သဘာဝတရားကြီးက လူသားတွေအတွက်ကျန်းမာရေးဆိုင်ရာ အံ့မခန်းဖွယ်အကျိုးကျေးဇူးတွေပေးထားပါတယ်။ ချင်း (ဂျင်း)ကလည်း သဘာဝကပေးတဲ့အကောင်းဆုံးသောဆေးစွမ်းတစ်လက်ပါ။ အရာရာတိုင်းကတန်ဆေးလွန်ဘေးဆို သလိုပဲ ဆေးဖက်ဝင်တယ်ဆိုတိုင်းလည်း အတိုင်းအဆမရှိစားသုံးတာမျိုးမဖြစ်သင့်ပါဘူး။ မိမိရဲ့ ကျန်းမာရေး အခြေအနေတွေအပေါ်မှာမူတည်ပြီး အတိုင်းအချင့်နဲ့စားသုံးသင့်ပါတယ်။ အောက်ဖော်ပြပါ ရောဂါရှိသူတွေအတွက် ချင်းက တော်တော်လေးကို အန္တရာယ်ကြီးလှပါတယ်။
ဂျင်း (ချင်း) ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး
ဂျင်းက ခန္ဓာကိုယ်တစ်ခုလုံးအတွက် အကျိုးပြုပါတယ်။ အစာအိမ်အနာတွေကို ကျက်စေနိုင်သလို ကင်ဆာဆဲလ်တွေကိုလည်း သေစေနိုင်ပါတယ်။ အမိုးသားတွေအတွက်လည်း ကျန်းမာရေးကိုကောင်းစေနိုင်ပါတယ်။ ချင်းက ဆေးဖက်ဝင်တယ်ဆိုတာကိုလွန်ခဲ့တဲ့ နှစ်ထောင်ပေါင်များစွာကတည်းက သိရှိခဲ့တာဖြစ်ပါတယ်။
ဘယ်သူတွေ ချင်း (ဂျင်း) မစားသင့်ဘူးလဲ…..
ချင်းကကျန်းမာရေးအတွက် အကျိုးကျေးဇူးများတယ်ဆိုပေမယ့် လူတိုင်းအတွက် ကေင်းလှတယ်တော့ မဟုတ်ပါဘူး။ အောက်ဖော်ပြပါ ဝေဒနာရှင်တွေအနေနဲ့ ချင်းစားသုံးမှုကို လုံးဝရှောင်ကြဉ်တာမျိုးဖြစ်ဖြစ် ဒါမှမဟုတ် အတိုင်အချင့်နဲ့စားသုံးတာမျိုးဖြစ်ဖြစ်လုပ်ဆောင်သင့်ပါတယ်။
သွေးခဲဆေးသောက်သုံးနေရသူတွေ
ချင်းက သွေးကိုကျဲစေနိုင်စွမ်းရှိတာကြောင့် သွေးမတိတ်တဲ့ ဝေဒနာရှိတာကြောင့် သွေးခဲဆေးသောက်သုံးမှီဝဲ နေရသူတွေအနေနဲ့ ချင်းစားသုံးမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ အချို့သောဖြစ်ရပ်တွေမှာ ချင်းကဆေးအာနိသင်ကို လျော့ပါးစေနိုင်တာကြောင့် ချင်းစားသုံးတဲ့ အခါ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာစားသုံးသင့်ပါတယ်။
ဆီးချိုဆေးမှီဝဲနေရသူတွေ
ချင်းက သွေးတွင်းသကြားဓာတ်ကိုလျော့ကျစေနိုင်စွမ်းရှိပေမယ့် မက်ဖော်မင်နဲ့အင်ဆူလင်လိုမျိုးဆီးချိုဆေး သောက်သုံးနေရသူတွေအနေနဲ့ ဆေးအာနိသင်ကို လျော့ပါးစေနိုင်တာကြောင့် ချင်းမစားသုံးသင့်ပါဘူး။
ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တော်တဲ့ အတိုင်းအတာလောက်ပဲစားသုံးသင့်ပါတယ်။ သွေးချိုတအား ကျဆင်းသွားနိုင်တာကြောင့်လည်း ချင်းစားသုံးမှုကို ရှောင်ကြဉ်သင့်တာဖြစ်ပါတယ်။
သွေးတိုးကျစေဖို့အတွက် သောက်သုံးရတဲ့ ဆေးတွေကိုမှီဝဲနေရသူတွေအနေနဲ့လည်း ချင်းကိုမစားသုံးသင့်ပါဘူး။ ချင်းက သွေးတိုးကျဆေးအချို့နဲ့ ဓာတ်ပြုနိုင်တာကြောင့်ဖြစ်ပါတယ်။ ချင်းနဲ့ သွေးတိုးကျဆေးတို့ဓာတ်ပြုတဲ့အခါ နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို အန္တရာယ်ရှိတဲ့ အခြေအနေလောက်အထိကျဆင်းစေတာမျိုးဖြစ်ပေါ်စေပါတယ်။ နောက်ဆက်တွဲဒေနာတွေကိုတောင်ဖြစ်ပေါ်စေနိုင်ပါတယ်။ နှလုံးခုန်မမှန်တာမျိုးလည်းဖြစ်ပေါ်ခံစားရနိုင်ပါတယ်။
သွေးကျဆေးသောက်နေရသူတွေအနေနဲ့ ချင်းမစားခင် ဆရာဝန်နဲ့အရင်တိုင်ပင်ပါ။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းစားသုံးပေးပါ။
သည်းခြေကျောက်တည်မှုကိုခံစားရနိုင်ခြေရှိသူတွေအနေနဲ့ ချင်းစားသုံးမယ်ဆိုပါက ရောဂါအခြေအနေက ပိုမိုဆိုးရွားသွားနိုင်ပါတယ်။ သည်းခြေအိတ်မှာ သည်းခြေကျောက်တည်တာမျိုးဖြစ်လာနိုင်ပါတယ်။ သည်းခြေကျောက်တွေက သည်းခြေပြွန်တလျှောက်စီးပါသွားရင်း သည်းခြေရည်တွေကိုအသည်းဆီ ကိုရောက်ရှိသွားစေနိုင်ပါတယ်။ ချင်းက သည်းခြေရည်ထုတ်လွှတ်မှုကိုတိုးစေနိုင်ပါတယ်။
ဒီအခြေအနေက သည်းခြေကျောက်ပိတ်ဆို့မှုကိုဖြစ်ပေါ်စေပြီးဆိုးရွားလှတဲ့ နာမကျန်းဖြစ်မှုကိုဖြစ်ပေါ်စေ နိုင်ပါတယ်။သည်းခြေရည်များလွန်းတာက သည်းခြေကျောက်ဖြစ်နိုင်ခြေကို တိုးစေနိုင်တာကြောင့် သည်းခြေကျောက်တည်နိုင်ခြေရှိသူတွေအနေနဲ့ ချင်းမစားသုံးသင့်ပါဘူး။ စားမယ်ဆိုပါက ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ချင်းစားသုံးသင့်သလားဆိုတာကို သေသေချာချာသိရတာမျိုးမရှိပေမယ့် ဆိုးကျိုးဖြစ်နိုင်သလားဆိုတာကိုလည်းရေရေရာရာမသိရသေးပါဘူး။ လေ့လာမှုတော်တော်များများမှာတော့ ချင်းစားသုံးတာက သန္ဓေသားရဲ့ လိင်ပိုင်းဆိုင်ရာဟော်မုန်းကို ထိခိုက်စေနိုင်တယ်လိ့ဆိုပါတယ်။
ချင်းက သွေးထွက်မှုကိုများစေနိုင်တာကြောင့် မီးဖွားမယ့်ရက်နီးတဲ့အခါ မစားသုံးသင့်ပါဘူး။ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ချင်းစားသုံးမယ်ဆိုပါက ဆရာဝန်တွေနဲ့အရင်တိုင်ပင်သင့်ပါတယ်။
စားသုံးသင့်တဲ့ပမာဏ
-အထက်ပါရောဂါဝေဒနာတွေမရှိတဲ့သာမန်သူတွေအနေနဲ့ ချင်းကို တစ်နေ့ ၄ ဂရမ်သာစားသုံးပေးသင့်ပါတယ်။
-ကိုယ်ဝန်ဆောင်တွေအနေနဲ့ တစ်နေ့ကို ၁ ဂရမ်ထက်ပိုမစားသင့်ပါဘူး။