးတွေမှာဆိုရင်တော့
တစ်ခါတလေဗိုက်ထဲမှာ သန်ကောင်တွေရှိနေတာကို နှစ်တော်တော်ကြာတဲ့အထိသတိမထားမိတာမျိုးဖြစ်နိုင်ပါတယ်။
အသားစားလို့ သန်ထတာမဟုတ်ပါဘူး။သေချာကျက်အောင်ချက်ပြုတ်ထားတဲ့ အသားတွေက သန်ကောင်ဖြစ်စေတာမျိုးမရှိဘဲ ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းပမာဏကိုပြည့်ဝစွာပေးစွမ်းနိုင်ပါတယ်။ သန်ကောင်ကူဒစက်ရတာကသေချာချက်မထားတဲ့ အသားတွေကို စားသုံးတာ၊ အသားစိမ်းငါးစိမ်းတွေကို စားတာ၊ သန့်ရှင်းမှုအားနည်းတဲ့ အသား၊ငါးတွေကို စားသုံးတာကြောင့်ဖြစ်ရတာပါ။ ပုစွန်ခြောက်၊ ငါးခြောက်၊ ငါးချဉ်တို့မျိုးအစားအစာတွေကြောင့်တော့ သန်ကောင်တွေကူးစက်ခံရနိုင်ပါတယ်။ ဒါ့ကြောင့်သေချာကျက်အောင်ချက်ထားတဲ့ အသား၊ ငါးတွေက အာဟာရဖြစ်စေဖို့ အားဖြည့်ပေးပြီး သန်ထတာမျိုး မဖြစ်စေနိုင်ပါဘူး။
မြေကြီးတွေထဲမှာ သန်ကောင်ဥတွေရှိနေတတ်ပြီး စားရင်းကနေတဆင့် လက်တွေ၊ လက်သည်းတွေထဲမှာ ကပ်ပါလာရာက ခန္ဓါကိုယ်ထဲကို ကူးစက်နိုင်ပါတယ်။
သန်ကောင်တွေကို ခန္ဓါကိုယ်ထဲမရောက်အောင် ကာကွယ်ဖို့အတွက် ဒီနည်းလမ်းလေးတွေက အသုံးတည့်မှာပါ။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။