အမျိုးသမီးတွေဟာ ဒေါက်မြင့်ဖိနပ်တွေကို စီးပြီး ဖက်ရှင်ကျအောင် အနာခံတတ်ကြပါတယ်။ ဒါပေမယ့် စီးဖို့ ထိုက်တန်ပါရဲ့လား။ ခြေဖဝါးရဲ့ ပုံစံကို ကန့်သတ်တဲ့ ဖိနပ်တွေ ဝတ်တိုင်းမှာ နာကျင်မှုကို ခံစားရနိုင်တယ်လို့ Dr. Natalie A. Nevins, DO, an osteopathic physician from Hollywood, Calif က ဆိုပါတယ်။
စီးပွားရေးလုပ်နေတဲ့အမျိုးသမီးတစ်ယောက်အနေနဲ့ ဒေါက်မြင့်ဖိနပ်တွေစီးခြင်းဟာ ပရော်ဖက်ရှင်နယ်ကျကျပုံစံဖြစ်စေဖို့ နေ့စဉ် လိုအပ်ချက်တစ်ခုလို ဖြစ်နေပါတယ်။ ငယ်ရွယ်သူတစ်ယောက်အနေနဲ့ ဒါကို ငြင်းပယ်နိုင်ဖို့ ခက်ခဲပါတယ်။
ဒါပေမယ့် ဖြစ်စေတဲ့ဆိုးကျိုးတွေဟာ သင့်ကို ဒီလိုဒေါက်မြင့်ဖိနပ်တွေစီးဖို့ နောက်တစ်ကြိမ် ပြန်စဉ်းစားစေနိုင်ပြီး အခြားဖိနပ်ပြောင်းစီးခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။
၁။ ကိုယ်ခန္ဓါအစိတ်အပိုင်းတွေကို ဆိုးရွားစွာ သက်ရောက်နိုင်ပါတယ်။
ခါး – သူဟာ အရှေ့ကို တွန်းထုတ်သလိုဖြစ်တာကြောင့် တင်ပါးဆုံနဲ့ ကျောရိုးမတွေကို ပုံစံပျက်စေနိုင်ပါတယ်။
ဒူးခေါင်း – ဒူးခေါင်းမှာ ဖိအားများစွာ သက်ရောက်နိုင်ပါတယ်။
ခြေမျက်စိ – ဒေါက်မြင့်ဖိနပ်စီးခြင်းဟာ ဆင်ခြေလျှောပေါ်လမ်းလျှောက်ရသလိုဖြစ်တာကြောင့် ခြေမျက်စိပေါ် ဖိအားသက်ရောက်မှုများပါတယ်။ ခြေမျက်စိပတ်ပတ်လည်က ကြွက်သားတွေဟာ သင့်ကို မတ်တပ်ရပ်နိုင်စေဖို့၊ လမ်းလျှောက်နိုင်စေဖို့ ကျုံ့ပေးရတာဖြစ်တာမို့ နောက်ဆုံးမှာ တည်ငြိမ်မှုမရှိတော့ပဲ အားနည်းနိုင်ပါတယ်။
၂။ ဒေါက်ဖိနပ်စီးခြင်းရဲ့ အဖြစ်များတဲ့ သက်ရောက်မှု လေးခု
ခြေသလုံးကြွက်သားတိုလာခြင်း – အချိန်ကြာလာတာနဲ့အမျှ ဒေါက်ဖိနပ်စီးခြင်းဟာ ခြေသလုံးကြွက်သားနဲ့ ခါးကြွက်သားတွေကို တိုလာစေပြီး နာကျင်မှုနဲ့ ကြွက်သားကျုံ့ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒေါက်ဖိနပ်ဟာ မြင့်ပြီး တင်းကျပ်တာကြောင့် အမျိုးသမီးတွေဟာ Archilles tendon တိုခြင်းကိုလည်း ခံစားရနိုင်ပါတယ်။
ကြွက်သားပင်ပန်းနွမ်းနယ်ခြင်း – ဒေါက်ဖိနပ်မြင့်လေလေ ခြေဖဝါးမြေကြီးနဲ့ ထိနိုင်ဖို့ ဒူးကွေးရလေလေပဲဖြစ်ပါတယ်။ ဒါဟာ ဒူးဆစ်ပေါ်ကို ဖိအားသက်ရောက်မှုများစွာ ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်အလေးချိန်များတဲ့ အမျိုးသမီးတွေမှာ ပိုဆိုးနိုင်ပါတယ်။
ပုံစံပြောင်းလဲခြင်း – ဒေါက်မြင့်ဖိနပ်တွေဟာ ပုံမှန်လမ်းလျှောက်တဲ့ပုံစံကိုပြောင်းလဲစေပြီး Gait cycle ကို သက်ရောက်မှုရှိပါတယ်။ ခြေချင်းဝတ်မှာ ပြောင်းလဲခြင်းဟာ ခြေထောက်အပေါ်ပိုင်းနဲ့ ခါးက ကြွက်သားတွေကို အားအင်လျော့နည်းစေပါတယ်။
သူဟာ ဒူးအတွင်းနဲ့ ပတ်ပတ်လည်က အရိုးတွေခံနိုင်ရည်အားကိုလည်း သက်ရောက်မှုရှိတာမို့ ဒဏ်ရာရရှိမှုလွယ်ကူစေပါတယ်။
ခန္ဓါဗေဒ ပြောင်းလဲခြင်း – နေ့စဉ်ဒေါက်မြင့်ဖိနပ်ကို နှစ်ပေါင်းများစွာ စီးခြင်းဟာ သင့်ရဲ့ ခန္ဓါဗေဒကိုပါ ပြောင်းလဲစေနိုင်ပါတယ်။ ဒေါက်မြင့်ဖိနပ်စီးခြင်းဟာ ကိုယ်ခန္ဓါရဲ့ အလေးချိန်ကို ရှေ့ပိုင်းမှာ သက်ရောက်စေတာမို့ ခါးနဲ့ ဒူးခေါင်းတွေမှာ ဖိအားများစေနိုင်ပါတယ်။
၃။ ဒေါက်မြင့်ဖိနပ်စီးခြင်းနဲ့ပတ်သက်တဲ့ အကြံပေးချက်များ
ဒေါက်မြင့်ဖိနပ်ကို အချိန်ကြာမြင့်စွာ စီးခြင်းမှ ရှောင်ကျဉ်သင့်ပါတယ်။
ခြေထောက်ဖိအားများစွာ မသက်ရောက်မီ ခြေထောက်ကြွက်သားများ ဆန့်ခြင်းကို ပြုလုပ်သင့်ပါတယ်။
နှစ်လက်မအရွယ်ထက် မြင့်တဲ့ ဒေါက်တွေကို မစီးသင့်ပါဘူး။
ဖိနပ်ဝယ်တဲ့ အခါ နေ့လည်ပိုင်းမှာ ဝယ်သင့်ပါတယ်။ ဒီအချိန်မှာ ခြေထောက်အရွယ်အစား အကြီးဆုံးဖြစ်ပါတယ်။
ခြေထိပ်စုနေတဲ့ ဖိနပ်တွေကို မရွေးချယ်သင့်ပါဘူး။
ခြေလဲခြင်းလျော့နည်းအောင် သားရေပြားအောက်ခံပါတဲ့ ဖိနပ်တွေကို ရွေးချယ်သင့်ပါတယ်။
ဖိနပ်ပုံစံ အမြောက်အမြား ဝယ်ပြီး နေ့စဉ် ဖိနပ်တွေကိုလဲလှယ် စီးသင့်ပါတယ်။
သင့်ရဲ့ ဖက်ရှင်ကို နှစ်သက်စိတ်က မတ်တပ်ရပ်နိုင်စွမ်း၊ နာကျင်စွာ ခြေလှမ်းနိုင်စွမ်းတွေကို မဖျက်ဆီးစေသင့်ပါဘူး။ သင့်ခြေဖဝါးတွေဟာ ထောက်ပံ့ပေးတဲ့ အခြေခံအရာတွေ ဖြစ်ပါတယ်။
တကယ်လို့ ခြေထောက်တွေက အဆင်မပြေဘူးဆိုရင် ဘယ်အရာကမှ အဆင်ပြေမှာ မဟုတ်ပါဘူးလို့ Dr. Nevins က ပြောပါတယ်။