
နာတာရှည်ပင်ပန်းနွမ်းနယ်မှုဝေဒနာကို ဆေးပညာအရ Myalgic encephalomyelitis (ME)၊ Systemic exertion intolerance disease (SEID) လို့လည်း ခေါ်ဝေါ်ကြပါတယ်။
နာတာရှည်ပင်ပန်းနွမ်းနယ်မှုဝေဒနာ ဆိုတဲ့ နာမည်အတိုင်း ၎င်းရဲ့ အဓိကလက္ခဏာက ပင်ပန်းနွမ်းနယ်ခြင်းဖြစ်ပြီး အခြား လက္ခဏာ ၈ခုနဲ့ ပူးတွဲတွေ့ရတတ်ပါတယ်။
ပင်ပန်းနွမ်းနယ်ခြင်းဟာ ကျန်းမာရေးပြဿနာအများစုရဲ့ သတိပေးတပ်လှန့်တဲ့ လက္ခဏာတစ်ခု ဖြစ်နေနိုင်တဲ့အတွက် သင်ဟာ ကာလအတော်ကြာအောင် ပင်ပန်းနွမ်းနယ်နေမယ်၊ အကြောင်းရင်းမရှိဘဲ ဆိုးဆိုးရွားရွား ပင်ပန်းနွမ်းနယ်နေမယ်ဆိုရင် ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။
သိပ္ပံပညာရှင်တွေအနေနဲ့ နာတာရှည်ပင်ပန်းနွမ်းနယ်မှုဝေဒနာကို ဖြစ်စေတဲ့ အကြောင်းအရင်းအတိအကျကို အခုထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။ အချို့ကတော့ နာတာရှည်ပင်ပန်းနွမ်းနယ်ခြင်းကို ဖြစ်စေနိုင်တဲ့ မျိုးဗီဇလက္ခဏာ ရှိသူတွေမှာ အခြားအကြောင်းရင်းများစွာနဲ့ ပေါင်းစပ်ပြီး ဖြစ်လာရတယ်လို့ ယူဆထားပါတယ်။
ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်း – အချို့လူတွေမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး နာတာရှည်ပင်ပန်းနွမ်းနယ်မှု လက္ခဏာတွေ ဖြစ်ပေါ်လာလေ့ရှိတဲ့အတွက် ဒီပြဿနာဟာ ဗိုင်းရပ်စ်ပိုးနဲ့ ဆက်စပ်မှုရှိလိမ့်မယ်လို့ သုတေသနပညာရှင်တွေက ယုံကြည်ကြပါတယ်။ Epstein-Barr virus, Human Herpes virus 6 နဲ့ Mouse Leukemia ဗိုင်းရပ်စ်တွေဟာ နာတာရှည်ပင်ပန်းနွမ်းနယ်မှုနဲ့ ဆက်စပ်မှုရှိတယ်လို့ သံသယရှိထားပေမယ့် အခိုင်အမာ ကောက်ချက်ဆွဲနိုင်တဲ့အထိတော့ လုံလောက်တဲ့အထောက်အထား မရှိသေးပါဘူး။
ခန္ဓါကိုယ်ခုခံအားအဖွဲ့အစည်းဆိုင်ရာ ပြဿနာများ – နာတာရှည်ပင်ပန်းနွမ်းနယ်မှုဒဏ် ခံစားနေရသူတွေမှာ ခန္ဓါကိုယ် ခုခံအားအဖွဲ့အစည်းဆိုင်ရာ ပြဿနာတွေ ရှိနေတတ်တာကို တွေ့ရလေ့ရှိပေမယ့် ဒီပြဿနာတွေကြောင့်ပဲ နာတာရှည်ပင်ပန်းနွမ်းနယ်မှု ဖြစ်လာနိုင်သလားဆိုတာကိုတော့ သိပ္ပံနည်းကျ သေသေချာချာ မသိရသေးပါဘူး။
နာတာရှည်ပင်ပန်းနွမ်းနယ်မှုကြောင့်
နာတာရှည်ပင်ပန်းနွမ်းနယ်မှုရဲ့ အကျိုးသက်ရောက်မှုဟာ လူတစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါဘူး။ သင့်မှာဖြစ်နေတဲ့ လက္ခဏာတွေအပေါ်မူတည်ပြီး သင့်တော်မယ့် ကုသမှုအစီအစဉ်ကို သင့်ဆရာဝန်က လမ်းညွှန်ပေးမှာ ဖြစ်ပါတယ်။ စိတ်ကျဝေဒနာသက်သာဆေး၊ အိပ်ဆေးများလည်း အသုံးပြုဖို့ လိုကောင်းလိုနိုင်ပါတယ်။
ဆေးဝါးကုသမှုအပြင် နာတာရှည်ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်အောင် ကူညီပေးနိုင်တဲ့ အခြားကုထုံးတွေ ရှိပါသေးတယ်။ မိမိကိုယ်ကိုယ် အလွန်အကျွံ တွန်းအားပေးခြင်းကလည်း ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေနိုင်တဲ့အတွက် စိတ်ရောကိုယ်ပါ လျှော့ချပြီး ဖြည်းဖြည်းမှန်မှန်၊ မျှမျှတတ အလုပ်လုပ်ကိုင်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းက သင့်အတွက် အကောင်းဆုံးပါပဲ။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာဆွေးနွေးသူ ပညာရှင်တစ်ဦးဦးနဲ့ တွေ့ဆုံဆွေးနွေးခြင်းဟာလည်း ထိရောက်တဲ့နည်းလမ်းတစ်ခု ဖြစ်လာနိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။