ဒီရက်ပိုင်းမှာ ရာသီဥတု တော်တော်ပူလာတာကို သတိပြူမိမှာပါ ။ အထူးသဖြင့် နေလယ်နေခင်းအချိန်တွေက နေပူထဲထွက်ဖို့ မဝံ့ရဲအောင်ပါပဲ ။ စာရေးသူလို သန်သန်မာမာ လူငယ်တစ်ယောက်တောင် နေပူဒဏ်ကို ကြာကြာမခံနိုင်တဲ့အတွက် နေပူထဲမှာ သွားလာနေရတဲ့ စာဖတ်ပရိတ်သတ်အတွက် အပူဒဏ်ကြောင့် ဖြစ်တတ်တဲ့ အန္တရာယ်တွေကို သတိပြုမူစေနိုင်ဖို့ ဒီဆောင်းပါးကို ရည်ရွယ်ပါတယ် ။
ဒီအခြေအနေတွေက အရေးပေါ် ကုသမှုခံယူရမယ့် အခြေအနေဖြစ်တဲ့အတွက် ဆေးရုံကို အမြန်ဆုံးပြေးဖို့ လိုအပ်ပါမယ် ။ လမ်းမှာ လူနာက သတိလစ်ခြင်း အန်ခြင်းတွေ ဖြစ်နေရင်တော့ ရေမတိုက်သင့်ပါဘူး ။ အဖျော်ယမကာ နဲ့ ကဖင်းဓါတ်ပါတဲ့ အရည်တွေကိုလည်း ရှောင်သင့်ပါတယ် ။
အပူကြောင့် ဖြစ်တတ်တဲ့ အန္တရာယ်တွေကို ကာကွယ်ဖို့အတွက်
- အနားယူပါ
- အဝတ်အစား အရောင်ဖျော့ဖျော့ ချောင်ချောင်ချိချိ အဝတ်တွေ ဝတ်ပါ
- ရေများများသောက်ပြီး
- အရက်ကို ရှောင်ရှားဖို့ တိုက်တွန်းပါရစေ
ရေးသားသူ – ဒေါက်တာအောင်ကျော်မြင့်